ရွှေမင်းသမီး

w
Facebook
RSS

Webnode ဖြင့် Websiteပြုလုပ်နည်း

Website ပြုလုပ်နည်းတခု ဆက်လက် ရေးသားပရစေ
Freeဖြစ်ပေမယ့် ပထမဖော်ပြခဲ့တဲ့ Wix လောက်  Full Controlမရပါဘူး
Ok စရအောင်  ဒီနေရာကို ကလစ်ပါ
ပေးထားတဲ့ Forumကို အရင်ဖြည့်ပြီး Sign Upလိုက်ပါ ဒီအဆင့်က တော့ ဘယ်ဆိုဒ်မဆိုလိုမှာပါ  User အသစ်ပြုလုပ်တာဘဲလေ ကျနောကတော့ Userဖြစ်ပြီးသားမလို့ Sign in၀င်လိုပါမယ်
ကျနော်က Webnodeရဲ့ Userဖြစ်ပြီးသားမလို့ ဒီအဆင့်ကို တမ်းရောက်တာပါ ခဗျားတို့တော့ အဆင့်နည်းနည်းဖြတ်သန်းရပါ လိမ့်ဦးမယ် အခုပုံပါ အဆင့်ရောက်ရင် manage websiteကို ကလစ်လိုက်ပါ
Start to edit ကို ထပ် Click ပါ Clickမလုပ်ခင် Side Barမှာပြထားတဲ့ ကျနောတို့ ရရှိမယ့် webnodeရဲ့ အခွင့်လမ်းတွေကို အရင် ဖတ်ကြည့်ပါ ကလစ် လုပ်ပြီးရင်တော့ မိမိ ရွေးထားတဲ့ Templateနဲ့အတူ မိမိရဲ့Websiteကြီး ထင်းထင်းကြီး ကို ပြုးပြင်ရန် စတင် မြင်ရပါပီ


1. Site Editing Menu
      ကျနော် တို့ websiteအတွက် Contentအသစ်ထည့်တာ(Text,Picture,Poll,etc...)
        Templateပြောင်းတာ Fornt Style Changeတာ Header,Footer,Site back Groundပြောင်းတာတွေကို လုပ်မယ်ဆို အသုံးပြုနိင်ပါတယ်

2.  Edit Menu
         Menuဆိုတာ Website တခုမှာ ပါဝင်တဲ့ အရေးကြီးတဲ့ အစိတ်အပိုင်း Navegation barတခုပါ။
 ထို Menu Barမှာ Page အတိုးအချဲ့ ၊ External Webpage တွေကို Link ချိတ်ရာမှာ အသုံးပြုနိင်ပါတယ်

3. Body Content Edit
           Webpage တခုလုံးမှာ No3.ကဲ့သို့သော် Setting keyလေးတွေ အများကြီးရှိပါတယ် ထို keyကို Clickပြီး  text paragraphတွေ Photoတွေကို ပြုပြင်ရေးသားနိင်ပါတယ်

4. Close
            Website Editလုပ်ချင်း ရပ်နားဖို့အတွက်ပါ Website Auto Save ပါ


အခုဆက်ပြီးတော့ websiteအပေါ်ဆုံးမှာရှိတဲ့ Menu Bar ကို ပြင်ကြရအောင်

     Menu

Pageတခုကို ပြင်မယ် ဖျက်မယ် အပေါ်အောက်နေရာရွေ့တာတွေကို ပြုလုပ်နိင်ပါတယ်
 Passwordချနိင်သလို Search Engineတွေ အလွယ်တကူရှာမတွေ့ နိင်အောင် Hideလုပ်နိင်ပါတယ်
ကျနောတော့ Blogတခုထဲ ချန်ပြီး အကုန် ဖျက်ပြီးပါတယ် ကျနောက Main websiteအတွက် Pageခွဲတခု Sub-Page အနေနဲ့ သုံးရုံသတ်သတ်ပါ

Text & Paragraph

     Body Textပြင်ဖို့ အထက်ကပုံမှာ ပြခဲ့ပြီဖြစ်တဲ့ No.3 ကို Clickလိုက်ပါ
    
ကလစ်လိုက်ရင် အပေါ်ပုံအတိုင်းပေါ်လာပါလိမ့်မယ်
  စာသားတွေကို Selectပေး ပြီး Deleteလုပ်ပြီး မိမိစာသားကို ဖြညိ့စွက်ရေးသားလို့ရပါတယ်
ပီးရင်တော့ Saveပေါ့  ကျန်တာတွေ ကလိ ကြည့်ပါဦး
 အခု တခြား Articleတွေ ထည့် ဖို့ ပြောပါမယ်

 Facebook Page Like Box

                

 ပုံထဲက အတိုင်း More>Social>Facebook Page Pluginကိုရွေးပါ


ပြီးရင် ပုံ ပြထားတဲံအတိုင်း Facebook page Link ဖြည့်ပြီး ok ပေးပါ


 ဒီလောက်ဆို အားလုံး အဆင်ပြေမယ်ထင်ပါတယ် ဆက်လက် ကလိနိင်ကြပါစေဗျာ

 ယခု ခဗျားတို့နဲ့ အတူ လုပ်တဲ့ ဆိုဒ်ကတော့
    http://95blogger.webnode.com/ ပါ  အစမ်း ကြည့်ကြည့်ပါ
[ Read More ]

Wixဖြင့် websiteရေးသားနည်း

အခုပြောပြမယ့် ဆိုဒ်လုပ်နည်းကwix ဆိုတဲ့ Free Hostကနေလုပ်တဲ့ နည်းဖြစ်ပါတယ်
ဆိုဒ်ကို Publishလုပ်ပုံ အထိဘဲ ရေးသားမှာ ဖြစ်ပြီး ပြုပြင်နည်းတွေကို Postတခုချင်းစီရေးသားပေးပါ့မယ်
www.wix.comကို သွားလိုက်ပါ

