Facebook
RSS

ကျွန်တော် ပုဇင်း ဘဝ

-
Unknown


ဒီဘလော့ သဇင်လေး ပထမဆုံးစရေးတဲ့ဘလော့လေးပါ ဖတ်လို့ကတော့ဘယ်လိုမှမကောင်းဝူး ဟီး အစချီကတည်းက ဖတ်ချင်စိတ်မ၇ှိအောင်
ဟိုးရှေးရှေးတုန်းက
အရမ်းချစ်ကြတဲ့ကောင်လေးနဲ့ကောင်မလေးနဲ့ရှိတယ်
တစ်နေ့ကျတော့ ကောင်မလေးက ရောဂါတစ်ခုနဲ့ ဆုံးသွားရှာတယ် ကောင်လေးခမျှာဝမ်းနည်းလွန်းလို့
ကောင်မလေးဘေးမှာပဲနေပြီးအစားလည်းမစားဘူး အိပ်လည်းမအိပ်ဘူး ကောင်အလေးကိုပွေ့ပြီးငိုနေရှာတယ်
အဲလိုဝမ်းနည်းပြီးငိုနေတဲ့ကောင်လေးကို ဘုရားကသွားတွေတော့ လူတိုင်းကသေရတာကြည့်ပဲလို့ပြောပြီး
မငိုဖို့ပြောတယ်။အဲ့ဒါကိုကောင်လေးကလက်မခံဘူး ကောင်မလေးအသက်ပြန်ရှင်မယ်ဆိုရင်သူဘာပဲလုပ်ပေးရ
လုပ်ပေးရ သူအသက်နဲ့လည်းရမယ်ဆိုလဲလည်းပါ့မယ်လို့ ဘုရားကိုပြောတော့ ဘုရားက အေးဒါဆိုလည်း
ကောင်မလေးအသက်ရှင်အောင်လုပ်ပေးမယ် သင်က ပုဇင်းဘ၀နဲ့ သုံးနှစ်နေရမယ်လို့ပြောပြီး သူကိုနောင်တမရဖို့လည်းပြောတယ် ကောင်လေးကသူဘယ်တော့မှနောင်တမရပါဘူးလို့ ကတိတွေအကြိမ်ကြမ်
ပေးပြီး ဘုရားကို ကောင်မလေးအသက်ရှင်အောင်လုပ်ပေးဖို့ပြောတယ်။ အဲ့ဒါနဲ့ ဘုရားကလည်း သူကိုပုဇင်းအဖြစ်အရင်ဖန်ဆင်းပြီး ကောင်မလေးကို အသက်ရှင်အောင်လုပ်ပေးလိုက်တယ် အဲဒီအချိန်မှာကောင်လေးဖြစ်တဲပုဇင်းလေးက၀မ်းသာသွား သူပုဇင်းဖြစ်ရကျိုးနပ်တယ်လို့လည်းဘုရားကိုပြောတယ်
ကောင်မလေးကတော့ မသိဘူး ကောင်လေးပုဇင်းလေးဖြစ်သွားတာကို မသိဘူးပေါ့ ကောင်လေးဖြစ်တဲ့ပုဇင်းလေးက ကောင်မလေးနားသွားပြီးကောင်းမလေးရဲ့ပါးကို တယုတရနမ်းလိုက်တယ်
ကောင်မလေးကမသိရှာဘူး ကောင်မလေးက ကောင်လေးကိုလိုက်ရှာတော့ကောင်လေးကိုမတွေ့တော့ဘူး
ဆရာဝန်တွေကိုမေးကြည့်တော့ ကောင်မလေးနေမကောင်းတော့ ကောင်မလေးအနားမှာအမြဲရှိနေတယ်လို့ပြောတယ် ကောင်မလေးသတိရခါနည်းမှမရှိတော့တာတဲ့အဲ့ဒါနဲပကောင်မလေးလည်းကောင်လေးပြန်လာအောင်စောင့်တယ်
ကောင်မလေးက ကောင်လေးလာတဲ့အချိန်အထိစောင့်တာပေါ့ အချိန်တွေသာ တဖြေးဖြေးကုန်သွားတယ်
