Facebook
RSS

ရွှေမြို့တော် ဘောလုံးပွဲ

-
Unknown


သဇင်လေး ရေးတာက ဘလော့ ဆိုပီးရေးလိုက်တာ အခု ကဗျာ မဟုတ် ဘလော့ပိုစ် မဟုတ်ဖြစ်နေတယ်။ အားပေးဦးနော်။
ထန်သီးလုံး ကန်ပြီး ဖြေသန်အောင် ကျင့်သားရနေတဲ့ ရွှေမြို့တော် တော်ထဲက လူပျိုသိုးများ ဘောလုံး အသင်း။အသင်းနာမည်  ကဆန်း၊ပွဲကန်ရာ ပွဲတိုင်းပါတာက  ရွှေမြိုတော်က အစွံရောက်နေတဲ မေသဇင်တို့ အပျိုကြီး တသိုက်။ ဒီနေ့ အညာကို ဆင်းပြီး မန်းလေးသားတွေနဲ့ ချိန်ပွဲ ကန်မယ်။ခရီးမှာ-
“ဒီနေ့ အညာ ပွဲသွားကန်မယ်၊မနက်ဖြန် အညာက အပျိုချောတွေ မ ပြန်မယ် ၊မြို့တော် ရောက်ရင် အပျိုချောနဲ့ ထန်းရည် နှော ပြီး ဆွဲလိုက်ရရင်” မြောက်ကြွ ကြုံးဝါးသွားကြတယ်။
ကိုကြီးကျော်စတိုင် ယိမ်းထိုး ယိမ်တိုင်နဲ့ အနိင်ရအောင် အားပေးဖို့ ကိုယ်တော်လေး ကိုယ်တော်ကြီးတို့ကလည်း ကားစီးလုံးငှားလိုက်ကြသည်။
“လူတွင်ကျယ်တွေ၊လာပလေ့စေ၊ တောကခြေထောက်တို့ကြောက်၊ကျုပ်တို့ အညာခြေ၊ညိုသဂျီးကြေအောင်ကန်ပြမယ်၊သွင်းပစ်မယ့်ဂိုး” မန်လေးမြို့ခံ ကိုရင်ကျော် ဟစ်အော်ကာ~~~~ပွဲစလေပြီ။  
မြိုတော်က ရွှေဘိုသား မောင်ငြိမ်း၊မန်းလေးကရင်ကျော်
အမဲအသဲနှစ်ယောက်၊တိုက်ပွဲမြေမှာ စစ်ဗျူဟာခင် သလို တကွင်းလုံးမွေနှောက်ပြီး
ခေါက်လိုက်ဆွဲလိုက် လိမ်လိုက်လှည့်လိုက်နဲ့ အပြတ်ဖိုက်ကြရင်း တစ်ဦးအငိုက်
တစ်ဦးချောင်းလို့ ဘောလုံးသူရဲကောင်း၂ဦးပေါ့။
ပွဲအစ အဆုံး ဘောလုံးကိုသာမက လူကိုပါရောရောင်ကန်ခဲ့ကြ၊ကိုရင်ကျော်ကလဲ ဂိုးတွေ တဒိုင်းဒိုင်း သွင်း၊ မောင်ငြိမ်းကလဲ တဘိုင်းဘိုင်းလဲ  အဲမဟုတ်လေ တဒိုင်းဒိုင်းသွင်း ၊
နောက်ဆုံးတော့
မရှုံးလျှင်မနိင်၊မနိင်လျှင်လည်းရှုံး၊ဒါ…..ထုံးစံဘဲလေ။(၂-၁)နှင့်ဆက်လက်ကန်ကြသည်။
ကွင်းလေးဖက်လေးတန် အားမရသဖြင့် ဆဲသံ ဆိုသံတွေနဲ့ ကိုယ်သန်ရာကိုယ့်အသင်းကိုရေသန်ဗူးမိုး တသောသော
ကျဲနေသည်။
ဒီလိုအော်ဟစ်အားပေးဆဲ …ရွှေမြိုတော် အသင်းကပွဲကြည့်ပရိတ်သတ် မေသဇင်နှင့်  မန်းလေးမြို့ခံ အသင်း ပရိတ်သတ် သဇင်လေးတို့ ဘူ  ဘူချင်း  တစ်ကြလေရာ
မေသဇင်(ထမီခပ်တိုတိုမလျက် )---ဟဲ့   အညာသူ တွေ အသားမည်းမ  ဒီပွဲ၊ကွင်းအိုက် လို့ နင်တို့ကို၁ဂိုးရှုံးနေတာ နဲ့ အပျော်မလွန်နဲ့  ငါတို့ကန်လို့ နင်တို့လူတွေ ညိုသဂျီ ပုပ်စေရမယ်၊
သဇင်လေး-----------ဟေ့ အကြွာသန်းတဲ ဂျပု လာမရွှဲ နဲ့ မကျေနပ်ရင် ကိုယ်တိုင် ၀င်ကန်။
ညနေငါးနာ၇ီခွဲတော့……
ဘောလုံးပွဲ အပြီး၊အလဲအကွဲ၊အသဲအမဲ၊အပြတ်ချဲခဲ့ကြတဲ့ ကိုရင်ကျော်နဲ့ မောင်ငြိမ်းတို့
တယောက်လက်တယောက်ချိတ်ကာ လမ်းထပ်က ထန်းရည်ဆိုင်မှာ မိုးအလင်းထိုင်ကာ
စကားနိင်လုနေကြလေ၏။
ပြိုင်တုန်းကတော့  အနိင်အရှုံးဟာ ပဓာနပေမယ့်၊ပြိုင်ပွဲပြီးဆုံးတော့၊နှစ်ဖက်စလုံး၊တပြုံးပြုံးနှင့်
သင်ပုန်းချေနိင်ကြပေတယ်။ကွင်းထဲတုန်းက ဂိုးတလုံးရဖို့အရေး၊ပြေးလွှားတွန်းတိုက် အပြတ်ဖိုက်ခဲ့ကြသမျှ   ထန်းရည်တမြူနဲ့  မျောချ မေ့လိုက်ကြပြီ……………………….




Leave a Reply

Find me on facebook - 95Blogger