ပျော်ရွှင်ခြင်းအော်သံမျှား။ ။
အဘိုးအိုတဦးသည်
အသက်(၂၅)နှစ်အရွယ် သူ၏သားငယ်နှင့်အတူ ရထားတစင်းထွင်ထိုင်လျက်ရှိသည်။
ရထားစတင်ထွက်ခွာစဉ် လူငယ်ကလေးသည် ပျော်ရွှင်မှုများနှင့်
သိချင်စိတ်ပြင်းပျမှုတို့ဖြင့် ပြည့်ညှပ်နေသည်။သူသည်
ပြတင်းပေါက်ဘက်တွင်ထိုင်လျက်ရှိသည်။ သူသည်လက်တဘက်ကို အပြင်သို့ဆန့်ထုတ်ကာ
အပြင်ဘက်မှတိုက်နေသော လေ၏အရသာကိုခံစားလိုက်သည်။
“ဖေဖေ..ကြည့်ပါဦး
သစ်ပင်တွေအားလုံး
အနောက်မှာကျန်နေခဲ့ပြီ”ဟုသူအော်ပြောလိုက်သည်။ဖခင်ဖြစ်သူသည် ပြုံးကာ
သား၏ခံစားချက်များကိုနှစ်သက်သဘောကြလျက်ရှိသည်။သူ
့သားငယ်၏ဘေးတွင်စုံတွဲတတွဲထိုင်လျက်၇ှိပြီး သားအဖ
အပြန်အလှန်စကားပြောနေပုံကို
နားစွင့်လျက်၇ှိသည်။(25)အရွယ်လူငယ်တယောက်၏ ကလေးပမာပြုမူနေပုံကို အလိုမကျဖြစ်နေကြသည်။
ရုတ်တရက်ဆိုသလိုလူငယ်ကလေးကထပ်မံအော်ပြောလိုက်ပြန်သည်။
“ဖေဖေ..ကြည့်ပါဦး ရေအိုင်တွေ၊မိုးတိမ်တွေနဲ့ တိရိစာန်တွေဟာ ရထားနှင့်အတူလိုက်ပါ
လာနေကြတယ်”စုံတွဲသည် လူငယ်ကလေးအား အံသြစွာ ကြည့်ရှုလျက်ရှိသည်။
မိုးစတင်ရွာချကာ မိုးစက်အချို့သည် လူငယ်ကလေး၏လက်ကိုထိလေသည်။လူငယ်ကလေးသည် အပျော်ကြီးပျော်ကာ မျက်လုံး
အစုံကိုမှိတ်လိုက်သည်။သူကထပ်မံအော်လိုက်ပြန်သည်။
“ဖေဖေ…မိုးတွေ၇ွာနေတယ်၊မိုးစက်တွေ ကျွန်တော့်လက်ကိုလာထိနေတယ်။ကြည့်ပါဦး ဖေဖေရေ့ …!”
နောက်ဆုံးသော်စုံတွဲသည် ဖခင်ကြီးအား လှမ်းမေးလိုက်သည်
“ဆရာဝန်လေးဘာလေးသွားပြပြီး သားအတွက်ကုသမှုခံယူလိုက်ပါ့လား” အဘိုးအိုက
“အေး..ငါတို့ဆေးရုံကပြန်လာနေကြတာ။ပြီးတော့ဒီနေ့ ငါ့သားတယောက်ပဲ သူ့ဘဲသူ့ဘ၀မှာ
ပထမဆုံးအကြိမ် မျက်စိနှစ်ကွင်း အလင်းပြန်၇ခဲ့တာပါ။ငါတော့ မရသေးပါဘူးပေါ့ကွာ”
ဟု ပြန်ဖြေလိုက်တော့သည်။ ။
သဇင်လေး
ဒီ essayကိုဘာသာပြန်ပြီးသာေ၇တာ အစတုန်းကဒိessayက
ဘာကိုဆိုလိုမှန်းမသိခဲ့ဘူး
နောက်ဆုံးအဘိုအိုပြောတဲ့စကားလေးမှသဘောပေါက်တော့တယ်။ ။
Shouts of Joy ESSAY အားနားလည်သလို ဘာသာပြန်ဆိုထားပါသည်။ ။
မူရင်းMicosoftword file ပါ တင်းပေးလိုက်တယ် ဒေါင်းဖတ်ချင်ရင်ပေါ့
Shouts of Joy
http://www.shweminthamie.blogspot.com/
Categories:
Blog