ရေအိုးတလုံးရဲ့ဒသန
ကျွန်တော်ကတော့ အမြဲအေးနေတဲ့
ရေအိုးလေးပေါ့ ရွာကလေးတရွာလယ်သမားတယောက်အိမ်မှာနေပါတယ်။မြန်မာနိင်ငံမှာဘဲနေပါတယ်။
ဟောပြောရင်းဆိုရင်း သူကျွန်တော်ဆီလာပြီ…..ဟောဗျာ ..တခွက်သောက်လိုက်ပြီ..ပြီးတော့
သူ
့မိသားစုတွေကိုလဲပြောလိုက်သေးတယ်..မနက်စောစောစီးစီးရေ သောက်တာကောင်းတယ်တဲ့
ကျွန်တော်ဆီကိုကလေးတယောက်ပြေးလာတယ်ဗျ
ကျွန်တော့ထဲက တခွက်ကိုသူသောက်ပြီးပြောလိုက်တယ်
ရေလေးကအေးနေတာဘဲတဲ့ သူတိုကျွန်တော့ကို ချီးမွမ်းနေပြီ …ပျော်လိုက်တာ…အပြင်သွားလို့ပြန်လာလဲကျွန်တော့်ထဲကရေကိုသောက်ကြပါတယ်.။
သူတို့အခုကျွန်တော့်ကို သူတို့
အလုပ်လုပ်တဲ့ ယာထဲကို ခေါ်သွားတော့မယ် ဗျ
ကျွန်တော့ကို ပွေ့  ပြီးတော့ သယ်သွားပါတယ်
ကျွန်တော်လဲ ဇိမ်နဲ့ လိုက်သွားတာပေါ့ ကျွန်တော်ကို သူအလုပ်လုပ်တဲ့ယာ
ဘေးမှာချထားတယ် သူမောတဲ့အခါ
ကျွန်တော်ထဲကရေကိုသောက်တာပေါ့ ကျွန်တော်ပျော်ပါတယ် သူတို့နဲ့နေရတာကို
ကျွန်တောလိုဘဲယာထဲကို
ပိုင်ရှင်ခေါ်လာလို့ ပါလာတဲ့ရေအိုးတွေလဲရှိပါတယ်
သူတို့နဲ့လည်းမိတ်ဖွဲ့စကားပြောမိပါတယ်
`ငါသခင်က ငါ့ရေကို
မနက်တိုင်းမသောက်ဘဲမနေဘူး ပီးတော့လဲ
ငါ့ကိုအမြဲချီးမွမ်းတယ်`ကျွန်တော်ကဘဲ
ကျန်တဲ့ရေချမ်းအိုးတွေကို ကြွားတာပေါ့ သူတို့ကတော့ ဘာမှပြန်မပြောနိင်ဘူးလေ
သူတို့က ကျွန်တော်လောက်အလေးပေးမခံရတာ။
တရက်ကျွန်တော်တို့အိမ်ကိုလာတဲ့ဧည့်သည်ကောင်မလေးကချောလိုက်တာဗျာ
ကျွန်တော်က
ရေအိုးဖြစ်နေလို့ပေါ့၊ကျွန်တော်သာ……။
ကျွန်တော်ထဲကရေကို
ကျွန့်တော်အိမ်သားတွေတင်မကပါဘူး အိမ်ကို အလည်လာတဲ့မိတ်ဆွေတွေနဲ့ ရဟန်းသံဃာ တွေလည်းကျွန်တော့်ထဲကရေကိုသောက်ပီးကျွန်တော့်ကို
ချီးမွမ်းပါတယ်။
``ဒီရေအိုးထဲကရေတွေက
အမြဲအေးနေတာဘဲနော် နွေရောက်လို့ ပူအိုက်နေတဲ့အခါဒီေ၇လေးသောက်ရရင် အမောပြေမှာဘဲ”
ကျွန်တော်လဲ
ရေအကျိုး (၁၀) ပါးမတောင်းဘဲနဲ့ပြည့်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
