Facebook
RSS

နည်းစနစ်ကျကျအရက်သောက်နည်း :-P

-
Unknown

နည်းစနစ်ကျကျအရက်သောက်နည်း

၁ ။ ည၆ နာရီနောက်ပိုင်းမှာသောက်ပါ ည၁၀ နာရီလောက်ဆို တော်သင့်ပါပြီ အိပ်ချိန်အတွက်လုံလောက်တဲ့အချိန်ပမာဏ ယူသင့်ပါတယ်
၂ ။ အမြည်းများများစားပေးပါ အမြည်းကသင့်အစာအိမ်အတွက်အကာအကွယ်ကောင်းတစ်ခုဖြစ်လို့ပါပဲ
၃ ။ ရေများများရောပါ ရေကအရက်ကြောင့်ရင်ပူခြင်းနဲ့ အဆိပ်အတောက်ဖြစ်စေမဲ့အရာများကိုခြေဖျက်ပေးပါလိမ့်မယ်
၎ ။ မကြာခဏဆီးထသွားတက်အောင်လေ့ကျင့်ထားပါ ဆီးသွားမှကျောက်ကပ်ထဲက အဆိပ်ပမာဏနဲနိုင်သမျှနည်းအောင် လုပ်ယူလို့ရမှာပါ
၅ ။ ရေခဲသုံးပါ ရေခဲက ခန္ဓာကိုယ်တွင်းအပူကိုခဏမျှသက်သာစေလို့ပါ
၆ ။ အစာကြေလွယ်သော အမျှင်ဓါတ်ပါသောအစားအစာများကိုသာမြည်းပါ အကြောင်းကတော့မနက်မိုးလင်းတာနဲ့ ဝမ်းသွားလျှင် ညပိုင်းစားထားသမျှတွေ စွန်ပြစ်စေချင်လို့ပါပဲ
၇ ။ မနက်ပိုင်းအရက်သောက်တက်သောအကျင့်ကိုရှောင်ပါ တကယ်လို့သောက်နေပြီဆိုရင် အရက်စွဲရောဂါဖြစ်နေပါပြီ ကုသမှုကိုခံယူပါ
အရက်စွဲနေရင်တော့ . . .
အရက်အလွန်အကျွံ သောက်ရင် အရက်စွဲပြီး အရက်နာ ကျတတ်တယ်။ ကိုယ် အလေးချိန် နည်းသူတွေမှာ ခန္ဓာကိုယ်တွင်း အရည်ပမာဏ လျော့နည်း သွားတတ်တယ်။ ဒီလိုလူတွေနဲ့ အဆီမပါတဲ့ တစ်သျှူးနည်းပါးသူတွေဟာ အရက်ကို ခံနိုင်ရည်မရှိဘူး။ အင်ဇိုင်းနည်းပါးတဲ့ အမျိုးသမီးနဲ့ လူငယ်တွေမှာ အရက်ကြောင့် ကျန်းမာရေး ယိုယွင်းနိုင်တယ်။ အရက်စွဲခြင်း အရက်စွဲသူရဲ့ လက္ခဏာတွေ ကတော့ ရေဓာတ် ခန်းခြောက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ပျို့အန်ခြင်း၊ ချာလည်မူးဝေခြင်း၊ စိတ်ဓာတ် ကျခြင်း၊ ဝေဒနာပြင်းထန်ရင် ကြွက်တက်ခြင်း၊ ထင်ယောင် ထင်မှားဖြစ်ခြင်း၊ ညအချိန်၌ အိပ်မပျော်ခြင်း၊ အသည်းအဆီဖုံး ရောဂါ ဖြစ်တတ်ခြင်း၊ အသည်းရောင် အသားဝါဖြစ်ခြင်း၊ နာတာရှည် အသည်းရောင်ခြင်း၊ အသည်းကြွပ်ဆတ်နာ၊ အသည်းကင်ဆာ အထိဖြစ်ခြင်းနဲ့ စိတ်ကျရောဂါ ဖြစ်ခြင်းတို့ဖြစ်တယ်။ အရက်နာမကျအောင် အရက် မသောက်မီ နွားနို့တစ်ခွက်နဲ့ ကြက်ဥ အစိမ်းတစ်လုံး ဖောက်သောက် သင့်တယ်။ အရက်သောက်တဲ့အခါ အမြည်းများများ စားပြီး ရေများများ သောက်သင့်တယ်။ အရက်နဲ့ အချိုရည် တွဲသောက်သင့်တယ်။ စနစ်တကျ မှတ်ပုံတင် ထားခြင်း မရှိတဲ့အရက် (ချက်အရက်၊ မှောင်ခိုဝင်လာတဲ့အရက်) များ ရှောင်သင့်တယ်။