ခနစောင့်ပါ
မိမိ websiteအတွက် Catigoryတခုကိုရွေးပေးပါ
ရွေးပီးရင် Go ကို ကလစ်ပါ ပီးရင် Templateရွေးရမယ့်အဆင့်ရောက်ပဲါပီ 
Templateတခုကိုရွေးလိုက်ပါ Editကို နှိပ်ပီးတော့ပေါ့
Make a Free Website Using Wix Step 3.jpg
Templateရွေးပြီးလျင်အောက်ကအဆင့်မှာ ခန ကြာတတ်ပါတယ် ၃မိနစ်လောက်စောင့်ပါ
Make a Free Website Using Wix Step 4.jpg
အခုတော့ဆိုင်္ဒကို မိမိရွေးထားတဲ့ Templateပေါ်မူတည်ပြီး ပြင်ဆင်လို့ရပါပီ အခုကျနောရွေးထားတဲ့
Templateနဲ့တော့ မတူလောက်ပါဘူး ဘယ်ဟာက ဘလိုဆိုတာ ရှင်းပြပါဦးမယ် အခု သင်ဖတ်နေတဲ့ website ရေးဆွဲနည်းပိုစ်က ဆိုဒ်တခုရအောင်အထိဘဲရေးသားမှာပါ နောက် ပိုစ်တွေမှ ဆိုဒ်မှာ စာရေးမယ်
ပုံတင်မယ် Slide Show ထည့်မယ်စတဲ့ ပြင်ဆင်နည်းတွေရေးသားပေးပါမယ်

အပေါ်ပုံကိုကြည်ပါ မိမိရွေးထားတဲ့ Templateကို ပြင်ဆင်ဖို့ toolsတွေနဲ့ အသင့်စောင့်နေပုံကိုတွေရပါမယ် ဘာမှမလုပ်ပါနဲ့ ဦး Siteကို အရင်ဆုံး အတည်ဖြစ်အောက် Publish
လုပ်လိုက်ပါ နောက်ပြင်ဆင်မယ့် အဆင့်တွေကို ပြောပြပါမယ် မိမိ စိတ်ကူး ရှိတယ်ဆိုလဲ ပြင်ဆင်ကြည့်ပါ



  1. Make a Free Website Using Wix Step 6.jpg
  2. Publishကို ကလစ်လိုက်တာနဲ့ အောက်ပါ အတိုင်း သင့် websiteလိပ်စာကို ဖန်တီးခိုင်းပါ
    လိမ့်မယ် သူအောက်မှာ နမူနာ ပေးထားတဲ့ အတိုင်း ရေးလိုက်ပါ
    Make a Free Website Using Wix Step 7.jpg
    ဆိုဒ်Name ရေးပီးရင်တော့ Publishမလုပ်ခင် မိမိ websiteကို တခြားလူတွေ ကြည့်ရှုလို့ရအောင် Domainရေးခိုင်းပါတယ် Domainက ဘာလဲ ဆိုတာကို လဲ ကျနော ရှင်းပြထားပါတယ်

ကဲပိးပါပီး Save and Continueကို နှိပ်လိုက်ပါ


REad more About WIX

1.  Best Footer Design FOR Wix user
2.  Header Imageကို Fixedထားခြင်း
 Credit to >>>>
http://95blogbook.blogspot.com/2015/09/wix-website.html
 
[ Read More ]

မောင်ပိန်


ဒီ အကြောင်းကိုရေးမယ်ရေးမယ်နဲ့
ခုမှပဲရေးဖြစ်တော့တယ်---။
ကြာရင်လူငယ်တွေမသိတော့ဘဲ
ဖြစ်ကုန်မှာ----။

