Facebook
RSS

ချစ်သူဘ၀နှင့်အိမ်ထောင်သည်ဘ၀ခြားနားချက် ၁၀ချက်

-
Unknown

(၁) ချစ်သူဘဝ
အလကားနေရင်းအကြည့်ချင်းဆုံချင်နေ၏။
အိမ်ထောင်သည်ဘဝ
အကြည့်ချင်းဆုံလျှင် အလကားဖြစ်နေရ၏။
(၂) ချစ်သူဘဝ
အမြဲတမ်း ချစ်သူကို တမ်းတမ်းတတဖြစ်၏။
အိမ်ထောင်သည်ဘဝ
တမ်းတမိနေလည်း အချိန်တွေကုန်ဆုံးမှုသာဖြစ်၏။
(၃) ချစ်သူဘဝ
ကလေးဘယ်နှစ်ယောက်ယူလိုက်မယ်ဟုစိတ်ကူး၏။
အိမ်ထောင်သည်ဘဝ
စိတ်ကူးသည့်အတိုင်းကလေးမယူဖြစ်ခဲ့ရင်အကောင်းသားဟုတွေး၏။
(၄) ချစ်သူဘဝ
ကိုယ်ပိုင်ဆိုင်သမျှ အားလုံး သူ့အားပေးလို၏။
အိမ်ထောင်သည်ဘဝ
ကိုယ်ပိုင်ဆိုင်သမျှ တိတ်တိတ်လေးသိမ်းထားလို၏။
(၅) ချစ်သူဘဝ
တစ်ယောက်နှင့်တစ်ယောက်ဖုန်းပြောပါက တိုးတိုးလေးပြော၏။
အိမ်ထောင်သည်ဘဝ
ဖုန်းထဲမှအော်လိုက်ရသည်ကိုပင်အားမရ။
(၆) ချစ်သူဘဝ
ချစ်သူ့အကြောင်းကဗျာရေးဖွဲ့၏။
အိမ်ထောင်သည်ဘဝ
ကဗျာလိုလည်းခံစားလို့မရ...ကဗျာရေးသူ ငစနူ။
(၇) ချစ်သူဘဝ
သူငိုလျှင် ကိုယ်လိုက်ငို၏။
အိမ်ထောင်သည်ဘဝ
သူငိုလျှင် တီဗီအစီအစဉ်တွေ၊ဘောလုံးပွဲတွေကောင်းနေပြီ။
(၈) ချစ်သူဘဝ
လူတောထဲတွင် လက်ချင်းချိတ်၍သွားလေ့ရှိ၏။
အိမ်ထောင်သည်ဘဝ
လူတောထဲတွင် မျက်စောင်းချိတ်၍သွားလေ့ရှိ၏။
(၉) ချစ်သူဘဝ
ချစ်သူအကြောင်းသာမမောတမ်းပြောနေချင်၏။
အိမ်ထောင်သည်ဘဝ
သံသရာမှလွတ်မြောက်ရာအကြောင်း သာတွေး၏။
(၁၀) ချစ်သူဘဝ
ချစ်သူလုပ်သမျှ စိတ်ဝင်စား၏။ချစ်သူလုပ်သမျှအကောင်းချည်း သာ။ ချစ်သူစိတ်တိုင်းကျသာဖြစ်စေချင်၏။
အိမ်ထောင်သည်ဘဝ
လူပေါင်းမှားခဲ့သည့်အတွက် ရင်ထုမနာဖြစ်နေ၏။

Leave a Reply

Find me on facebook - 95Blogger