Facebook
RSS

How to install wordoress(credit to mmwordpress)

-
Unknown

Online ပေါ်မှာ WordPress ကို Install လုပ်ဖို့ အတွက် နည်းလမ်း နှစ်ခုကို အသုံးပြုနိုင်ပါတယ်။ ပထမ တနည်း ကတော့ Manually Install လုပ်တာပါ။ လိုအပ် တာတွေ ကတော့
Web Browser
ဥပမာ Firefox , Chrome , Internet Explorer စသဖြင့် တစ်ခုခုပါ။ အများအားဖြင့် ရှိပြီးသား ဖြစ်တာ ကြောင့် အပြင် လွယ်ကူ တာမို့ လို့  Installation Guide မရေး တော့ ပါဘူး။ အထက်က ဖော်ပြပါ လင့်တွေ မှာ ဒေါင်းလော့ ဆွဲပြီး Install လုပ်နိုင် ပါတယ်။
Text Editor
Text Editor ကတော့ မိမိတို့  ကြိုက်နှစ်သက်ရာ တစ်ခုခု ကို အသုံးပြုနိုင်ပါတယ်။ Window မှာ Text editor ကို default အနေနဲ့  Notepad က ပါပြီးသားပါ။ Window+R ကိုနှိပ်ပြီး notepad ဆိုပြီး ရိုက်ကာ enter ခေါက်လိုက်ပါ။
FTP Client
Firezilla ရော SmartFTP စသဖြင့် သုံးနိုင်ပေမယ့် Firezilla ကအသုံးများတာမို့ လို့  Firezilla နဲ့  သရုပ်ပြပါမယ်။ Firezilla ကို ဒီက ဒေါင်းပါ။  ကိုယ့် အသုံးပြုနေတဲ့ Operating System ပေါ်မူတည်ပြီး (ဥပမာ Linux ဆိုရင် Linux အတွက် ၊ Mac ဆိုရင် Mac အတွက် ဒေါင်း ရပါမယ် )
Hosting Access
Hosting မှာ account register လုပ်ထားရင် လိုအပ်တဲ့ Information တွေ ပေးပါတယ်။ Hosting ပေါ်မှာ Manual တင်ဖို့ အတွက် အောက်ကအချက်အလက်တွေလိုအပ်ပါတယ်။

Host ရဲ့   IP address ( FTP )
FTP username  and password

ဒီနေရာမှာ Hosting Panel ထဲက Username နဲ့  password နဲ့  ဝင်လို့ ရမှာ မဟုတ်ပါဘူး။ Hosting ထဲကို ဝင်ပြီးတော့ FTP account တစ်ခုကို create လုပ်ပေးဖို့ လိုပါတယ်။ ပြီးရင် အပေါ်ကဟာတွေ ထဲက လိုအပ်တာတွေကို Install လုပ်လိုက်ပါ။  Firezilla ကိုဖွင့်ပါ။



ပုံမှာ ဝိုင်းထားတဲ့ ဟာတွေကို ကြည့်လိုက်ပါ။
1 : Host ရဲ့  address
2 : Host ရဲ့  username
3 : Host ရဲ့  password
4 : Port ရဲ့  address ( FTP port ဖြစ်တဲ့ 21 နဲ့  SFTP port ဖြစ်တဲ့ 23 ကို အသုံးပြု နိုင်ပါတယ် )
5 : ကိုယ် စက်ထဲက Folder Directory ပါ။
6 : Hosting ထဲက Folder Directory ပါ။
7 : Hosting ထဲက ကိုယ်ရောက်နေတဲ့ အတွင်းက Folder Directory
8 : ကိုယ် စက်ထဲက ကိုယ်ရောက်နေတဲ့ အတွင်းက Folder Directory
9 : Execute လုပ်နေတဲ့ Folder ထဲက directory
Hosting ရဲ့ address ,  username ,  password တို့ ကို တော့ Hosting မှာ register လုပ်ပြီး FTP account လုပ်ရပါမယ်။  Port address ကတော့ အများအားဖြင့် FTP သုံးကြပြီးတော့ ပိုမို secure ဖြစ်ဖို့ အတွက် SFTP ကို သုံးကြပါသေးတယ်။
ပြီးရင်တော့ WordPress ကို install လုပ်ဖို့ အတွက် Latest Version ကို ဒီကနေ ဒေါင်းလော့ချပါ။ ပြီးရင် extract လုပ်လိုက်ပါ။ wordpress ဆိုတဲ့ folder အနေနဲ့  ရှိနေပါလိမ့်မယ်။ ပြီးရင်တော့ filezilla ကို ဖွင့်လိုက်ပါ။ ပြီးရင်တော့ wordpress ဆိုတဲ့ folder ကိုသွားလိုက်ပါ။ ပြီးရင်တော့  hosting ထဲက htdocs ဆိုတဲ့ folder ဖြစ်ဖြစ် ၊  www ဆိုတဲ့ folder ဖြစ်ဖြစ် ရှိနေပါလိမ့်မယ်။ drag လုပ်ပြီး ဖြစ်ဖြစ် ၊ copy paste လုပ်ပြီး ဖြစ်ဖြစ် ကူးထည့်လိုက်ပါ။ အချိန်ကာလ တစ်ခု စောင့်ပြီးရင်တော့  ရောက်သွားပါလိမ့်မယ်။ ပြီးသွားရင်တော့ ကိုယ်ယူထားတဲ့ hosting ရဲ့ url ( domain ဝယ်ထားရင် domain ရဲ့ url ကို ) လှမ်းခေါ်လိုက်ပါ။
 Create a Configuration File ဆိုတာ Click နှိပ်လိုက်ပါ။

