စာရေးပီး သူ့ဆီကိုတိုက်ရိုက်ပြောလို့မရနိင်တဲ့အခြေအနေကြောင့် ပါ
မန်းလေးရတနာပုံ
တကသိုလ် First Year Chemistry
First semester မှာဖြစ်ခဲ့တဲ့ဇာတ်လမ်းလေးပါ
ကျွန်တော်
သူနဲ့ စတွေ့တုန်းက ကျွန်တော်သူနဲ့မရင်နှီးသေးပါဘူး သူက ပေကပ်ကပ် နဲ့ စွာတဲ့ပုံစံပေါ့
ယောက်ျားလေးအပေါင်းအသင်းများပေ့မယ့် ယောက်ျားလေးတော်တော်များများက သူ့ကို စွာလို့ဆိုပြီး
စကားမပြောရဲကြဘူးကျွန်တော်ခင်တဲ့နဲ့သူငယ်ချင်းထဲမှာ သူနဲ့ရင်းနှိတဲ့သူပါတဲ့အတွက်
ကျွန်တော် သူနဲ့ရင်းနှီးအောင်မိတ်ဆက်ခိုင်းခဲ့တာပေါ့ ဒီလိုနဲ့ကျွန်တော်တို့ရင်းနှီးသွားပါတယ်
ကျွန်တော်တို့ သူငယ်ချင်းတွေ ကန်တင်းန်
ထိုင်လဲ အတူဘဲ သူက ကင်တင်းန် ထိုင်းတိုင်
capachino ကော် ဖီ ကို သောက်လေ့ရှိပါတယ်
ကျွန်တော်တို့ ကျောင်းလစ်လဲအတူ ကျူရှင်လစ်လဲ
အတူပေါ့ဗျာ..ကျွန်တော်သူနဲ့ရင်နှီးနေတဲ့အတွက်
ကျွန်တော်သူ့ကိုဖွင့်ပြောဖို့ကြိုးစားခဲ့ပါတယ်…ဒါပေမယ့် ကျွန်တော်လိုဘဲ
ကျွန်တော်တို့ သူငယ်ချင်းထဲက သူ့ကို တဖက်သက်ကြိုက်နေတဲ့ သူရှိတဲ့အတွက် ကျွန်တော်
အနောက်ဆုတ်ပေးခဲ့ပါတယ်..
ကျွန်တော်တို့ကျူရှင်မဖွင့် ခင် တပါတ်အလိုမှာ
အိမ် ကို ကျူရှင် ဖွင့်တယ်လို့ ညာပြောပြီး ၃ထပ်ရေတံခွန် ကို သွားခဲ့ကြတယ် တောင်တတ်လမ်းကကြမ်းတော့
ခြေလျင်တတ်ခဲ့ကြတယ် ။ အဲ့နေက သူအမှတ်တမဲ့ နဲ့ သူကျွန်တော့် လက်ကို ကိုင်ပြီး
တလမ်းလုံးသွားခဲ့ကြတယ်
ကျွန်တော်အရမ်းပျော်တာပေါ့
ကျွန်တော်သူကို တဖက်သက်ချစ်နေတာကိုသူကမသိဘူးလေ ကျွန်တော်က သူ့ဘက်ကနေကြည့်ရင်တော့ သူငယ်ချင်းဘဲပေါ့ဗျာ ။ သူငယ်ချင်းတွေ
အားလုံးထဲ သူ့ကျွန်တော့်အပေါ်ကို ပိုပြီးခင်တွယ်ပုံရပါတယ် အဲ့တာတော့
ကျွန်တော့်အတွက် အဆိုးဆုံးပေါ့
ကျောင်းတတ်၇ က်များစွာ ကုန်ဆုံးသွားတော့ ကျွန်တော်တို့ သူငယ်ချင်းတွေ ထဲက
အချို့ကလဲ အတွဲ ကိုယ်ဆီ နဲ့ ဖြစ်သွားတာပေါ့ ဖြစ်ချင်တော့ ကျွန်တော်တို့
၂ယောက်ထဲညအတွဲ မရှိဘဲကျန်တာပေါ့
သူကျွန်တော့်ကို သူအိမ်မှာ အတွင်းရေးကိစ
အဆင်မပြေတာက အစ ကျွန်တော်ကိုပြောပြောပြီး
ငိုတာပေါ့ သူကျွန်တော့်
ကိုပြောပါတယ် သူက သူ့အစ်ကို ကို