ဘာအရာနေနေ သမိုင်းကြောင်းက
နောက်ဆက်တွဲရှိပြီးသား---။
သမိုင်းနဲ့ ကင်းလို့ကိုမရဘူး။
တို့လူငယ်တွေ သမိုင်းကြောင်းမသိဘဲ
အတီးအတဖြစ်နေရင် နိုင်ငံတော်ပဲ နစ်နာမှာ--။
သာယာဝတီမင်းနတ်ရွာစံလို့
ပုံဂံမင်းနန်းတက်လာတယ်--။
သာမန် အဖေသေလို့ သားမင်းဖြစ်တာ---။
လုပ်ရိုးလုပ်စဉ်အတိုင်းပဲ----။
မင်းပြောင်းမင်းလွဲတွေမှာက နဂိုရှိရင်းရာထူးကနေပြုတ်တာရှိသလို ထပ်မြင့်သွားတာလည်းရှိတယ်----'။
ဘယ်လိုပဲနေနေ နေရာရလာတာက တက်လာတဲ့ဘုရင်မင်း မင်းသားဘဝက
အမှုထမ်းခဲ့တဲ့ အိမ်တော်ပါ ငယ်ကျွန်တွေပဲ။
အဲဒီအထဲမှာ အိမ်တော်ပါအမှုထမ်း
ဘိုင်ဆပ်လည်း ပါတယ်ဗျ---။
ဘိုင်ဆပ်ကိုချီးမြင့်တာလွန်ကဲပြီး မြို့ဝန်ရာထူးပါပေးလိုက်တော့
ဇာတ်လမ်းကစတော့တာပဲ---။
ပုဂံမင်းလက်ထက်မှာ မြို့ဝန်နှစ်ယောက်ရှိပြီး
အဲဒီအပေါ်မှာ ဘိုင်ဆပ်ကို မြို့ဝန်ထပ်ခန့်ခဲ့တယ်--။
မြို့ဝန်ရာထူးဆိုတော့ အာဏာလည်းကျယ်ပြန့်လာတယ်။
မြို့ဝန်ဆိုတာရှိမှတော့ မြို့စာရေးတွေလည်းပါလာတာပေါ့။
ဘိုင်ဆပ် လက်သပ်မွေးလိုက်တာက
တပည့်ကျော် ငပိန်-----။
အရင်ကတော့ ငမျောက်ငခြောက်။
ခန့်ပြီးနှစ်အနည်းငယ်အတွင်းမှာ သဌေးကြီးဦးပိန်၊မြို့စာရေးကြီး
ဦးပိန်ဖြစ်လာတော့တာပေါ့။
ပုဂံမင်းမှာက မင်းသားဘဝထဲက ခါတွေချိုးတွေအကောင်ပလောင်တွေမွေးတဲ့ ဝါသနာကရှိတော့ ဘိုင်ဆပ်ကလည်း အဲဒီ
အလုပ်မှာကျွမ်းကျင်သူ----။
ဒါနဲ့ပဲမြို့ဝန်ရာထူးရလာတာ။
ဘုရင်ကိုဒီငှက်ကလေးတွေက
မြေခွေးပုရစ်လေးတွေကျွေးရင်
အသက်တစ်နှစ်ပိုရှည်ပါတယ်လို့
ပေါက်တတ်ကရလျောက်လည်း
ဘုရင်ကလက်ခံပြီး မြေခွေးပုရစ်တွေ မြို့အနှံမှာရှာစေတယ်----။
ဘိုင်ဆပ်နဲ့မောင်ပိန်ရဲ့အကြိုက်ပေါ့---။
ကလိန်ကကျစ်ဥာဏ်တွေနဲ့
တစ်ခုလုပ်ရင် အလုပ်ငါးခုလောက်ပြီးမယ်ဆိုတဲ့ ဥာဏ်တွေပါထွက်လာတယ်---။
မြန်မာတွေမှာက ရှေးခေတ်က ဘဏ်တွေမရှိသေးတော့
အိမ်အောက်တွေမှာပဲ အိုးနဲ့ ရွှေတိုရွှေစ
တန်ဖိုးရှိတာတွေ မြုပ်ကြတာကိုး---။
ဒီအချက်ကို ဘိုင်ဆပ်တို့ကလည်းသိတယ်--။
မောင်ပိန်ကလည်းနောက်ကနေ အကြံတွေပေး---။
မြေခွေးပုရစ်ဆိုတာ တွင်းအောင်းသတ္တဝါကိုး--။
ဘုရင်အမိန့်နဲ့မြေခွေးပုရစ်ရှာမယ်ဆိုပြီး
မြို့တော်က အိမ်တွေမှာရှာတယ်။
ဘုရင့်အမိန့်ဆိုတော့ ဘယ်ပြောရဲမှာတုန်း--။
မြေလှန်ရှာမှတော့
မြုပ်ထားတဲ့ရွှေအိုးတွေထွက်လာ
ဘိုင်ဆပ်တို့ ဆရာတပည့်တွေကသိမ်းပိုက်---။
မြို့တော်ကြီးမှာ ပွဲတော်ကြီးကိုဖြစ်လို့---။
မတည့်တဲ့အိမ်ဆို အရင်ရှာ။
နောက်ပိုင်းမှာ ချမ်းသာတဲ့လူတွေ
က ကိုယ့်အိမ်ကိုမရှာအောင် လဘ်ထိုး---။
ရလိုက်တဲ့ပိုက်ဆံ---။
ဒီလူတွေမှ မချမ်းသာရင်ဘယ်သူချမ်းသာမှာတုန်းဗျ--။
အိမ်တွေကိုရှာရင်းနဲ့သမီးပျိုရှိတဲ့အိမ်တွေမှတ်--။
နောက်နေ့မှာငွေလမ်းခင်းပြီး
အတင်းဖျက်စီး---။
အတင်းသိမ်းပိုက်--။
ဒီနှစ်ယောက်လုပ်လို့ မြန်မာအမျိုးကောင်းသမီးတွေပျက်စီးခဲ့ရတယ်ဗျ။
မသေမြို့ကြီးမှာ တိုင်းသူပြည်သားတွေက ဒီနှစ်ယောက်လုပ်လို့ ပူဆွေးရ၊ငိုကြွေးကြနဲ့
ဖြစ်နေပါတယ်---။
မှူးမတ်တွေကသိပေမယ့်လည်း
ဘုရင် ဒေါသထွက်မှာစိုးလို့ မလျောက်ရဲကြဘူး---။
အိမ်တော်ပါငယ်ကျွန်ကြီးကိုး---။
နောက်ပိုင်းမှာဘယ်လောက်တောင်ဖြစ်လာလည်း
ဆိုတော့နန်းတော်တွင်းမှာပါ
ဝင်ရောက်ချယ်လှယ်လာပါတယ်---။
