အရှုံးထဲကအမြတ်
သူငယ်ချင်းတို့ နာမည်ကျော်တီထွင်သူသောမက်အက်ဒီဇင် ကို သိကြမှာပေါ့ သူ့အကြောင်းနဲ့ပါတ်သတ်တာကိုပြောပြမယ်နော်..
နယူးဂျာဆီ ပြည်နယ်၊၀က်(စ်)အောရင့်ဂ်ျမြို့တွင်ဒီဇင်ဘာညလေးမှာအေးချမ်းလျက်ရှိသည်
သောမက်အက်ဒီဇင်၏စက်ရုံသည်လည်း
နေညမပြတ်လည်ပါတ်လျက်ရှိသည်။
ထိုခေတ်ထိုအခါကအင်္ဂတေနှင့်သံထည်များဖြင့်ထည်ဆောက်ထားသော အက်ဒီဇင်၏စက်ရုံမှာ
မီးလောင်ခံစက်ရုံဟုပင်ယူဆရမည်။သို့သော် ထင်သလိုမဟုတ်ခဲ့ပါ။
ချမ်းအေးသောညတညတွင် စက်ရုံခေါင်မိုးပေါ်မှပေါက်ထွက်လာသောမီးလျှံများကြောင့်
ကောင်းကင်တပြင်လုံး မီးရှူးမီးပန်းများ ဖောက်လိုက်သည့်အလား
ထိန်ထိန်လင်းသွားလေသည်။ အက်ဒီဇင်၏ အသက်(၂၄)နှစ်အရွ့ယ်သား ချားလ် သည်
နာမည်ကြီးတီထွင်သူဖခင်ကြီးအား ကြောက်အား
လန့်အားဖြင့်၇ှာဖွေသည်။ရှာဖွေတွေ့သော
အခါတွင် အက်ဒီဇင် သည် တဟန်းဟုန်းတောင်လောင်နေသော မီးတောက်များကိုရပ်ကြည့်နေသည်။သူ၏မျက်နှာမှာလဲတဟုန်းဟုန်းတောက်လောင်နေသော
မီးတောက်များကြောင့်အရောင်ထင်ဟက်လျက်ရှိသည်။
“ကျွန်တော်သူ့အတွက်စိတ်မကောင်းပါဘူးဗျာ”ဟုချားလ်စ် ကပြောတယ်။
“ကြည့်ပါဦး …အသက်(၆၇)နှစ်ဇရာ ထောင်တဲ့အရွယ်ကြမှဘဲ ကြိုးစားခဲ့သမျှအားလုံးအချီး
အနှိးပေါ့။
ကျွန်တော့်ကိုမြင်တော့သူက ‘ချားလ်စ်! မင်းအမေရော’ ဟုလှမ်းအော်မေးလိုက်တယ်
ကျွန်တော်ကအမေဘယ်ရောက်နေမှန်းမသိဘူးလို့ဖြေလိုက်တော့သူက ‘သွားရှာစမ်း
ဒီကိုခေါ်လာခဲ့ သူမ၏သက်တမ်းတလျှောက်လုံး ဒီလိုမြင်ကွင်းမျိုး
တစ်သက်လုံးကြုံတွေ
ရမှာမဟုတ်ဘူး’ ဟုကျွန်တော်ကို့ပြောတယ်”
နောက်တနေ့န့နက်တွင် အက်ဒီဆင်သည် သူ၏ပြာကျသွားသော စက်ရုံကိုကြည့်ကာ ဆုံး
ရှုံးမှုနှင့်ပါတ်သတ်ပြီး အောက်ပါအတိုင်းပြောလိုက်သည်။
“ အပျက်အဆီးထဲကအမြတ်ထွက်တာပါကွာ။ တို့ရဲ့အမှားအယွင်းတွေအားလုံး မီးလောင်ပြာကျ
သွားပြီလေ တော်ပါသေးတယ်။တို့အစကနေပြန်စခွင့်ရတာပေါ့”
ashonehtaekaamyat.doc(ဒေါင်းရန်)
www.shweminthamie.blogspot.com
Categories:
Blog