ထုံးစံအတိုင်းပဲ Let’s Go! ဆိုတာကို နှိပ်လိုက်ပါ။

ဒီအဆင့် ရောက်လာရင်တော့ ဖြည့်စရာ တွေလိုလာပါပြီ။
1  ကိုယ့် database name အဲဒီအတွက် hosting ထဲမှာ database တစ်ခုဆောက်ပြီး ဆောက်ထားတဲ့ database name ကိုထည့်ပေးရပါမယ်။
2 & 3 MySQL username နဲ့  password ကတော့  hosting ထဲမှာ create လုပ်ရမှာ ဖြစ်ပါတယ်။
4. database host ကတော့  hosting ထဲကနေမှာပါလေ့ရှိပါတယ်။ တခါတလေကြရင် mysql.[တစ်ခုခု ].com စသဖြင့် ရှိတက်ပါတယ်။  တခါတလေကြရင်လည်း localhost ဆိုပြီး ရှိနေတက်ပါတယ်။  hosting ထဲကနေ ကြည့်ပြီး ဖြည့်လိုက်ပါ။
5. Table Prefix ကတော့ ကိုယ်ကြိုက်တာပေးလို့ ရပါတယ်။ security ပိုကောင်းအောင်လို့  default wp_ ဆိုပြီး အစား တခြား တခုခု ပေးသင့်ပါတယ်။

အပေါ်က ဖြည့်စရာတွေ ဖြည့်ပြီးရင်တော့ အခုလို Install လုပ်ဖို့ ပဲ ကျန်ပါတော့တယ်။ Run the install ကိုနှိပ်ပြီးရင်တော့ Install လုပ်ပြီးသွားပါပြီ။ Install လုပ်ပြီးပေမယ့် ဆိုဒ်အတွက် ဖြည့်စရာလေးတွေ တော့ ကျန်ပါသေးတယ်။


ထုံးစံ အတိုင်းပဲ ဖြည့်လိုက်ပါ။ ဒီနေရာမှာ username ကိုတော့ admin အစား တခုခု ဖြည့်သင့်ပါတယ်။ security အရ ပိုပြီး ခိုင်မာ မှု ရှိအောင်ပါ။ ပြီးသွားရင်တော့ WordPress Install လုပ်တာ ပြီးဆုံးသွားပါပြီ။
ဒုတိယ တနည်းကတော့ Auto Installer တွေကို အသုံးပြုပြီးတော့ Install လုပ်တာပါ။ ဒီနည်းကတော့ သရုပ်ပြဖို့ နည်းနည်းခက်ခဲပါတယ်။ ဘာဖြစ်လို့ လဲ ဆိုတော့ Hosting တစ်ခုနဲ့ တစ်ခုရဲ့  auto installer တွေက မတူကြပါဘူး။ ဥပမာ 000webhost မှာ ဆိုရင် Fantastico လို့ ခေါ်ပြီးတော့ တခြား hosting မှာတော့ တခြားနာမည်ကို အသုံးပြုတာကြောင့် ဖြစ်ပါတယ်။ သို့ သော် Install လုပ်ရတာ ကတော့ ပိုလွယ်သွားပါတယ်။ ဘာဖြစ်လို့ လဲ ဆိုတော့ click နှိပ်ပြီးတော့ ပဲ လုပ်သွားတာ မို့ လို့ ဖြစ်ပါတယ်။ လုပ်ပုံလုပ်နည်းခြင်း ကတော့ သိပ်မကွာပါဘူး။ ဒါကြောင့် တစ်ခု ကြည့်ရင် နားလည် နိုင်တဲ့ အနေအထားမှာ ရှိပါတယ်။ အောက်က ebook တွေကို example အနေနဲ့ ဖတ်ဖို့ ညွန်းလိုပါတယ်။

Making free blog with wordpress
Making WordPress by mmwordpress
Making wordpress in agilityhoster by mmwordpress

One Response so far.

  1. Casino de Monte-Carlo-Futbol, Mexico - Dr. MD
    Casino de Monte-Carlo-Futbol, 구리 출장안마 Mexico. 8.1 mi. 세종특별자치 출장마사지 1 star star. 3 star. 5 star. 11 star. 1 안양 출장안마 star. 12 star. 서산 출장안마 1 star. 13 star. 1 남원 출장안마 star. 13 star.

Leave a Reply

Find me on facebook - 95Blogger