ဘုရင်မျက်နှာသစ်တော်ရေ ကျတာနဲ့
အရင်တွေ့ခွင့်ရှိတာ ဘိုင်ဆပ်ပဲဖြစ်နေတာကိုး--။
အဲဒီအချိန်မှာ ဘိုင်ဆပ်က သူနဲ့မတည့်တဲ့သူတွေ ဂုန်းချော၊တိုင်းပြည်ကိစ္စတွေပြော အဲလောက်ထိကို
ဘုရင် ကယုံခဲ့တာ---။
မင်းသားကြီးတွေမှူးမတ်တွေမှာ ဘုရင်နဲ့တွေ့ဖို့ ဘိုင်ဆပ်ဆီ သတင်းအရင်မေးရလောက်အောင် တန်ခိုးထက်လာပါတယ်---။
ဘိုင်ဆပ်ဆီကနေ အမှုအခင်းဖြစ်တဲ့လူတွေကလာဘ်ထိုး။
ဘိုင်ဆပ်က ဘုရင်ကိုလျောက်ပေးနဲ့ အာဏာကလည်း ကျယ်ပြန့်လာပါတယ်။
အမှုဖြစ်ရင် ဘိုင်ဆပ်ဆီ အရင်ပြေးကြတော့တာပဲ။
တစ်နေ့ရောက်တော့ ငပိန်က အင်းဝမြို့ဟောင်းကြီးကိုသွားပြီး သတိရတော့တယ်။
မြို့ဟောင်းကြီးကနေ သူတို့အတွက် ဘာရနိုင်လဲပေါ့--။
ဘကြီးတော်နန်းစံစဉ်ဆောက်လုပ်ခဲ့တာပါ---။
တော်တော်လေးကြီးကျယ်ခမ်းနားခဲ့တော့ ဖန်နန်းရှင် ဘွဲ့ကိုတောင်ရခဲ့တာပါ--။
ခုကျွန်တော်တို့နိုင်ငံမှာပြစရာနန်းတော်ကြီးတွေထဲက တစ်ခုအပါအဝင်ဖြစ်တဲ့ အင်းဝနန်းတော်ကြီးက ဘိုင်ဆပ်နဲ့မောင်ပိန် လက်ချက်ကြောင့် နန်းဆောင်တွေပျောက်ခဲ့ရတာ။
မန္တလေးနန်းတော်ကြီးက မဟာမိတ်တပ်တွေလက်ချက်ကြောင့် ပြာပုံဖြစ်ခဲ့ရတာ-။
ကျွန်တော်ကတော့ စဉ်းစားရင်းနဲ့
ကိုမကျေနပ်နိုင်ဘူး--။
အင်းဝနန်းတော်ကြီးမှာက ကျွန်းတိုင်ပေါင်း ထောင်ကျော်တယ်။ကျွန်းသားပျဉ်ခင်းတွေက ထုလေးလက်မရှိတယ်။ဒီဟာတွေကို မောင်ပိန်က မျက်စိကျပြီး သူ့ဆရာဘိုင်ဆပ်ကို ဘုရင်ဆီ လျောက်ခိုင်း။ဘယ်လိုလျောက်ခိုင်းလဲဆိုတော့------
"တစ်ဘက်ကမ်းက ဘိုးတော်ဘုရားကောင်းမှုကျောက်တော်ကြီးဘုရားနဲ့ တစ်ဖက်ကမ်းက ဘကြီးတော်ကောင်းမှု ပုထိုးတော်ကြီးဘုရားကို တိုင်းသူပြည်သားလွယ်လွယ်ကူကူဖူးရအောင် တံတားဆောက်ချင်ပါတယ်"တဲ့----။
ဘုရင်ကလည်းကုသိုလ်ရေးဆိုတော့
ဖျက်စေဆိုတော့ ဘိုင်ဆပ်တို့ မောင်ပိန်တို့ တပည့်တွေနဲ့ပျော်ပျော်ကြီး လှော်ကြတော့တာပေါ့---။
ဘကြီးတော်ရဲ့ အင်းဝနန်းတော်ကြီးလည်း
ခနနဲ့ စုတေပြီး ဘဝပျက်တော့တာပဲ---။
အဲဒီထဲကမှ တိုင်ကြီးတိုင်ကောင်းတွေ
ပျဉ်ကောင်းတွေတခြားထွက်လာတဲ့အရာတွေကို ဘိုင်ဆပ်နဲ့မောင်ပိန်ကဘုံးပါတယ်---။
လက်ရှိ တောင်သမန်တံတားနေရာရောက်လာတဲ့ တိုင်တွေကတော့ တိုင်ပိန်တိုင်ညောင် ပျဉ်ပိန်ပျဉ်ညောင်တွေပဲဖြစ်ပါတယ်-----။
ဒီနေ့ခေတ်မှာ ကမ္ဘာကတောင်
သိတဲ့တံတားကြီးဟာတကယ်တော့ ဘကြီးတော်နဲ့ပုဂံမင်းရဲ့ကောင်းမှုပါ---။
မောင်ပိန်တို့ကတော့
ကိုယ်ကျိုးကြည့်ပြီးဆောက်ခဲ့တာပါ----။
ကောင်းတဲ့ဘက်ကကြည့်ရင်တော့
ဒီဘက်ခေတ်မှာ ပြစရာကျန်ပြီး
သမိုင်းအမွေအနှစ်ကျန်ပါတယ်---။
ကမ္ဘာကတောင်သိပါတယ်--'။
မကောင်းတဲ့ဘက်ကကြည့်ရင်တော့
တံတားကြီးထဲမှာ
ဒီနှစ်ယောက်လုပ်လို့
ကျခဲ့တဲ့ ပြည်သူတွေရဲ့မျက်ရည်တွေပါနေမှာပါ---။
တံတားကိုရောက်တိုင်းသမိုင်းကိုပြန်သတိရပြီး တောက်ခေါက်မိပါတယ်---။
လျောက်ချင်စိတ်တောင်မရှိဘူး---။
စိတ်ယုတ်မာနဲ့
ဆောက်ခဲ့တဲ့တံတားဖြစ်နေလို့--။
ဒါကြောင့် တောင်သမန်တံတားလို့ပဲ
ခေါ်သင့်တယ်---။
ဒါကြောင့်လူငယ်တွေ တံတားကိုရောက်ရင် ဓာတ်ပုံရိုက်၊လမ်းလျောက်၊ဂုဏ်ယူတာကယူပါ--။
သမိုင်းကိုတော့မမေ့ကြပါနဲ့ ဗျာ။
သမိုင်းကိုတန်ဖိုးထားချစ်မြတ်နိုးသူများဖြစ်ကြပါစေ။
သုခ
အကိုးအကား
ဒဂုန်ခင်ခင်လေး-ရတနာပုံ၏နိဒါန်းနှင့်နိဂုံး
PHOTO -ကိုBkg
[ Read More ]