အချစ်ဆုံးတဲ့ သူအစ်ကို အိမ်ထောင်မပြုမချင်း
ဘယ်သူ့ကိုမှမချစ်ဘူးတဲ့ဗျာ ကျွန်တော်
ဘယ်လိုလုပ်ရမလဲ
သူငယ်ချင်းတွေကပြောတယ် ကျွန်တော်မပါတဲ့ သူတို့
လျှောက်သွားတဲ့ရက်တွေမျာဆို သူကျွန်တော့ ကို အမြဲမေးတယ်တဲ့ first semester မဖြေခင်တရက်မှာတော့
ကျွန်တော်သူစီကစကားတခွန်း ကြားလိုက်၇တယ်
အဲ့ တာ ကျွန်တော်က သူ့ရဲ့အချစ်ဆုံး
သူငယ်ချင်းပါတဲ့ ကျွန်တော်ရဲ့ မျှော် လင့်
ချက်တွေ အဖျားရှူးပြီးပေါ့ ကျွန်တော်က သူ့ကို
ကျွန်တော့်ကောင်မလေးတယောက်လို ချစ်တာ သူကတော့ သူငယ်ချင်းလိုပေါ့ အားလုံးချိန်းပီးလျောက်လည်တဲ့နေ့မှာ သူကမလာဘူးလေ
လမ်းမှာတွေ့ပါတယ် သူက သူ့အစ်ကိုနဲ့ လည်တာလေ အဲတာကိုကျန်တဲ့
သူငယ်ချင်းတွေကမြင်တော့ သူကို
စိတ်ဆိုးကြတာပေါ့
ကျွန်တော်ကတော့ နားလည်ပေးနိင်ပါတယ် သူက အစ်ကို
ချစ်တဲ့ ညီမလေးဆို့တော့
နောက်ရက်
အွန်းလိုင်းပေါ်မှာ ကျွန်တော်နဲ့တွေ့တော့ သူကျွန်တော့်ကိုမေးတဲ့ ငါ့ကို နင်တို့တွေစိတ်ဆိုးနေပြီးလားတဲ့ ကျန်တဲ့သူငယ်ချင်းတွေ စိတ်ဆိုးနေပေ့မယ့်
ငါနင့်ကိုစိတ်မဆိုးပါဘူး
လို့ကျွန်တော်ပြောပါတယ်
သူကပြောတယ် နင်ဘဲ
ငါ့ကိုနားလည်ပေးနိင်တယ်တဲ့
ကျွန်တော်နားလည်ပေးရမှာပေါ့ ကျွန်တော်က သူ့ကို တဖက်သက်ချစ်နေတာကို ဒါကို သူအခုထိမသိသေးဘူးလေ ကျွန်တော် ဘယ်လိုဖွင့်ပြောရတော့မှာလဲ သူနဲ့ကျွန်တော်က အရမ်း ရင်းနှီးနေပြီလေ
ကျွန်တော်တို့ Capichino ကော်ဖီသောက်တိုင်း ကျွန်တော်တို့ ကျောင်းကန်းတင်းန်မှာ
ကော်ဖီအတူတူသောက်ခဲ့တာကို သတိ၇မိတယ်တခါတလေဆို သူ့ရဲ့ မပီတပီ ကျွန်တော့် နာမည်ကို ခေါ်တဲ့ အသံကို
နားထဲကြားမိတယ်
ကျွန်တော် ဆုတောင်းပါတယ် ဖြစ်လေးရာ
ဘ၀တိုင်းမှာ အသက်ထက်ဆုံးချစ်ရပါသောချစ်သူသည်
အချစ်ဆုံး သူငယ်ချင်း ဖြစ်နေချင်း အဖြစ်မှ ကင်းဝေးရပါလို၏ အရှင် ဘုရား
အခု ဆို second semester ဖွင့်တော့မယ် ကျွန်တော်သူ့ကို ဘယ်အချိန် ဖွင့် ပြောရမှာလဲ
ဖွင့်ပြောလိုက်ပြန်ရင်လဲ သူကျွန်တော့်ကို
အရင်လို စကားမခေါ်မပြောတော့မှာကို
အရမ်းကြောက်တယ်. တချိန်ချိန်တော့ နီးခွင့်ရဖို့မျှော်လင့်ပါတယ်
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~