ရုပ်သေရှုခင်းပုံကို လှုပ်ရှားမှုဖြစ်ပေါ်အောင် ဖန်တီးပေးတဲ့
ဆော့ဖ်ဝဲတစ်ခုဖြစ်ပါတယ်။ ရေတံခွန်ကနေ ရေတွေ တသွင်သွင်စီးကျတာ၊ ရေလှိုင်းတွေ
လှုပ်ရှားတာ၊ မိုးတွေရွာ၊ နှင်းတွေကျတာတွေကို အသံနဲ့ပါ
သရုပ်ဖော်ပေးနိုင်ပါတယ်။ Computer User မှာ Nature Illusion Studio v3.11
နဲ့ Animated Wallpaper Maker v2.4.1 ဆော့ဖ်ဝဲအမည်နဲ့ လည်း လာတယ်။
အခုဆော့ဝဲလ်က Life Photo Maker v.50 free edition ဖြစ်ပါတယ်။ WonderBit
Software (http://www.wonderbit.info)က ထုတ်လုပ်ပြီး တချို့ effect တွေကို
အပြည့်အ၀မသုံးနိုင်တာကလွဲရင် တကယ့်ကို အခမဲ့သုံးနိုင်ပါတယ်။
Life Photo Maker ဟာ အဓိကအားဖြင့် ရေ၊ ရာသီဥတုနဲ့ အသံ (water, weather,
sound effect) တို့ကိုသာ ပြောင်းပေးတယ်ဆိုပေမယ့် သဘာဝရှုခင်းပုံအတွက်
လှုပ်ရှားမှုက ပြည့်စုံပါတယ်။ ရေလှုပ်ရှားမှုဆိုရင် effects ၆ မျိုး
ပါဝင်ပါတယ်။ ဆီးနှင်း ဒါမှမဟုတ် မိုးရွာတဲ့ effects ဆိုရင်လည်း
မိုးစက်အရေအတွက်၊ မိုးစက်ရဲ့အလျား၊ လေတိုက်နှုန်း၊
မိုးရွာတဲ့အရှိန်စတာတွေကို ချိန်ညှိပေးနိုင်ပါတယ်။ အသံ effects မှာ 8
channels အထိ ထည့်နိုင်ပါတယ်။ နောက်ခံ တေးဂီတလည်း ထည့်နိုင်ပါတယ်။
အဲဒီဖန်တီးထားတဲ့ ပုံကို executable (.exe),screensaver
(.ser),GIF(.gif),AVI(.avi)formats များသို့ ပြောင်းသိမ်းနိုင်ပါတယ်။
Categories:
software