နည်းစနစ်ကျကျအရက်သောက်နည်း :-P

နည်းစနစ်ကျကျအရက်သောက်နည်း

၁ ။ ည၆ နာရီနောက်ပိုင်းမှာသောက်ပါ ည၁၀ နာရီလောက်ဆို တော်သင့်ပါပြီ အိပ်ချိန်အတွက်လုံလောက်တဲ့အချိန်ပမာဏ ယူသင့်ပါတယ်
၂ ။ အမြည်းများများစားပေးပါ အမြည်းကသင့်အစာအိမ်အတွက်အကာအကွယ်ကောင်းတစ်ခုဖြစ်လို့ပါပဲ
၃ ။ ရေများများရောပါ ရေကအရက်ကြောင့်ရင်ပူခြင်းနဲ့ အဆိပ်အတောက်ဖြစ်စေမဲ့အရာများကိုခြေဖျက်ပေးပါလိမ့်မယ်
၎ ။ မကြာခဏဆီးထသွားတက်အောင်လေ့ကျင့်ထားပါ ဆီးသွားမှကျောက်ကပ်ထဲက အဆိပ်ပမာဏနဲနိုင်သမျှနည်းအောင် လုပ်ယူလို့ရမှာပါ
၅ ။ ရေခဲသုံးပါ ရေခဲက ခန္ဓာကိုယ်တွင်းအပူကိုခဏမျှသက်သာစေလို့ပါ
၆ ။ အစာကြေလွယ်သော အမျှင်ဓါတ်ပါသောအစားအစာများကိုသာမြည်းပါ အကြောင်းကတော့မနက်မိုးလင်းတာနဲ့ ဝမ်းသွားလျှင် ညပိုင်းစားထားသမျှတွေ စွန်ပြစ်စေချင်လို့ပါပဲ
၇ ။ မနက်ပိုင်းအရက်သောက်တက်သောအကျင့်ကိုရှောင်ပါ တကယ်လို့သောက်နေပြီဆိုရင် အရက်စွဲရောဂါဖြစ်နေပါပြီ ကုသမှုကိုခံယူပါ
အရက်စွဲနေရင်တော့ . . .
အရက်အလွန်အကျွံ သောက်ရင် အရက်စွဲပြီး အရက်နာ ကျတတ်တယ်။ ကိုယ် အလေးချိန် နည်းသူတွေမှာ ခန္ဓာကိုယ်တွင်း အရည်ပမာဏ လျော့နည်း သွားတတ်တယ်။ ဒီလိုလူတွေနဲ့ အဆီမပါတဲ့ တစ်သျှူးနည်းပါးသူတွေဟာ အရက်ကို ခံနိုင်ရည်မရှိဘူး။ အင်ဇိုင်းနည်းပါးတဲ့ အမျိုးသမီးနဲ့ လူငယ်တွေမှာ အရက်ကြောင့် ကျန်းမာရေး ယိုယွင်းနိုင်တယ်။ အရက်စွဲခြင်း အရက်စွဲသူရဲ့ လက္ခဏာတွေ ကတော့ ရေဓာတ် ခန်းခြောက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ပျို့အန်ခြင်း၊ ချာလည်မူးဝေခြင်း၊ စိတ်ဓာတ် ကျခြင်း၊ ဝေဒနာပြင်းထန်ရင် ကြွက်တက်ခြင်း၊ ထင်ယောင် ထင်မှားဖြစ်ခြင်း၊ ညအချိန်၌ အိပ်မပျော်ခြင်း၊ အသည်းအဆီဖုံး ရောဂါ ဖြစ်တတ်ခြင်း၊ အသည်းရောင် အသားဝါဖြစ်ခြင်း၊ နာတာရှည် အသည်းရောင်ခြင်း၊ အသည်းကြွပ်ဆတ်နာ၊ အသည်းကင်ဆာ အထိဖြစ်ခြင်းနဲ့ စိတ်ကျရောဂါ ဖြစ်ခြင်းတို့ဖြစ်တယ်။ အရက်နာမကျအောင် အရက် မသောက်မီ နွားနို့တစ်ခွက်နဲ့ ကြက်ဥ အစိမ်းတစ်လုံး ဖောက်သောက် သင့်တယ်။ အရက်သောက်တဲ့အခါ အမြည်းများများ စားပြီး ရေများများ သောက်သင့်တယ်။ အရက်နဲ့ အချိုရည် တွဲသောက်သင့်တယ်။ စနစ်တကျ မှတ်ပုံတင် ထားခြင်း မရှိတဲ့အရက် (ချက်အရက်၊ မှောင်ခိုဝင်လာတဲ့အရက်) များ ရှောင်သင့်တယ်။
ဗီတာမင် ဆေးသောက်ဖို့လိုသလို ဆီးရောဂါမဖြစ်အောင် ဆီးအောင့်ထားခြင်း မပြုလုပ်ရပါ။ ဆီးနည်းခြင်း၊ ဝမ်းချုပ်ခြင်း မဖြစ်စေရပါ။ အရက်စွဲလာပြီ ဆိုရင်တော့ အရက်ဖြတ်ဆေး သောက်ဖို့လို တယ်။ များသောအားဖြင့် စီပီဇက်သောက်ဆေး နှစ်လုံးကို နှစ်ကြိမ်နဲ့ အိပ်ဆေးဗေလီယံ တစ်ခုခု နှစ်လုံးတွဲ သောက်သင့်တယ်။ အချိန်ပိုနေတယ် ဆိုရင်တော့ ဘာသာရေး လိုက်စားခြင်း၊ အားကစား သို့မဟုတ် လူမှုရေး အလုပ်တစ်ခုခု လုပ်နေသင့်တယ်။ အစားအစာ ပုံမှန်အားဖြင့် အရက်မှာပါတဲ့ အယ်လ်ကိုဟောနဲ့ ပါဝင်ပစ္စည်းများဟာ ရေဓာတ် ဆုံးရှုံးစေပြီး မလိုလားအပ်တဲ့ အဆီတွေ အသည်းမှာ စုစေတယ်။ သွေးထဲမှာ ကိုလက်စထရော မြင့်စေတယ်။ ခန္ဓာကိုယ်အင်္ဂါ အစိတ်အပိုင်းတွေနဲ့ အဖွဲ့အစည်းတွေမှာ ဆိုးရွားတဲ့ အခြေအနေ ဖြစ်စေတယ်။ အရက်ဖြတ်ရင် သဘာဝသစ် သီး ဖျော်ရည်၊ သံပရာ၊ လိုင်းဂျူးစ်၊ စတော်ဘယ်ရီ ဖျော်ရည် သောက်သင့်တယ်။ ပန်းသီး၊ မုန်လာဥနီ၊ မုန်လာဥဝါ၊ တရုတ်နံနံ၊ သကြားဓာတ် ပါဝင်တဲ့ သစ်သီးဖျော်ရည် သောက်သင့် တယ်။ သွေးထဲ မှာ ဂလူးကို့စ်နည်းရင် သကြားဖြည့်ပေးရမယ်။ အကြံပြုချက် အရက်ဟာ ကောင်းကျိုးထက် အရက်စွဲခြင်း၊ ရောဂါစွဲကပ်ခြင်း စတဲ့ ဘေးထွက် ဆိုးကျိုးများတဲ့အတွက် တတ်နိုင်ရင် မသောက် ဘဲ နေ သင့်တယ်။ အရက်ဖြတ်မယ်ဆိုလည်း စနစ်တကျ ဆရာဝန်နဲ့ပြပြီး ကုသသင့်တယ်။
ကိုးကား '
မြဝတီ
[ Read More ]

