Facebook
RSS

ဒီတခါတော့ ကျနော် လွန်တာပါ (Myothaw Emc)

-
Unknown


      အင်တာနက်ကို စသုံးပါပြီ ဆိုကတည်းက ပထမ ဆုံး စသုံးတဲ့အရာက များသောအားဖြင့် Gtalk  ဆိုတဲ့ program ပါ။ ယခု ဆို မြန်မာနိင်ငံမှာ ၇ တန်း ၈ တန်းအရွယ်က အစ သုံးနေပြီ။
မဖြစ်နိင်ဘူးလို့ မပြောနဲ့နော် လက်တွေ့ ကြူဖူးလို့ ပြောနေတာ။  ပြောချင်တာကဒီလိုဗျ။
ကျွန်တော်က အခုပထမ နှစ် ၊ ကျွန်တော် ၉တန်းကတည်းက gtalk  ကို စသုံးတာဆိုတော့
အခု ၃ နှစ်ကျော်လောက်ရှိပီ။စစ သုံးချင်းကတော့ အရူးအမူဘဲ ကိုယ့် အကောင့် ဆီ တယောက်လောက် လာအပ်ပီဆိုရင်ကို ပျော်နေတာ။သုံးခါစ ၁နှစ် ၀န်းကျင်လောက်တုန်းက
ဆိုအရမ်းကြူတာ။အခုတော့အဲလိုကြူတဲ့ဘက်သိပ်စိတ်မပါတော့ပါဘူး။ကိုယ့်အကြောင်းကြည့်ဘဲ ပြောနေလို့ ဖတ်ရတာ မကောင်းဘဲ ဖြစ်နေတော့မယ်။
ဒါပေ့မယ့် အခု အရင်က ကြူခဲ့ သမျှက အဖတ်တင်နေပီ။လွန်ခဲ့တဲ့ ၃ လလောက်က အထိ ကျွန်တော် အွန်လိုင်းမှာ ရည်းစား ၃၄ ယောက်ရှိပါတယ်။(သုံး၊လေးယောက် မဟုတ်ပါ။၃၀+၄=၃၄ယောက်ပါ။)အပြင်မှာတော့ အိမ်ကို ကြောက်လို့ မထားရဲ ပါဘူး။၃၄ ယောက် ဆိုလို့ လန့်မသွားနဲ့ဦးနော် ။ကျွန်တော်ကဘဲ ကောင်မလေးတယောက်ထဲကို နာမည် ၃၄ မျိုးနဲ့ ကြူတာလေ ဟိဟီး။ကျွန်တော်ကို လွန်တယ်ပြောကြမယ် ထင်တယ် ။
         ကျွန်တော်မလွန်ပါဘူး အဲ့ကောင်မလေးကိုက ကျွန်တော်ကြူသမျှ အကောင့် ကုန် နာမည်မတူတာ ကုန်လုံးကို ချစ်တယ်လို့ အဖြေ ပေးထားတာဗျာ။  ဒါပေ့မယ့် အဲ့ကောင်မလေးနဲ့ အင်တာနက်မှာ ရည်းစားသာဖြစ်ခဲ့တာ ရင်ခုန်စရာ တစက်ကလေးမှ မကောင်းပါဘူး။မကြာပါဘူး  ကျနော် နောက်ထပ်ကောင်မလေးတယောက် ကို ကြူလို့ရခဲံ့ပါတယ်။ သူနဲ့ မှ အကြူသန်တဲ့ ကျနော် ထိတော့တာဘဲ။
        Chitting  ဓလေ့စရိုက်အရတော့ စစခင်ချင်း  အင်တာဗျူး တခုဖြေရလေသလား
အောင့်မေ့ရအောင် သူရော ကျနော်ပါ အမေးအမြန်းထူခဲ့ကြတယ်။ အိမ်ဘေးက ဈေးသည်
လင်မယား ရန်ဖြစ်တာ၊ အစ်မ ယောက်ျားရတာက အစ စကားလုပ်ပြီးပြောခဲ့ကြတယ်။
          ဒီတခါလဲ ကျနော် မလွန်ပါဘူး သူဘက်ကစပြီးတော့ ရေလာမြောင်းပေးစကားစပြောတာပါ။  ကျနော်လဲ မိန်းကလေးဘက်ကစပြောတော့
မူမနေတော့ပါဘူး။ ရက်ပိုင်းမှာဘဲ ကျနော်တို့  chitting ချစ်သူတွေ ဖြစ်သွားပါတယ်။
         ဒီလိုနဲ့ အွန်လိုင်းမှာဘဲ ကျနော် ၃၅ ယောက်မြောက် ရည်စားရပါတယ်။သတိရရင် အွန်လိုင်းလာပြီးတော့ chat တယ်။ရုပ်မြင်ချင်တော့ skype နဲ့ ချက်တယ်။ရုပ်ရည်ကတော့ မြင်နေကျတွေ့ နေကျ ကောင်မလေးတွေနဲ့ မတူအောင်ကို ချစ်စရာကောင်းပါတယ်။ဒါပေ့မယ့် သူရဲ့ အသံကိုကြားရဖို့တော့ ခက်သွားပါတယ်။
         နောက်……            ရက်တွေကြာလာတော့ဆန္ဒစောလာပါတယ်။ကျနော်ကသူအသံကြားချင်လို့
