Facebook
RSS

မျက်စိမမှုန်သောနည်းလမ်း

-
Unknown


 ပီးခဲ့တဲ့ အပါတ်က  စစ်ကိုင်းတောင်မှာ သီလရှင် ၀တ်ခဲ့တယ်။သီလရှင် ၀တ်ခဲ့တဲ့ကျောင်းမှာ အသက်ကြီးကြီး အဘွားတယောက်ရှိတယ်
အမေကြီက အသက်(၈၈)နှစ်ရှိပါပီ  ဒါပေ့မယ့် နားထိုင်းခြင်း၊မျက်စမှုန်ခြင်း စတဲ့လူကြီးရောဂါ အလျင်းမရှိသေးပါ။ ခါးနည်းနည်း ကိုင်းခြင်းသာရှိပါ၏။  သဇင်ရောက်သွားချိန်တွင်  အမေကြီး ကအ၀တ်ဟောင်း တချို့ကို  စပ်ဟက်ပြီး မြေပဲစံ ထည့်ရန် အိပ်ငယ်လေးများ ချူပ်လုပ်နေတယ်။
`အမေကြီး    မျက်စိကောင်းလှချိလား၊ `ဟုသဇင်က နှုတ် ဆက်လိုက်၇ာ အမေကြီးက `ကောင်းပါ့နော် ကောင်းပါ့  ဆရာလေးက ဒီကျောင်းကလား  `ဟု ပြန်ဖြေပါသည် ။
`ဟုတ်ကဲ့ ဒါနဲ့ အမေကြီး မျက်စိမမှုံ တာ မျိုးရိုးနဲ့ ဆိုင်သလား ဟင် `
 `ဆရာလေးကတော့ လူငယ်ပီပီ မေးပီးဟေ.  အင်း…မျိုးရိုးလဲ ပါမှာပေါ့ကွယ်..ဒါပေ့မယ့် ကိုယ်တိုင် ကိုယ်ကျ ကျန်းမာရေး လိုက်စားဖို့က အဓိက ကျပေလိုက်မယ်.`
 `မျက်စိမမှုန်အောင် ဘယ်လိုနေတိုင်လုပ်ကိုင်ရမလဲ အမေကြီး နည်း လမ်းလေးများရှိရင် မစပါဦး`
`အင်း အဟင်း..အင်း.. အမေကြီးတို့ ဘိုးစဉ်ဘောင်ဆက်  နေတိုင်းလုပ်လာနည်းလေးကတော့ကွယ်  မနက်စောစော အိပ်ယာ ထထ ခြင်း မျက်နှာ မသစ်ခင်   ပါးစပ်ထဲ ရေအပြည့်ငုံ ပြီး…ရေ ဇလုံ တလုံးထဲ ကို မျက်နှာနှစ်ထားလိုက်ရမယ်။ မျက်စိကိုဖွင့်လိုက်ပိတ်လိုက် ရေဇလုံ ထဲမှာ လုပ်နိင်သလောက်လုပ်ပေးရမယ်။
ပါးစပ်ထဲ ငုံထားတဲ့ရေကို မထွက်စေနဲ့နော် ။လုပ်နိင်သလာက်လုပ်ပီးမှရေကိုထွေး
ထုတ်ပစ်ရမယ်.။ဒါ့ကြောင့်မို့လဲ အမေကြီးခုချိန် အထိ အ၀တ်ချုပ် အပ်ပေါက်ထိုးနိင်တာပေါ့ကွယ်……….ဆရာလေးလဲ လူဝတ်လဲရင် အလို အကျင့်လေး ထားပါ့လား `  `ဟုတ်ကဲ့အမေကြီး` 

အမေကြိးကတာ အလိုမှာတာ သဇင်လေးကတော့ အခု ထိ မလုပ်ဖြစ်သေးဘူး  ကွန်ပျုတာ အသုံးများတယ် သူငယ်ချင်းတွေ သိရအောင် တင်ပေးလိုက်တာပါ။

Leave a Reply

Find me on facebook - 95Blogger