Facebook အကောင့် လော့ကျရခြင်း အကြောင်းအရင်းများ

locker
- Friend အသားကုန် Add ခြင်း
ကိုယ်တွေ့ပါ။ Friend ဇွတ် Add ရင်လည်း Facebook က သူငယ်ချင်း Add ခွင့်ကို ရက်အတော်ကြာကြာ ပိတ်ပါတယ်။ နောက် မထင်ရင် မထင်ရင် သလို Message ပို့ခွင့်ပါ ရောရောင် ပိတ်ပါတယ်။
- Message ဇွတ်ပို့ခြင်း
အပေါ်က ပြောတဲ့အထဲကလိုပဲ ပိတ်တတ်သလို၊ Page တွေ၊ မသိတဲ့ သူတွေ  ဆီကို စာဇွတ်ပို့ရင်လည်း Facebook က စာပို့ခွင့်ကိုပါ Block လုပ်ပါတယ်။ ယခုက Mutual friend တွေကိုလည်း message ပိုတဲ့ feature ထည့်ပေးထားပါတယ်။ သို့ပေမယ့် အဲဒါကို ၃ ယောက်အထက်လောက် ပို့မိရင် Lock ကျနိုင်ချေ များသွား ပါပြီ။
- Like ဇွတ်လုပ်ခြင်း
ဒါက ဒီနောက်ပိုင်းက Facebook က ချမှတ်တဲ့ ပေါ်လစီထင်တယ်။ သူငယ်ချင်း တွေထဲမှာ တကယ်ပဲ Like လုပ်လို့ မရအောင် အပိတ်ခံရတာကို လက်တွေ့ မြင်လိုက်ရပါတယ်။ သူတို့က အသားကုန် Like လုပ်ကြတယ်လေ။ ဒါကြောင့် Like ကိုလည်း ပိတ်ပါတယ်တဲ့။
- Group အများအပြား ဝင်ခြင်း
user တစ်ယောက်ကို Group အခု ၂၀၀ ပဲ ဝင်ခွင့်ပေးပါတယ်တဲ့။ အဲဒါ မိုင်ကုန်ပါ။ အချို့ က အဲ့မိုင်ကုန်ကို ကုန်အောင် ဝင်ကြပါတယ်။ ဟိုထဲလည်းပါ၊ ဒီထဲလည်းပါ ဆိုတော့ အကောင့် Log in တောင် တစ်ခါတစ်လေ ကျ ကွိုင်တတ်ပါတယ်တဲ့။
- နာမည်ရင်း အသုံးမပြုခြင်း
ဒါက ဒီလိုရှိပါတယ်။ ကိုယ်ရဲ့   IP တစ်ခု၊ အီးမေးလ်တစ်ခု ကနေ သွားတဲ့ နောတိုင်းမှာ အသုံးပြုတဲ့ User name ကို Track လုပ်ပါတယ်တဲ့။ ဒီအီးမေးလ်နဲ့ပဲ အခြား social network အမျိုးအစား တစ်ခုမှာ နာမည်တစ်မျိုး Facebook မှာ နာမည်တစ်မျိုးနဲ့ ဝင်တာမျိုးကို လက်မခံ ပါဘူးတဲ့။ ပုံသေတော့ မဟုတ်ပါဘူး။ ကျနော်တို့တော့ အဆင်ပြေနေတာပဲ။ နောက်တော့ ဘယ်လိုလာမလဲ မသိပါဘူး။
- Friend များလွန်းခြင်း
Friend များလွန်းအားကြီးရင်လည်း ဖြစ်တတ်ပါတယ်တဲ့။ ဒါကျ ကိုယ်တိုင် မကြုံဖူးတော့ မသိဘူး။
- နေရာ ပြောင်းသုံးလွန်းခြင်း
ဒါကတော့ တကယ်လက်တွေ့ကို ကြုံနေရပါတယ်။ Facebook တင်မကပဲ G Talk တို့လို ဟာတွေလည်း ထိုနည်းတူစွာပါ။ မနေ့က ရန်ကုန် မှာ သုံးတယ်။ နောက်နေ့ စင်္ကာပူရောက်တော့ စင်္ကာပူမှာသုံးတယ်ဆိုရင် Facebook က အကောင့်ကို ကြိမ်းသေပိတ်ပါတယ်။  ပေးလာတဲ့ အကြောင်း ပြချက်က သင်ဟာ ဒီအကောင့် သုံးတဲ့သူ တကယ် ဟုတ်ရဲ့  လား တဲ့။ ပြီးတော့ Security Question တွေ ဇွတ်မေးတော့တာပဲ။ IP Address က ရန်ကုန်နဲ့ စင်္ကာပူ တူမှမတူတာကိုး။ fb အနေနဲ့ ဒီလို layer တစ်ခု ခံပေးထားတဲ့အပေါ် တော်တော်များများ ကွန်ပလိန့် မတက်ပါဘူး။
ဒီမှာ ကိုယ် အကြည့်များ၊အတွေ့များ၊ စကားအပြေားများ၊ Like များ၊ comment များတဲ့ သူတွေရဲ့  ဓာတ်ပုံကိုရွေးခိုင်းတာမျိုးပါ။ ကိုယ့်အနေနဲ့ ဘယ်သူ့ကိုမှ ဂရုမစိုက်အားလို့ ဘယ်သူ့ကိုမှ မကြည့်ပါဘူးဆိုရင်တော့ အကောင့်ရဖို့က ခက်ခဲသွားပါမယ်။ အထူးသဖြင့် Friend များတဲ့ သူတွေ သတိပြုဖို့ပါ။
- Device ပြောင်းသုံးလွန်းခြင်း
ဒီနေ့ အင်တာနက်ဆိုင် တစ်ခုမှာ Windows XP စက်တစ်လုံးနဲ့ သုံးလိုက်တယ်။ ညနေလည်း ရောက်ရော အိမ်က Windows 7 နဲ့ ဖွင့်ပြီဆိုရင် သူကပြောပါပြီ။ သင့်အကောင့်ကို windows XP နဲ့ ရန်ကုန်မှာ ဘယ်သူသုံးသွားပါတယ်ဆိုတာမျိုးပေါ့။ ခဏခဏ အပြင်ထွက်သုံးဖြစ်တဲ့ သူတွေကိုတော့ မမေးပါဘူး။ အလေ့အထ မရှိတဲ့ အကောင့်တွေကိုဆိုရင် ဒီလိုပဲ ဖြဲခြောက်ပါတယ်။
- Poke လုပ်လွန်းခြင်း
Poke အဓိပ္ပါယ်ရှင်းဖူးပြီးသွားပြီနော်။ မသိတဲ့ သူတွေ တစ်ယောက်နဲ့ တစ်ယောက် ခင်မင်မှုရအောင် အပျော်ဆော့လို့ရအောင် Poke ကို ထည့်ထားပေးတာလေ။ သို့သော် ဇွတ် Poke လွန်းရင် အကောင့်ကို ပိတ်ပါတယ်။ မြန်မာပြည်မှာတော့ လုပ်တဲ့သူ နည်းပါတယ်။
- Link များ ရှဲလွန်းခြင်း
ဒါလည်း လက်တွေ့ကြုံရပါတယ်။ Blog တွေ၊ Word press တွေက လာတဲ့ Link တွေကို Facebook ပေါ်ကနေ Transfer လုပ်တာမျိုးကို သူတို့ မကြိုက်ပါဘူး။ Facebook က ဒါကို Security Attack လုပ်မယ့် သူတွေလို့ပဲ များသောအားဖြင့် သတ်မှတ်ပါတယ်။ ဒါကြောင့် Post တွေမှာပဲ ဖြစ်ဖြစ်၊ Message တွေမှာပဲ ဖြစ်ဖြစ် Link တစ်ခုတည်းကိုပဲ အားရပါးရ ပေးနေရင် Security question တွေစပါပြီ။
-Tag လုပ်လွန်းခြင်း
ယခု Facebook ရဲ့  Feature သစ်အရ mutual friend တွေကိုလည်း tag လုပ်လို့ရပါတယ်။ သို့ပေမယ့် ၃ ယောက်ထပ် ပို Tag မိရင် Tab လုပ်ခွင့် ၁၅ ရက် အပိတ်ခံရပြီး အပိတ်မခံချင်ရင် security question ကိုဖြေရပါတယ်။ အဲ့ဒီမှာ မှားရင်တော့ Lock ကျပါပြီ။
- အသက် ၁၈ နှစ်မပြည့်သေးရင်
ဒါလည်း ဖြစ်တတ်ပါတယ်တဲ့။ အမှန်တော့ Facebook က အသက် ၁၈ မပြည့်လည်း သုံးလို့ရပါတယ်။ Under 13 အပေါ်မှာသာ အတားအဆီးတွေ ထားတာပါ။ သို့ပေမယ့် ၁၈ နှစ်အောက်တဲ့သူတွေလည်း သတိထားတဲ့။
- Report အလုပ်ခံရများရင်
ဒါကတော့ တော်တော်များများသိပါတယ်။ Account report အလုပ်ခံရ တာတို့၊ ဓာတ်ပုံ Report အလုပ်ခံရတာတို့၊ comment report အလုပ်ခံ ရတာတို့ အကြိမ်အရေအတွက် များလာရင် အကောင့်ကို Facebook က Block ဖို့ ကြိမ်းသေနေပါပြီ။ ဒီတော့ Security Question တွေ ဆက် တိုက် ဖြေရတော့မှာပေါ့။ ဒါတောင် ရက်တွက်ပြီး စောင့်ရပါသေးတယ်။
- App ဇွတ်သုံးခြင်း
သူများ ဟို App လေးတင်တော့ ကိုယ်လည်း လိုက် click ကြည့်တာပဲ။ ဟို လခ့်လေးတွေ့တော့ ကလစ်ကြည့်လိုက်တာပဲနဲ့ နောက်ဆုံး အကောင့် အပိတ်ခံရတတ်ပါတယ်။
- အခြားအကြောင်းအရာများ