ကောင်လေးကပြန်မလာဘူး ကောင်လေးကဘယ်မှမသွားပါဘူးကောင်မလေးပုခုံးထက်နားမှာပဲပြန်နေတယ် ကောင်မလေးကမသိလို့ပါ ကောင်လေးကကောင်မလေးကိုခေါ်တော့လည်းကောင်မလေးကမကြားရဘူး
ဒီလိုနဲ့အချိန်တွေတဖြေးဖြေးကုန်ပြီး (၂)နှစ်ကျော်လာတယ် အဲ့ဒီအချိန်မှာ ကောင်မလေးကိုဆေးကုပေးတဲ့ဆ၇ာဝန်လေးကကောင်မလေးကိုနေမကောင်တုန်းက သူဘယ်လိုဂရုစိုက်တဲ့
အကြောင်း ပြောတယ် ကောင်မလေးနဲ့အတူတူရှိနေတယ် တဖြည်းဖြည်းနဲ့ ကောင်မလေးနဲ့ ဆရာဝန်လေးဟာ ရင်နီးလာတယ် ဒီလိုနဲပသူတို့တွေချစ်သူတွေဖြစ်သွားကြတယ် အဲ့ဒီအချိန်မှာ ပုဇင်းဖြစ်တဲ့ကောင်လေးက
ဝမ်းနည်းနေရှာတာပေါ့ ဒီလိုနဲ့ ရက်တွေကြာလာတော့ ပုဇင်းလေး ဖြစ်တဲ့ကောင်လေးက ကောင်မလေးအနားမှာ အမြဲအနေတော့ဘူး သူကောင်မလေးကို အရမ်းသတိရမှ ကောင်မလေးအနားကိုသွားတယ် ဘာလို့လဲဆိုတော့ ကောင်မလေးအနားမှာ ဆရာဝန်လေးရှိနေလို့ပဲ အဲဒီအချိန်မှ ပုဇင်းဖြစ်တဲ့ကောင်လေးကို ဘုရားကမေးတယ် နောင်တရနေပြီလားလို့ ကောင်လေးကလည်းပြန်ဖြေပါတယ်သူနောင်တမရပါဘူးလို့ အခုအချိန်မှာနောင်တရမယ်ဆိုရင် ကောင်လေးကိုလူပြန်ဖြစ်အောင်ဖန်ဆင်ပေးမယ် ကောင်မလေးကိုတော့ အရင်းအတိုင်းပြန်ဖြစ်အောင်လုပ်မယ်လို့ပြောတယ် ကောင်လေးကလက်မခံဘူး သူခံနိုင်၇ည်ရှိပါတယ်လို့ဘုရားကိုပြန်ပြောတယ် ဘုရားကဘာမှမပြောတော့ပဲပြန်သွားတယ် ဒီလိုနဲ့ အချိန်တွေ တဖြေးဖြေးကုန်လာပြီးကောင်လေး ပုဇင်း ဘ၀ကလွတ်ဖို့ရက်ပိုင်းပဲလိုတော့တယ် အဲ့ဒီအချိန်မှာ ကောင်မလေးနဲ့ဆရာဝန်လေးက လက်ထက်လိုက်ကြတယ် ။ ကောင်လေးလည်ပုဇင်ဘ၀မှာနေတဲ့ရက်လည်းစေ့ကော ဘုရားရောက်လာပြီး လူအဖြစ်ဖန်ဆင်းပေးမယ်လို့ပြောတော့ ကောင်လေးကလက်မခံဘူး သူပုဇင်းဘ၀နဲပဲနေပါရစေတော့လို့ဘုရားကိုခွင့်တောင်းတယ်..ဘာလို့လဲဆိုတော့ ပုဇင်းဘ၀မှာနေရင်ကောင်မလေးကိုသူသွားကြည့်လို့ရလို့ပါပဲ.......ဒီလိုနဲ့ပုဇင်းလေးက ကောင်မလေးကိုသတိရရင် ကောင်မလေး နဲအတူထိုင်ခဲ့တဲ့နေရာမှာသွားနေလိုက် ကောင်မလေးကိုသွားကြည့်လိုက်နဲသူဘ၀ကို အဆုံးသတ်လိုက်တယ်..............................
www.thzblogspot.co.cc

Leave a Reply

Find me on facebook - 95Blogger