Facebook
RSS

သူတို့တွေကြောင့်မိသားစုတွေပျက်ကုန်ပီး သူတို့တွေကို ကယ်ပါဦး

-
Unknown

မပြောမဖြစ်လို့တော့ပြောရတော့မယ်သဇင်လေးတို့အဆောင်ရှေ့ကပါ သူတို့မိသားစုလေးယောက်ရှိတယ် အဖေရယ်အမေရယ်ကလေး၂ယောက်ရယ်ပေါ့ တယောက်က၆တန်းတယောက်ကတော့၁၀တန်းပြီးသွားပြီ ညတိုင်းလိုလို ကလေးတွေကအဖေပြန်လာတဲ့အထိစောင့်ရတယ် သူတို့အဖေပြန်လာမှညနေစာ စားရတယ် စီးပွာရေးကဒီနှစ်မှအဆင်ပြေလာတာ နည်းနည်းအဆင်ပြေလာတော့ နည်းနည်းအောက်ခြေလွတ်လာတာပေါ့ ယောက်ျားကဟိုအနှိပ်ခံသွား ဒီဘီယာဆိုင်ထိုင်နဲ့ အကျင့်ပျက်လာတယ် အချိန်ကာလတခုကြာပီးတဲ့အခါ ယောက်ျားက မာစပ် ကကောင်မလေးတယောက်နဲ့ဖောက်ပြန်နေတယ် ဒါကိုအိမ်ကမိန်းမကသိသွားတယ် သိသွားကတည်းကသဇင်လေးတို့အဆောင်အောက်ကိုနေတိုင်းလာတယ် ဘာတွေလုပ်သင့်မလုပ်သင့်တိုင်းပင်တယ် သဇင်လေးတို့လဲ ဗေဒင်မေးဖို့ဘဲ အကြံပေးလိုက်တယ် ဗေဒင်ဆရာပြောတာတော့ ဆေးမိတာတဲ့ သူယောက်ျားသောက်တဲ့ ဘီယာထဲကိုအင်္ဂါသမီးရဲ့ လက်ခလယ်သွေးထည့်တိုက်လို့တဲ့ မိန်းမကအ၀တ်အစားစတာတွေဝယ်ဖို့ပိုက်ဆံတောင်ရင်းမပေးဘူး အဲ့ဒီဘီယာဆိုင်ကကောင်မလေးတွေတခုခုဝယ်ဖို့စကားစတာနဲ့ ၀ယ်ပေးတယ်တဲ့ ဗေဒင်ဆရာကလဲရုပ်ရည်ကအစပြောတယ် ကုသိုလ်တော်ဘုရားထဲကတဲ့ (သတိထားလို့ရအောင်သေချာတင်ပေးလိုက်ပါတယ်) ပွဲ၏ဲကတော့မနေ့ညကမှစတာ အပြစ်လုပ်ပြီးထွက်ပေါက်ရှာတာပေါ့ ““နင်ကဘာသဘောလဲ ငါ့ကိုထမင်းခူးပေးတာစေတနာရောပါရဲ့လား ထမင်းစားပွဲကလဲပွထနေတာဘဲကွာ (တောက်) ““၀ုန်း”” ”” ““ဘာလုပ်တာလဲကလေးတွေထမင်းမစားရသေးဘူး နင်လွန်လာပြီနော်”” ““နင်ငါ့ကိုထမင်းခူးကျွေးတာသေချားလုပ်ပါလား အေးပါ ငါသိပါတယ် နင်ဘေးအိမ်ကလူတွေပြောတာနဲ့ ဒီလိုပြောတာမလား””““ အေးပါနင်စပြောတာ ငါပြောရတော့မယ် အဲကောင်မလေးကဘယ်သူလဲ မာစပ်ကဘဲမလား အေပါနင်ရှာတော့ နင်ဘဲသုံးပါ ””““ဘာဘဲဖြစ်ဖြစ်နင်နဲ့မဆိုင်ဘူး အခုနင်လျှောက်ပြောထားလို့အခု ငါရပ်ကွက်ထဲလဲမသွားရဲ ဘူး နင်ထင်ရာလျှောက်မပြောနဲ့ကောင်မရဲ့””““ငါကဘာပြောရမှာလဲ သူတို့ဘာသာနင့်အဲ့မာစပ်က ကောင်မနဲ့တွဲသွားတာမြင်လို့ပြောတာ နင်စကားဆင်ခြင်ပြောနော် ””““အေး .. ငါသွားတယ် ဘာဖြစ်ဲ နင်တို့ကိုရီးယားကားတွေကြည့်ပြီးဘာလုပ်နေတာလည်း အဲ့ထဲမှာမတွေ့ဘူးလား မယားကြီးအိမ်မှာထားပြီး နောက်အိမ်ထောင်တွေပြုနေတာ ””““ သူတို့နိင်ငံယဉ်ကျေးမှုနဲ့ ငါ့တို့ယဉ်ကျေးမှုနဲ့တူလို့လား နင်အမျိုးထဲမှာရော ငါတို့အမျိုဲးမှာရော နင်လိုလူမျိုးမရှိဘူး”” ““တိုးတိုးပြောဘေးအိမ်ကလူတွေအိပ်ကုန်ပြီ နင်လူမှုရေးနားမလဲဘူးလား””““ဟာကွာ”” ယောကျာ်းကအိမ်ပေါ်ကနေဆင်းသွားတယ် မိန်းမကတော့ ငိုပြီးကျန်နေခဲ့တယ်““အေးပေါ့လေ ငါ့ကံဘဲ ဘယ်တတ်နိင်ပါ့မလဲ ကလေးတွေတောင် ဒီအရွယ်ရောက်မှတော့ သီးခံရမှာပေါ့(ငိုပြောနေတာနော်) အရင်တုန်းကဆို သူမူးရင်တောင် ငါ့ခေါင်းကပန်ထားတဲ့ ပန်းကိုရူတာနဲံပျောက်တယ်လို့ပြောတယ် အခုတော့သူကောင်မတွေဘဲပေါ့”” သဇင်လေး လက်နာနေလို့ ဆက်မရေးတော့ဘူး တကယ်တမ်းသနားဖို့ကောင်းတာကတော့ ကလေးတွေပါ မိဘတွေရန်ဖြစ်နေရင်ဘယ်နားနေရမှန်းမသိဘူး အဲအန်တီကြီးကတော့ ဘီယာဆိုင်ကကောင်မတွေ ဘာဖြစ်တယ်ညာဖြစ်တယ်နဲ့ သဲချင်းတို့ရော ဘယ်သူမှာအပြစ်ရှိတယ်ထင်လဲ (သူတို့လင်မယားသိရင်သဇင်လေးအဆဲ့ခံရလောက်တယ်)

Leave a Reply

Find me on facebook - 95Blogger