Facebook
RSS

လူဝင်စား မောင်တင်မိုးလေး

-
Unknown

ကိုခင်ရွှေသည် ယာခင်သွားရန် ထွက်လာစဉ် အနောက်မှ ခြေသံတရှပ်ရှပ်ကြားရသဖြင့် လမ်းလျှောက်ရာမှ ရပ်လိုက်သည်။ကိုခင်ရွှေရပ်လိုက်သည်နှင့် ခြေသံကလဲ ရပ်သွားသည်။လှည့်ကြည့်လိုက်တော့ လည်း ဘယ်သူ့ကိုမှမတွေ့။
“ မောင်တင်မိုးရာ ငါ့လူတော့ ငါ့ကို လိုက်နောက်နေပြန်ပီ၊မင်းကွာ ငါရေတွင်းသွားလဲ နောက်ကလိုက် ၊ ယာခင်းသွားလဲ နောက်ကလိုက်နဲ့၊ အော် မင်းဆုံးတာ ရက်တောင်မလည်သေးဘဲ ကို၊ ငါ့တူကြီးရာ အမျှ အမျှ အမျှ ပေး ပါတယ် ကွာ ၊သာဓုခေါ်ပြီး ကောင်းရာ မွန်ရာ ဘ၀ရောက်ပါစေ ကွာ”
ကိုခင်ရွှေက ခြေသံကြားသဖြင့်အမျှဝေလိုက်ကာ သူ့ယာ ခင်း သူဆက်သွား သည်။အလုပ်ခဏ နားနေစဉ် မောင်တင်မိုးအကြောင်း ဆက်ပြီးတွေးနေ မိသည်။မောင်တင်မိုးနေမကောင်းစဉ်က မည်သူမှအကိုင်မခံ ။ကိုယ်ပူလို့လဲ စမ်းမရ။နဖူးလာစမ်းသောလက်ကို ဖယ်ဖယ် ပစ်သည်။ ကိုခင်ရွှေက စမ်းကြည့်ရင်တော့ အကိုင်ခံသည်။စွပ်ပြုတ်ရေသွားတိုက်ရင်တော့ ထတိုက်၇ှာ သည်။ မောင်တင်မိုးမိဘတွေကတွေကလဲ ယာခင်းတဘက်၊ကလေးငယ်တဘက်နှင့် ကလေးနေမကောင်းလဲ သိပ်ဂရုမစိုက်နိင် ။ကလေးများသဖြင့်စားဝတ်နေရေး အတွက် လုံးပန်းရသဖြင့် နေမကောင်းသော ကလေး ကို အဘွားနှင့် ထားကာ လုပ်ငန်းခွင် ၀င်ကြရသည်။
မောင်တင်မိုးတို့ရွာ သည် ဆေးခန်းလဲမရှိ။လှည်းနွားကိုသားအသုံးပြုကြသည်။ခရီးဝေးကားများပေါပေါများများမပြေးဆွဲသေးသဖြင့် မြို့ပေါ်လဲ အရောက်အပေါက် နည်းသည်။အဖျားကြီးသော်လည်း ဆေးကောင်းဝါးကောင်းမသောက်ရ မြို့ပေါ်တတ်ပြီးဆေးကုရမှန်းလဲမသိ၊ဆေးမှီးတိုနှင့် သာ ကုသနေသဖြင့် အသက်ရှစ်နှစ်နဲ့ သာ မောင် တင်မိုး ဆုံးရရှာ သည်။မောင်တင်မိုးဆုံးသောအခါဘာမှမတော်သော်လည်း အိမ်နီးနားချင်းဖြစ်သည်.ကိုခင်ေ၇ွှက စိတ်မကောင်းဖြစ်ရသည်။
မိန်းမဖြစ်သူ ယာထဲသို့ ထမင်းလာပို့တော့ နံနက်က အဖြစ်ကိုပြောပြမိသည်။
`သူ့အိမ်မှာတောင် ဘာမှမဖြစ်တာ၊မောင်တင်မိုးလဲ ဟုတ်ချင်မှဟုတ်မှာပါ တော့်စိတ်ကိုက ဒါဘဲ စွဲနေလို့နေမှာပေါ့` လို့ မစိန်မေကပြောတော့လဲ ကို ခင်ရွှေဘာမှပြန်မပြောတော့။နောက်ကတယောက်ယောက်လိုက်လာတာတော့ သေချာတယ်။