ဗီတာမင် ဆေးသောက်ဖို့လိုသလို ဆီးရောဂါမဖြစ်အောင် ဆီးအောင့်ထားခြင်း မပြုလုပ်ရပါ။ ဆီးနည်းခြင်း၊ ဝမ်းချုပ်ခြင်း မဖြစ်စေရပါ။ အရက်စွဲလာပြီ ဆိုရင်တော့ အရက်ဖြတ်ဆေး သောက်ဖို့လို တယ်။ များသောအားဖြင့် စီပီဇက်သောက်ဆေး နှစ်လုံးကို နှစ်ကြိမ်နဲ့ အိပ်ဆေးဗေလီယံ တစ်ခုခု နှစ်လုံးတွဲ သောက်သင့်တယ်။ အချိန်ပိုနေတယ် ဆိုရင်တော့ ဘာသာရေး လိုက်စားခြင်း၊ အားကစား သို့မဟုတ် လူမှုရေး အလုပ်တစ်ခုခု လုပ်နေသင့်တယ်။ အစားအစာ ပုံမှန်အားဖြင့် အရက်မှာပါတဲ့ အယ်လ်ကိုဟောနဲ့ ပါဝင်ပစ္စည်းများဟာ ရေဓာတ် ဆုံးရှုံးစေပြီး မလိုလားအပ်တဲ့ အဆီတွေ အသည်းမှာ စုစေတယ်။ သွေးထဲမှာ ကိုလက်စထရော မြင့်စေတယ်။ ခန္ဓာကိုယ်အင်္ဂါ အစိတ်အပိုင်းတွေနဲ့ အဖွဲ့အစည်းတွေမှာ ဆိုးရွားတဲ့ အခြေအနေ ဖြစ်စေတယ်။ အရက်ဖြတ်ရင် သဘာဝသစ် သီး ဖျော်ရည်၊ သံပရာ၊ လိုင်းဂျူးစ်၊ စတော်ဘယ်ရီ ဖျော်ရည် သောက်သင့်တယ်။ ပန်းသီး၊ မုန်လာဥနီ၊ မုန်လာဥဝါ၊ တရုတ်နံနံ၊ သကြားဓာတ် ပါဝင်တဲ့ သစ်သီးဖျော်ရည် သောက်သင့် တယ်။ သွေးထဲ မှာ ဂလူးကို့စ်နည်းရင် သကြားဖြည့်ပေးရမယ်။ အကြံပြုချက် အရက်ဟာ ကောင်းကျိုးထက် အရက်စွဲခြင်း၊ ရောဂါစွဲကပ်ခြင်း စတဲ့ ဘေးထွက် ဆိုးကျိုးများတဲ့အတွက် တတ်နိုင်ရင် မသောက် ဘဲ နေ သင့်တယ်။ အရက်ဖြတ်မယ်ဆိုလည်း စနစ်တကျ ဆရာဝန်နဲ့ပြပြီး ကုသသင့်တယ်။
ကိုးကား '
မြဝတီ

One Response so far.

  1. Anonymous says:

    https://www.linkedin.com/pulse/trouble-spot-nutrition-review-ebook-free-download-jenny-james

    When it comes to snacks, some parents forbid their kids to indulge in such because they are afraid their kids would not eat their meals when it's time for their proper meal time. What parents should know is that snacks help their young ones to keep going on their daily activities.

Leave a Reply

Find me on facebook - 95Blogger