ဖုန်းနိပါတ်တောင်းတယ်၊သူကတော့ မပေးချင်ဘူး။ ဖုန်းနိပါတ်တောင်းတိုင်းလဲ သူက စုံစမ်းတုန်းလို့ဘဲ ပြောတယ်။ တရက်ကျ သူကျနော့်ကို ပြောတယ်။
“ငါ စာမေးပွဲဖြေရတော့မှာ မလို့ အရင်လို အွန်လိုင်းတက်ဖြစ်မယ် မထင်တော့ဘူး၊နင့်ကိုငါမရှိလဲ အခြားသူနဲ့ဘဲ  chat ပါ၊ ငါကို အရင်လို စိတ်ထဲ မထားပါနဲ့တော့”
     “မတွေ့ရလည်း အသံတော့ ကြားချင်ပါတယ်၊ ဖုန်းနိပါတ်ပေးခဲံပါ”
“နောက်ရက် massage ချန်ထားမယ်၊ဖုန်းနိပါတ်က နင်တောင်လို့ပေးတာနော် ငါ့အဆိုးမဆိုနဲ့”
   သူချန်ခဲ့တဲ့ Massage ကို ကျနော်ရပါတယ်။ အဲ့ထဲမှာ ဖုန်းနိပါတ်နဲ့ နှုတ်ဆက်စကား တချို့ပါ
ပါတယ်။ ကျနော်လဲ သူဖုန်း နိပါတ်ရတာနဲ့ ပျော်သွားပါတယ်။အဲ့ဒီ ဖုန်းနိပါတ်ကို ဒီနေ့ မဆက်ပါနဲ့၊နောက်တနေ့မှ ဆက်ပါတဲ့။ ကျနော် ထင်ပါတယ် အဆောင်ဖုန်းမလို့  ချက်ချင်းမဆက်ခိုင်းဘဲ အချိန်ဆွဲချင်နေတယ်လို့။ နောက်တနေ့ ညနေ ကျနော် ဖုန်းဆက်ပါတယ်။ ၂ခါလောက် ဖုန်းမကိုင်ပါဘူး။ နောက်တခေါက်ထပ်ဆက်တော့ ဦးလေးကြီးအရွယ် လူတယောက် ဖုန်း ပြန်ဖြေတဲ့ အသံကို ကြားရပါတယ်။
  “ဟလို…. 
“ဟုတ်ကဲ့…. လပြည့်နဲ့ စကားပြောချင်လို့ပါ”
“ယောက်ျားလေးလား၊ မိန်းခလေးလား”
“ခင်လပြည့်ဝန်း  မိန်းခလေးဗျ”
“အော်အေး အေး   လူ စရင်းကြည့်ပေးမယ်နော်” “ဟုတ်ကဲ့”
ခဏနေတော့….
“ငါ့တူ  လူစရင်းထဲတော့ ငါ့တူ ပြောတဲ့ ကောင်မလေးနာမည်မပါဘူး၊ လူပျောက်တိုင်ထားတဲ့ စာရွက်စာတမ်းတွေရော ရှိလား၊ ရှိရင် ငါ့တူ ကိုယ်တိုင် လာပြီး အပ်ရင်တော့ရတယ်။”
“ဗျာ….!!!!!!!  ကျနော် ပြောတဲ့ ကောင်မလေးက မနေ့ကတောင် ကျနော်နဲ့ တွေ့ပါသေးတယ်၊
သူစာမေးပွဲဖြေမယ်ဘဲ ပြောသွားတာ၊ ဘယ်မှသွားမယ်လို့ မပြောသွားပါဘူး၊ဦးရှာပေးမယ့်
ကောင်မလေးက ကျနော့်ချစ်သူ ခင်လပြည့်ဝန်း ဟုတ်ပါတယ်နော်”
“အေးလေ မင်းပြောတဲ့ နာမည် ငါရှာတာဘဲလေ၊ ဒီနေ့မှ အသစ်ရောက်လာတဲ့ အထဲတော့ မကြည့်ရသေးဘူး ခဏ”      “ကြည့်ပေးပါဦးဗျာ”  တအောင့်လောက်နေရော…..
“ ငါ့တူ ဒီနေ့ အလောင်း  ၂ခုေ၇ာက်တယ် cycle accident နဲ့ကွ တယောက်က မျက်နှာကို ကောင်းကောင်းမ၇ှိတော့ဘူး၊ ၂ယောက်လုံးက ယောက်ျားလေးတွေကွ”
“ခဏ…ခဏ၊  အခု ဦးက မန္တလေး က ဟုတ်တယ်မလား” “အင်း”
“ ခင်လပြည့်ဝန်း ရဲ့ အိမ်နားက မဟုတ်ဘူးလား”
“ ငါ့တူပြောတဲ့သူကို ဦးလေးမသိဘူး  ငါ့တူက ဘယ်ကို ဖုန်းခေါ်တာလဲ မန္တလေးတော့ ဟုတ်ပါပြီ။” “လပြည့် ကိုလေ”
“ အခု ငါ့တူ ဆက်နေတဲ့ ဖုန်းက ပြည်သူ့ဆေးရုံကြီး ရင်ခွဲ ရုံက ရုံမှုး ဆရာဝန်ရဲ့ အခန်းကဖုန်းကွ”   “သေစမ်း  ဘာလို့ ရင်ခွဲ ရုံရောက်သွားတာလဲ”
  ဒီတခါတော့ ကျနော် လွန်ပြီ ထင်တယ်။ရေဝေးက သဂြိင်္ုလ် စက် ကို ရောက်မသွားတာကံကောင်းမယ်။

author-https://www.facebook.com/emcmyothaw

Leave a Reply

Find me on facebook - 95Blogger