ဘာမှန်မသိ။မဟုတ်ရင်တော့ကောင်းပါသည်။ ထိုကလေးကို ချစ်တော့ ပရလောကသားတစေသရဲဘ၀မျိုးလဲ မဖြစ်ချင်ပါပေ။မောင်တင်မိုးလေး ဆုံးပီး မကြာခင်မှာ သူ့အမေက အိမ် မက် မက်သည်။
“အမေ အမေ သားဦးလေး ဦးခင်ေ၇ွှတို့ အိမ်မှာ သွားနေတော့မယ် အမေက နေမကောင်းတုန်းကလဲ ဂရုမစိုက်ဘူး။ဥိးလေးကမှသားကိုဂရုစိုက်တာ”
မောင်တင်မိုးအိမ်မက်ပေးတော့လဲ သူတို့စိတ်ထဲ အိမ်မက်ဘဲ ဟုမေ့မေ့လျော့လျော့နှင့် သိပ်မတွေးမိပါ ။ပြန်ဝင်စားတော့မယ်ဟုတ်ဝမ်းသာ၇မှန်းလဲ မသိ။ဝမ်းစားရေးသာလုံးပန်းနေကြသည်။
ကိုခင်ရွှေကိုလဲ အိမ်မက်ပေးသည်။ “သားဥိးလေးအိမ်မှာ လာနေတော့မယ် လက်ခံမယ်မဟုတ်လား`` ``လက်ခံပါတယ် ငါ့တူရာ ၊လာနေစမ်းပါ၊ မင်းလာနေရင် ဥိးလေးက၀မ်းသာမှာပေါ့”
ကိုခင်ရွှေပြောလိုက်သည်နှင့်မောင်တင်မိုးက အိမ်ထဲ သို့ပြုံးပြုံးရွှင်ရွှင် ၀င်လာသည်။
အိပ်ယာနိုးမှ အိမ်မက်မှန်းသိတော့သည်။ မစိန်မေကိုသာပြောဖြစ်ပြီး မောင်တင်မိုးတို့အိမ်ကိုတော့ ကိုယ့်အလုပ်နှင့် ကို မလို့မပြောဖြစ်ခဲ့ပါဘူး။
မောင်တင်မိုးလေးကို အိမ် မက် မက်ပီး မကြာခင် မစိန်မေသည် ကိုယ်ဝန်ရှိလာခဲ့သည်။ကလေးကို ကိုးလလွယ် ဆယ်လ ဖွားခဲ့၇သော်လဲ အစားအသောက် မပျက်၊အလုပ်အကိုင်မပျက်ဘဲ မွေးတော့လဲ လွယ်ကူလှသည်။ မလွယ်သည်က မွေးကတည်းက ငို.ငိုနေသဖြင့် အနီးအနားမှာနားလည်သူများက ပြောကြသဖြင့် အိမ်မက်ကို သတိရမိသည်။မောင်တင်မိုးတို့အိမ်သွားကာ မောင်တင်မိုး၏ပစည်းတခုခုကိုပေး၇န်ပြောရသည်။မောင်တင်မိုးနှစ်သက်သောကစားစရာသေနတ်ကလေးကိုအနားမှာထားပေးတော့ ကလေးလေးက အငိုတိတ်သွားသည်။
ကလေးလေးက ၀၀လုံးလုံးလေးမို့ ၀လုံးလေး ဟုတ်ခေါ်ကြသည်။အမေဖြစ်သူမစိန်မေက သူ့သားလေးကို ၂နှစ်သား အထိ ၀လုံးလေး ဟုခေါ်နေကြသဖြင့် ပြောရှာသည်။မိသားစုဝင်တွေကတော့အငယ်ဆုံးမလို့ မောင်ထွေးလေးလို့ဘဲ ခေါ်ကြတယ်
“အဖေကြီး တော့သားက လူဝင်းစားလို့သာတော်ကပြောတာ ၊သူဘာမှလဲမပြောဘူး၊တအိမ်ဘဲခြားတာကို သူ့အိမ် ကို သွားလဲ မသွားဘူး။ခင်လဲမခင်ဘူး၊ မအေးတင်း(မောင်တင်မိုးအမေ)ကိုမြင်ရင် ၀င်ဝင်ပြေးတာ ၊တကယ်ဝင်စားတယ်ဆို သူက သူ့အိမ်နီးနိးလေးဘဲ သူသွားချင်မှာပေါ့”
