သတ်ပုံအမှားပါရင်ပြင်ဖတ်ပေးပါနော် သဇင်လေး ကီးညှိတတ်လို့ ဟီး စလုံးမပေါင်းတတ်လို့ ဟီး..
☺ ဦးဦး Faithful Love ခင်ဗျား...
Chat ထဲမှာ ရည်းစားတွေ များနေလို့
ကျောင်းစာတွေ လုပ်ရတာ အခက်အခဲတွေ ရှိနေပါ တယ်။ သူတို့နဲ့ ပြတ်အောင် ဘယ်လို
လုပ်ရမလဲ ခင်ဗျာ။ ကူညီပါဗျာ။
☻ ဓာတ်ပုံ Send ပေးလိုက်ပါ (ကိုယ့်ဓာတ်ပုံ မှန်ပါစေ)။ နောက်ဆုံးအဆင့် အနေဖြင့် Webcam ပြလိုက်ပါ။
☺ ဦးဦး Faithful Love ခင်ဗျား…
ကျွန်တော့် Computer မှာ Ram ပျက်သွားလို့ ခေါင်းစား နေပါတယ်။ မည်သို့ လုပ်သင့် ကြောင်း အကြံ ပေးစေလိုပါတယ်။
☻ Ram ပျက်လျင် Rum သောက်လိုက်ပါ။ အားလုံး ကောင်းသွားပါလိမ့်မည်။
☺ ဦးဦး Faithful Love ခင်ဗျား…
ကျွန်တော့်မှာ
လှပတဲ့ ညီမတစ်ယောက် ရှိပါတယ်။ သူ့ကြောင့် သူငယ်ချင်းတွေနဲ့ ရန်ဖြစ်ရ
တာလည်း အခါခါပါ။ သူငယ်ချင်းတွေနဲ့ ရန်မဖြစ်ချင်ပါ။ ဘယ်လိုလုပ်ရမလဲ ခင်ဗျာ။
☻ ဦးဦးကို ပေးလိုက်ပေါ့ကွယ်...။
☺ ဦးဦး Faithful Love ခင်ဗျား…
ကျွန်တော်သည်
စော် အင်မတန် ကြည်သော်လည်း အသားမှာ အင်မတန် မည်းနေပါသဖြင့်
ကိုယ့်ကိုယ့်ကို မကျေနပ်နိုင်ပါ။ အသားဖြူ နည်းလေး ပေးပါလားခင်ဗျာ။
☻ ရေပူကို အသားကုန်ဖွင့်၍ တစ်နေ့ ၅ခါချိုးပါ။ နွားနို့ အိုးထဲတွင် တစ်နာရီခန့်စိမ်ပါ။
☺ ဦးဦး Faithful Love ခင်ဗျား…
ညည အိပ်မပျော် ဖြစ်တာ ကြာပါပြီ။ ကောင်းကောင်း အိပ်ပျော်ချင် ပါတယ်ခင်ဗျာ။
☻ ညဘက်တွင် အိမ်စာ လုပ်ပါ။
☺ ဦးဦး Faithful Love ခင်ဗျား…
ကျွန်တော် အင်မတန် ဝ နေသောကြောင့် စော်မကြည်သည်ဟု ယူဆမိသောကြောင့် ပိန်ချင် ပါသည်။
☻ သံပုရာရည်ကို အိပ်ပျော်ပြီး တစ်ခွက်၊ မနိုးခင် တစ်ခွက် သောက်ပါ။ ၃ ရက် အတွင်း သိသိသာသာ ပိန်စေရမည်။ ဦးဦးကို ကြည့်။
☺ ဦးဦး Faithful Love ခင်ဗျား…
ဖိုင်နယ် ကျောင်းသားနှင့် ဒုတိယနှစ်ကျောင်းသား မည်သို့ ကွာခြားပါသနည်း။
☻ ရောက်တဲ့နှစ်ချင်း ကွာပါသည်။
☺ ဦးဦး Faithful Love ခင်ဗျား…
စာမေးပွဲ အောင်မြင်မှု၏ သော့ချက်ကို သိချင်ပါတယ် ခင်ဗျာ။
☻ ဒါလေးတွေ လိုက်နာ...
၁။ ကျောင်းမှန်မှန်တက် ရမည်။
၂။ ရှေ့ဆုံးတန်းတွင် ထိုင်ရမည်။
၃။ ခေါင်းညိတ် တတ်ရမည်။
☺ ဦးဦး Faithful Love ခင်ဗျား…
ခေါင်းဆောင်ကောင်း တစ်ယောက် ဖြစ်ချင်ပါတယ်။ အကြံ ပေးစေ ချင်ပါတယ်။
☻
တန်းများများ စီပေးပါ။ မည်သည့်အရာကိုမဆို လက်မှတ် ထိုးခိုင်းပါ။
လက်အောက်ငယ် သားများ၏ ဆန္ဒကို ကောက်ခံပြီး ကိုယ်ထင်ရာကို လုပ်ပါ။ အသံ
ကျယ်ပါစေ။
☺ ဦးဦး Faithful Love ခင်ဗျား…
အစည်းအဝေးတွေ
များနေလို့ စိတ်ညစ် နေရပါတယ်။ ကူညီပါနော်။ တစ်ခါလုပ်လျင်လည်း ထမင်းနှစ်အိုး
ချက်လောက် ကြာပါသည်။ အစည်းအဝေးတွေ နည်းသွားအောင် မည်ကဲ့သို့
ဆောင်ရွက်သင့်ပါသလဲ ခင်ဗျာ။
☻ စိတ်မပူပါနဲ့ခင်ဗျာ။ အဲဒီကိစ္စအတွက် မနက်ဖြန်မှာ အစည်းအဝေး ထပ်လုပ်ကြပါလိမ့် မယ်။
www.thazinlay.wall.fm