Facebook
RSS

အချစ်ကြီးရင် ဒီလိုလည်းဖြစ်တတ်တယ်

-
Unknown

 ဟဲ ဟဲ သဇင်လေးက လိုင်းပေါင်းစုံနော် 
အချစ်ကြီးတော့အမျက်ကြီးတယ် ဆိုတဲ့ စကားဟာ တစ်စုံတစ်ဦးအပေါ် အရမ်းချစ်တဲ့ သူတွေ အတွက်မှန်ကောင်း မှန်ပါလိမ့်မယ်။ ဒါဆိုရင် အချစ် ကြီးတဲ့သူကြောင့် (၁၅၀ဝ မေတ္တာနှင့်) အချစ်ခံရတဲ့သူ မှာ ဘာအကျိုးဆက်တွေရှိလာနိုင်သလဲ မေးစရာရှိ ပါတယ်။ ဒါပေမယ့် ဒီဖြစ်ရပ်မှာတော့ အချစ်ခံရသူမိန်းကလေးဟာ ပျော် ရွှင်စရာအချိန်နဲ့ အခိုက်အတန့်ကြုံတွေ့ခဲ့ရသလို ဆေးရုံ တက် ခွဲစိတ်မှုခံခဲ့ရတဲ့အထိလည်း ကြောက်မက်ဖွယ် အန္တရာယ်အဖြစ်အပျက်တစ်ခုနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ "အချစ်ခံရတော့ အန္တရာယ်ကြီးတယ်"လို့ဆိုရတော့ မလိုလို ဖြစ်နေပါပြီ။ တရုတ်နိုင်ငံ၊ ကင်ဒေါင်ပြည် နယ် သူလေးဝမ်ဇူးဟာ သူ့ရဲ့အသက် ၂၂ နှစ်ပြည့် မွေးနေ့ကိုချစ်သူလီအပါအဝင် သူငယ်ချင်းတွေနဲ့ ပျော် ပျော်ပါးပါးဆင်နွှဲနေခဲ့တာဖြစ်ပါတယ်။လီဟာ ချစ်သူ ကို အရမ်းချစ်တာကြောင့်တစ်ကြောင်း၊ ကဗျာဆန်ပြ ချင်တာကြောင့်တစ်ကြောင်း၊ ရုတ်တရက်ရင်ခုန်သွား စေလိုတာကြောင့်တစ်ကြောင်း သူကိုယ်တိုင် အထူး ပြုလုပ်ထားတဲ့ မွေးနေ့ကိတ်ထဲမှာ ပေါင် ၅၀ဝ တန် လည်ဆွဲတစ်ခု မြှုပ်နှံထားခဲ့ပါသတဲ့။ ဖြစ်ချင်တော့ ဝမ်ဇူးက လည်ဆွဲရှိနေတဲ့ ကိတ်မုန့်အသားကို တစ်ကိုက်ကိုက်ပြီး မျိုချ လိုက်ပါတယ်။ ဒါကြောင့် လီဟာ စိုးရိမ်ထိတ်လန့်သွားမှုနဲ့ အတူ အကြောင်းစုံကိုဖွင့်ပြောပြီး ဆေးရုံချက်ချင်းပို့ပေးခဲ့ပါ တယ်။ ဆေးရုံမှာအရေးပေါ်ခွဲစိတ်မှုခံယူခဲ့ပြီးမှ လည်ဆွဲကို ဖယ်ရှားနိုင်ခဲ့တာကြောင့် ချစ်သူအပေါ်အရမ်းချစ်တဲ့သူတိုင်း လီလိုတော့ မချစ်လိုက်ကြပါနဲ့လို့ဆန္ဒပြုရင်း.....။   ခိခိ

Leave a Reply

Find me on facebook - 95Blogger