`` မစိန်မေကလဲ တချို့က ၀င်စားပေမယ့်ပြန်မပြောနိင်တာ၊ဘ၀ဟောင်းကိုသတိမ၇တာတွေအများကြီးရှိတာ၊လူဝင်စားတွေမှာ အတိတ်ဘ၀ ကို သိတာလူနဲစုဘဲရှိတာ``
“ကျုပ်တို့သားလေးက ဖျားပြီးမှသေးလို့ ဒါ့ကြောင့်များ ပြန်မပြောတာလာ မသိဘူးနော်၊တော်ကဘုန်းကြီးကျောင်းထွက်လို့မပြောရဘူး။ဆရာတော်ကြီးကျောင်းမှာ စာအုပ်တွေလဲအများကြီးရှိတော့ စာအုပ်တွေယူယူဖတ်တော့ဗဟုသုတစုံတာဘဲ”
“ငါလဲ အတန်းပညာတတ်ပါတယ်ကွ”
လင်မယား၂ယောက်လူဝင်စားအကြောင်းပြောရင်မောင်ထွေးလေးအကြောင်းပြောဖြစ်ကြတယ်
အသက်ကိုးနှစ်အရွယ်ရောက်တော့ မောင်ထွေးလေးကိုရှင်ပြုသည်။ကိုရင်က ဆွမ်းခံကြွတော့မအေတင်းတို့အိမ်ကိုကျော်ပြီး ဆွမ်းခံကြွသည်။ထိုအိမ်ကိုဆွမ်းခံမကြွသဖြင့်အိမ်အထိလိုက်လောင်းသည်။
``ကိုရင်နှယ် တပည့်တော်မကဆွမ်းလောင်ချင်တာကို နောက်နေ့ကြ အိမ်ရှေ့ရပ်ပါ့ဘုရား၊ဆွမ်းဟင်းပါလောင်းချင်လို့ပါဘုရား။’’
‘မရပ်ချင်ပါဘူး အမေတို့ကသိပ်နှမြောတာ။ကျုပ်သေတော့ဆွမ်းလုံးလေး တလုံးဘဲချပေးတာ
နောက်ထပ်ကိုမလှုပေးဘူး။ဆွမ်းလုံးလဲချမပေးဘူး။အမေတို့ကိုစိတ်နာတယ်။နေမကောင်း
တုန်းကလဲ ဂရုမစိုက်ဘူး ကျုပ်ကံကောင်းလို့ လူပြန်ဖြစ်လာရတာ”
ကိုရင်ထိုသို့ပြောပြီး ဆက်လျှောက်သွားသည်။မအေးတင်လည်း မျက်ရည်ကျကာကျန်ခဲသည်
“မောင်ထွေးလေးက ဒါဆိုကျုပ်သားသေလို့ ၀င်စားတာသေချာတာပေါ့၊တော်တို့ သူ့ကစားစရာလေး လာယူတုန်းက ပေးသာပေးလိုက်ရတယ် မဟုတ်ဘူးထင်တာ ဟုတ်ရငါ ကျုပ်အိမ်ကို လာမှာပေါ့လို့တွေးတာ။’’
“ဟုတ်ပါတယ် မအေးတင်ရာ ဒါပေ့မယ့်သူက မအေးတင်တို့ကို မခင်တွယ်တော့ ပြောပြရင်လဲ
သူကမလာချင်နဲ့ စိတ်မကောင်းဖြစ်မှာစိုးလို့ မပြောတာပါ ‘’’
မအေးတင်လဲ သူ့သားဝင်စားးမှန်းသိကတည်းက မစိန်မေတို့အိမ်လာလာပြီး မောင်ထွေးလေးကို စကား လာပြောသည်။အိမ်အလည်ခေါ်သည်။ဒီဘ၀ အဖေအမေတို့ကလည်း သွားလည်ဖို့ တိုက်တွန်း သည်။
‘သွားပါသားရယ် သူကဟိုဘ၀ကအမေဆိုတော့ သားကိုသူ့သားတော်ခဲ့လို့ချစ်ရှာမှာပေါ့။