ကျွန်တော်တို့ရွာမှာလျှပ်စစ်မီးဆိုတဲ့အရာကြီးရလာတော့ ကျွန်တော်နေတဲ့အိမ်က တီဗီတို့၊ရေခဲသေတ္တာ တို့
ဝယ်လိုက်တာပေါ့။
ဒီလိုကျွန်တော်
ချီးမွမ်းခံရမှုတွေ ကြောင့်ပီတိတွေ ဖျာနေတဲ့နောက်ပိုင်းမှာ ကျွန်တော့်အိမ်ကို
ဂြိုလ်ဆိုးကြီးတခု ၀င်လာပါတယ်ဗျာ။ အဲ့ဂြိုလ်ဆိုးကြီးကြောင့် ကျွန်တော်ကို
အိမ်သားအားလုံးလှည့်ကိုမကြည့်ကြတော့ပါဘူး..အပြင်သွားလို့ပြန်လာလည်း
အဲ့ဟာကြီးထဲကရေကိုဘဲသောက်ကြတယ်။မိုးလင်းလဲအဲ့ဟာကြီးထဲကရေကိုဘဲသောက်ကြ
တယ်။
ယာထဲသွားလဲအဲ့ဟာကြီးထဲကရေကိုဘဲယူသွားကြပါတယ်။ကျွန်တော်ကိုလှည့်ကိုမကြည့်ကြ
တော့ပါဘူး။နွေရာသီမှာ
နေကလဲ အလွန်ပူပြင်းသည့်အတွက်
ကျွန်တော်ဗိုက်ထဲမှာခမ်းခြောက်နေပြီ၊
ဘာရေမှမရှိတော့ပါဘူး၊အဲဟာကြီးထဲကိုဘဲရေထည့်ပီးကျွန်တော်ဆီကိုမလှည့်လာဘူးလေ။
ပြီးတော့ပြောသေးတယ်
အဲ့ဒိဟာကြီးထဲကရေအေးလွန်းလို့ခဲတောင်ခဲသေးတယ်တဲ့။ရေခဲသေတ္တာဆိုတော့လဲခဲတော့မှာပေါ့။
ကျွန်တော်ကိုစော်ကားတာပေါ့ အဲ့ဟာကြီးမရှိခင်တုန်းကကျွန်တော်ကိုထဲကရေကိုဘဲ
အေးတယ်ဆိုပြီးသောက်ကြတယ်။ကျွန်တော်အပေါ်မှာလဲ
ပိုးမျှင်တွေတောင်တတ်ကုန်ပြီပေါ့
ဗျာ။ဘာမှအသုံးမ၀င်တော့တဲ့ကျွန်တော့်ကို
ဘယ်သူကဂရုစိုက်ချင်တော့မှာလဲဗျာ။
သူတို့အိမ်သန့်ရှင်းရေလုပ်တဲ့တရက်မှာတော့ကျွန်တော့်ကိုအိမ်ရဲ့ထောင့်တနေရာမှာစွန့်ပစ်ထားလိုက်ပါတယ်
။ မိုးဆိုတာအစဉ်မကောင်းသလို အစဉ်လဲမခေါင်ပါဘူး။ အဲ့ဒိဟာကြီးလဲ အရင်လိုမအေးနိင်တော့ဘူးလေ၊ဘယ်အေးတော့မလဲ လျှပ်စစ်မီးမှ မလာတော့တာ ။အခုကျွန်တော့ဆီပြန်လှည့်လာကြပြီလေ။
ကျွန်တော့်ကို
ဖုန်သုတ်ရေဆေးပြီးတော့ ကျွန်တော့်ကိုအရင်နေရာပြန်ထားပြီရေအပြည့်
ဖြည့်ထားပါတယ်။
သူကျွန်တော့ဆီလာပြီး ကျွန်တော်ထဲကရေကိုသောက်ပြီးပြောသွားတယ်။
ဒီရေအိုးလေးဘဲ
ငါတို့ကို့ကို ထာဝရ အေးချမ်းမှုပေးတယ်.။။.
ကဲ..သဲချင်းတို့လဲဖတ်ရတာမောပြီ ရေသောက်လိုက်ဦး။ ။