အတော်လေးများတယ်ဗျ။ သို့သော် အပေါ်ကဟာလေးတွေလောက် သိရင် လုံလောက်ပါတယ်။ တကယ့် အီးမေးလ်အသုံးမပြုတာတို့၊ ကိုယ် ဖန်တီးတဲ့ app ကို ဇွတ်ကြော်ငြာနေတာတို့၊ Browser တစ်ခုထဲမှာပဲ ဒီအကောင့် ချက်ချင်းထွက် နောက်အကောင့် တစ်ခု ချက်ချင်းဝင်တာမျိုးတို့လည်း ကွိုင်တတ် တတ်ပါတယ်။ ဒီလောက်ဆို တော်ပါပြီ။
အားလုံး Facebook အကောင့် အပိတ်မခံရအောင် သိတာလေး မျှဝေ လိုက်ရပါတယ်။
--
[ Read More ]

ဒီတခါတော့ ကျနော် လွန်တာပါ (Myothaw Emc)


      အင်တာနက်ကို စသုံးပါပြီ ဆိုကတည်းက ပထမ ဆုံး စသုံးတဲ့အရာက များသောအားဖြင့် Gtalk  ဆိုတဲ့ program ပါ။ ယခု ဆို မြန်မာနိင်ငံမှာ ၇ တန်း ၈ တန်းအရွယ်က အစ သုံးနေပြီ။
မဖြစ်နိင်ဘူးလို့ မပြောနဲ့နော် လက်တွေ့ ကြူဖူးလို့ ပြောနေတာ။  ပြောချင်တာကဒီလိုဗျ။
ကျွန်တော်က အခုပထမ နှစ် ၊ ကျွန်တော် ၉တန်းကတည်းက gtalk  ကို စသုံးတာဆိုတော့
အခု ၃ နှစ်ကျော်လောက်ရှိပီ။စစ သုံးချင်းကတော့ အရူးအမူဘဲ ကိုယ့် အကောင့် ဆီ တယောက်လောက် လာအပ်ပီဆိုရင်ကို ပျော်နေတာ။သုံးခါစ ၁နှစ် ၀န်းကျင်လောက်တုန်းက
ဆိုအရမ်းကြူတာ။အခုတော့အဲလိုကြူတဲ့ဘက်သိပ်စိတ်မပါတော့ပါဘူး။ကိုယ့်အကြောင်းကြည့်ဘဲ ပြောနေလို့ ဖတ်ရတာ မကောင်းဘဲ ဖြစ်နေတော့မယ်။
ဒါပေ့မယ့် အခု အရင်က ကြူခဲ့ သမျှက အဖတ်တင်နေပီ။လွန်ခဲ့တဲ့ ၃ လလောက်က အထိ ကျွန်တော် အွန်လိုင်းမှာ ရည်းစား ၃၄ ယောက်ရှိပါတယ်။(သုံး၊လေးယောက် မဟုတ်ပါ။၃၀+၄=၃၄ယောက်ပါ။)အပြင်မှာတော့ အိမ်ကို ကြောက်လို့ မထားရဲ ပါဘူး။၃၄ ယောက် ဆိုလို့ လန့်မသွားနဲ့ဦးနော် ။ကျွန်တော်ကဘဲ ကောင်မလေးတယောက်ထဲကို နာမည် ၃၄ မျိုးနဲ့ ကြူတာလေ ဟိဟီး။ကျွန်တော်ကို လွန်တယ်ပြောကြမယ် ထင်တယ် ။
         ကျွန်တော်မလွန်ပါဘူး အဲ့ကောင်မလေးကိုက ကျွန်တော်ကြူသမျှ အကောင့် ကုန် နာမည်မတူတာ ကုန်လုံးကို ချစ်တယ်လို့ အဖြေ ပေးထားတာဗျာ။  ဒါပေ့မယ့် အဲ့ကောင်မလေးနဲ့ အင်တာနက်မှာ ရည်းစားသာဖြစ်ခဲ့တာ ရင်ခုန်စရာ တစက်ကလေးမှ မကောင်းပါဘူး။မကြာပါဘူး  ကျနော် နောက်ထပ်ကောင်မလေးတယောက် ကို ကြူလို့ရခဲံ့ပါတယ်။ သူနဲ့ မှ အကြူသန်တဲ့ ကျနော် ထိတော့တာဘဲ။
        Chitting  ဓလေ့စရိုက်အရတော့ စစခင်ချင်း  အင်တာဗျူး တခုဖြေရလေသလား
အောင့်မေ့ရအောင် သူရော ကျနော်ပါ အမေးအမြန်းထူခဲ့ကြတယ်။ အိမ်ဘေးက ဈေးသည်
လင်မယား ရန်ဖြစ်တာ၊ အစ်မ ယောက်ျားရတာက အစ စကားလုပ်ပြီးပြောခဲ့ကြတယ်။
          ဒီတခါလဲ ကျနော် မလွန်ပါဘူး သူဘက်ကစပြီးတော့ ရေလာမြောင်းပေးစကားစပြောတာပါ။  ကျနော်လဲ မိန်းကလေးဘက်ကစပြောတော့
မူမနေတော့ပါဘူး။ ရက်ပိုင်းမှာဘဲ ကျနော်တို့  chitting ချစ်သူတွေ ဖြစ်သွားပါတယ်။
         ဒီလိုနဲ့ အွန်လိုင်းမှာဘဲ ကျနော် ၃၅ ယောက်မြောက် ရည်စားရပါတယ်။သတိရရင် အွန်လိုင်းလာပြီးတော့ chat တယ်။ရုပ်မြင်ချင်တော့ skype နဲ့ ချက်တယ်။ရုပ်ရည်ကတော့ မြင်နေကျတွေ့ နေကျ ကောင်မလေးတွေနဲ့ မတူအောင်ကို ချစ်စရာကောင်းပါတယ်။ဒါပေ့မယ့် သူရဲ့ အသံကိုကြားရဖို့တော့ ခက်သွားပါတယ်။