အမေတို့က မလွှတ်လို့ သားမလာတာလို့ ထင်နေဦးမယ်’
‘အမေကလဲ အဲ့ဒီ့အမေက နှုတ်ကြမ်းတယ် အမေရဲ့ ၊အမေလို မဟုတ်ဘူး သူမထင်ရင်မထင်သလိုဆဲဆဲပြောတာ”
မောင်ထွေးလေးစကားကြောင့်အိမ်သားများရယ်ကြရသည်။မောင်ထွေးလေးက သူလူပြန်မ၀င်စားခင် ဖြစ်ပျက်ခဲ့ ၀ိညာဉ်ဘ၀အကြောင်းကို သူ့အစ်ကို အစ်မ များ အားပြောပြသည်။
‘ ‘၀ိညာဉ်ဘ၀ဖြစ်၇တာ သိပ်ကြောက်စရာကောင်းတာ ကျွန်တော်သေသေချင်းတစေဖြစ်တော့ ဟိုဘ၀က အဖေ့ကို ခင်ခဲ့တာ့ အဖေ့နောက်ကိုလိုက်နေတာ ။အဖေကမလိုက်နဲံပြောတော့ လျှောက်သွားနေတုန်း ၀ိညာဉ်
တကောင်ကို တခြား ၀ိညာဉ်တကောင်က ၀မ်းသာအားရဆွဲခေါ်သွားကြတယ်၊ ငါတို့အဖော်တကောင်တိုးလာပြီ လာခဲ့ လာခဲ့ အတူနေကြမယ်လို့ ပြောကြတယ် လူတယောက်သေပြီးရင်ဝိညာဉ်ဖြစ်လို့ သူတို့ သိပ်ပျော်နေကြတာ ကျွန်တော့်ကိုတော့ သူတို့က မခေါ်ကြဘူး မခေါ်တာနဲ့ကျွန်တော်လဲ သူတို့အနောက်ကိုလိုက်သွားတော့ အတင်းမောင်းထုတ်ကြတယ်။ မင်းကအကုသိုလ်နည်းလို့ လူပြန်ဖြစ်မယ့်ကောင်တဲ့ ငါတို့နဲ့အတူ လာမနေနဲ့ မင်းဘာသာနေငါတို့နောက်မလိုက်ခဲ့နဲ့တဲ့ မင်းကိုလက်ခံမယ့်သူလိုက်ရှာ မင်းက မကြာခင်လူပြန်ဖြစ်မှာတဲ့သူတို့ကအလိုနှင်ထုတ်တော့ကျွန်တော်လဲ အိပ်စရာနေရာ မရှိ နေစရာ နေရာမရှိနဲ့ သိပ် စိတ်ဆင်းရဲရတာ အိပ်တော့ ဖတ်ရွက်ကလေးတဖက်ကို ခင်းပီး ဖက်ရွက်လေးတရွက်ကိုမိုးပြီး အိပ်ရတာ၊သစ်ပင်တွေမှာလဲ နေလို့မရဘူး အကိုင်းအခတ်တွေမှာ သူ့နေရာနဲ့သူပြည့်နေလို့ နေစရာတောင်မရှိတဲ့ဘ၀မှာ သိပ်ကြောက်စရာကောင်းတာ ၊ ဒါနဲ့အခု ဘ၀အဖေ့ကို သတိရပီးနေခွင့်တောင်းတော့ အဖေကနေခွင့်ပေးလိ့ လူပြန်ဖြစ်ရတာမို့ အဖေ့ကို သိပ်ကျေးဇူးတင်တာ၊”””
မောင်တင်မိုးဘ၀တော်တော်ကံကောင်းပါသည်။ သေပြီးမကြာမှီလူပြန်ဖြစ်ပြီးဝိညာဉ်ဘ၀မှာ
လဲ မကြာခဲ့ ။ငယ်ငယ်ရွယ်ရွယ်နဲ့သေခဲ့ပြီး အကုသိုလ်နည်းပါးသော်ကြောင့် လူပြန်ဖြစ်ခဲ့၇သည်။ ။
သဇင် ဆက်ပြိး အကွန့်ရှည်ပြီး ရေးနေရင် ဖတ်ရတာ ပျင်းသွားမှာဆိုးလို့ ဒီလောက်နဲ့အဆုံသတ်လိုက်ပါတယ်။ ။
www.shweminthamie.blogspot.com
Upload Pictures

Leave a Reply

Find me on facebook - 95Blogger