         နောက်……            ရက်တွေကြာလာတော့ဆန္ဒစောလာပါတယ်။ကျနော်ကသူအသံကြားချင်လို့
ဖုန်းနိပါတ်တောင်းတယ်၊သူကတော့ မပေးချင်ဘူး။ ဖုန်းနိပါတ်တောင်းတိုင်းလဲ သူက စုံစမ်းတုန်းလို့ဘဲ ပြောတယ်။ တရက်ကျ သူကျနော့်ကို ပြောတယ်။
“ငါ စာမေးပွဲဖြေရတော့မှာ မလို့ အရင်လို အွန်လိုင်းတက်ဖြစ်မယ် မထင်တော့ဘူး၊နင့်ကိုငါမရှိလဲ အခြားသူနဲ့ဘဲ  chat ပါ၊ ငါကို အရင်လို စိတ်ထဲ မထားပါနဲ့တော့”
     “မတွေ့ရလည်း အသံတော့ ကြားချင်ပါတယ်၊ ဖုန်းနိပါတ်ပေးခဲံပါ”
“နောက်ရက် massage ချန်ထားမယ်၊ဖုန်းနိပါတ်က နင်တောင်လို့ပေးတာနော် ငါ့အဆိုးမဆိုနဲ့”
   သူချန်ခဲ့တဲ့ Massage ကို ကျနော်ရပါတယ်။ အဲ့ထဲမှာ ဖုန်းနိပါတ်နဲ့ နှုတ်ဆက်စကား တချို့ပါ
ပါတယ်။ ကျနော်လဲ သူဖုန်း နိပါတ်ရတာနဲ့ ပျော်သွားပါတယ်။အဲ့ဒီ ဖုန်းနိပါတ်ကို ဒီနေ့ မဆက်ပါနဲ့၊နောက်တနေ့မှ ဆက်ပါတဲ့။ ကျနော် ထင်ပါတယ် အဆောင်ဖုန်းမလို့  ချက်ချင်းမဆက်ခိုင်းဘဲ အချိန်ဆွဲချင်နေတယ်လို့။ နောက်တနေ့ ညနေ ကျနော် ဖုန်းဆက်ပါတယ်။ ၂ခါလောက် ဖုန်းမကိုင်ပါဘူး။ နောက်တခေါက်ထပ်ဆက်တော့ ဦးလေးကြီးအရွယ် လူတယောက် ဖုန်း ပြန်ဖြေတဲ့ အသံကို ကြားရပါတယ်။
  “ဟလို…. 
“ဟုတ်ကဲ့…. လပြည့်နဲ့ စကားပြောချင်လို့ပါ”
“ယောက်ျားလေးလား၊ မိန်းခလေးလား”
“ခင်လပြည့်ဝန်း  မိန်းခလေးဗျ”
“အော်အေး အေး   လူ စရင်းကြည့်ပေးမယ်နော်” “ဟုတ်ကဲ့”
ခဏနေတော့….
“ငါ့တူ  လူစရင်းထဲတော့ ငါ့တူ ပြောတဲ့ ကောင်မလေးနာမည်မပါဘူး၊ လူပျောက်တိုင်ထားတဲ့ စာရွက်စာတမ်းတွေရော ရှိလား၊ ရှိရင် ငါ့တူ ကိုယ်တိုင် လာပြီး အပ်ရင်တော့ရတယ်။”
“ဗျာ….!!!!!!!  ကျနော် ပြောတဲ့ ကောင်မလေးက မနေ့ကတောင် ကျနော်နဲ့ တွေ့ပါသေးတယ်၊
သူစာမေးပွဲဖြေမယ်ဘဲ ပြောသွားတာ၊ ဘယ်မှသွားမယ်လို့ မပြောသွားပါဘူး၊ဦးရှာပေးမယ့်
ကောင်မလေးက ကျနော့်ချစ်သူ ခင်လပြည့်ဝန်း ဟုတ်ပါတယ်နော်”
“အေးလေ မင်းပြောတဲ့ နာမည် ငါရှာတာဘဲလေ၊ ဒီနေ့မှ အသစ်ရောက်လာတဲ့ အထဲတော့ မကြည့်ရသေးဘူး ခဏ”      “ကြည့်ပေးပါဦးဗျာ”  တအောင့်လောက်နေရော…..
“ ငါ့တူ ဒီနေ့ အလောင်း  ၂ခုေ၇ာက်တယ် cycle accident နဲ့ကွ တယောက်က မျက်နှာကို ကောင်းကောင်းမ၇ှိတော့ဘူး၊ ၂ယောက်လုံးက ယောက်ျားလေးတွေကွ”
“ခဏ…ခဏ၊  အခု ဦးက မန္တလေး က ဟုတ်တယ်မလား” “အင်း”
“ ခင်လပြည့်ဝန်း ရဲ့ အိမ်နားက မဟုတ်ဘူးလား”
“ ငါ့တူပြောတဲ့သူကို ဦးလေးမသိဘူး  ငါ့တူက ဘယ်ကို ဖုန်းခေါ်တာလဲ မန္တလေးတော့ ဟုတ်ပါပြီ။” “လပြည့် ကိုလေ”
“ အခု ငါ့တူ ဆက်နေတဲ့ ဖုန်းက ပြည်သူ့ဆေးရုံကြီး ရင်ခွဲ ရုံက ရုံမှုး ဆရာဝန်ရဲ့ အခန်းကဖုန်းကွ”   “သေစမ်း  ဘာလို့ ရင်ခွဲ ရုံရောက်သွားတာလဲ”
  ဒီတခါတော့ ကျနော် လွန်ပြီ ထင်တယ်။ရေဝေးက သဂြိင်္ုလ် စက် ကို ရောက်မသွားတာကံကောင်းမယ်။

author-https://www.facebook.com/emcmyothaw

[ Read More ]

Find me on facebook - 95Blogger