Facebook
RSS

နည်းပညာအချက်အလက်နှင့် ပညာရေးဆိုင်ရာ ၀က်ဘ်ဆိုက်လွှင့်တင်

-
Unknown

Credit to -myanmarinternetjournal
PHYO Training Centre မှ နည်းပညာအချက်အလက်များပြန့်ပွားရေးကို ဦးစားပေးဖော်ပြသော ၀က်ဘ်ဆိုက်တစ်ခုအဖြစ် www.phyotc.com အမည်ရှိ နည်းပညာနှင့် ပညာရေးဆိုင်ရာ ၀က်ဘ်ဆိုက်သစ်တစ်ခုကို  လွှင့်တင်ထားကြောင်းသိရသည်။ အဆိုပါဝက်ဘ်ဆိုက်တွင် သင်တန်းအချက်အလက်များ၊ သင်တန်း၏ နောက်ဆုံးသတင်းမှတ်တမ်းများ၊

Tutorials များ၊ Design Services နှင့်ပတ်သက်သော အချက်အလက်များ၊ ဆက်သွယ်ရန် Form များဖြင့် စတင်လွှင့်တင်ထားသည့်အပြင် Forum ၀င်ရောက်သူများအတွက်လည်း Forum ကဏ္ဍ၊ Blog ရေးသားလိုသူများအတွက် Creat Blog အစရှိသဖြင့်လည်း ဖွဲ့စည်းပေးထားကြောင်းသိရသည်။ ထပ်မံ၍ သင်တန်းနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို သိရှိလိုသူများအနေဖြင့် Contact us ကဏ္ဍတွင် Form ဖြည့်သွင်းကာ မေးမြန်းစုံစမ်းနိုင်ရုံသာမက Register ပြုလုပ်ထားသူများအနေဖြင့်လည်း Facebook page နည်းတူပင် ၁၀ ရာခိုင်နှုန်း သင်တန်းကြေးကင်းလွတ်ခွင့် ရရှိမည်ဖြစ်သည်။ Blog ဖန်တီးရေးသားလိုသူများအတွက် Wordpress blog ကို ၎င်းဝက်ဘ်ဆိုက်ရှိ Create blog ကဏ္ဍတွင် လိုအပ်သောအချက်အလက်များဖြည့်သွင်းပြီး သင်တန်းကျောင်းမှ ၎င်း၏ E-mail သို့ အချက်အလက်များပြန်လည်ပေးပို့ကာ ရေးသားနိုင်မည်ဖြစ်သည်။ 3D Design Services နှင့်ပတ်သက်သော အချက်အလက်များအတွက်လည်း Design Services ကဏ္ဍတွင်ကြည့်ရှုနိုင်ပြီး Interior/Exterior Design ရေးဆွဲခြင်းကို ၀န်ဆောင်မှုပေးထားသည်။ အထူးအစီအစဉ်အနေဖြင့် သာသနိကအဆောက်အဦးများကို ၅၀ ရာခိုင်နှုန်းလျှော့ကာ လက်ခံရေးဆွဲပေးသွားမည်ဖြစ်သည်။ ကွန်ပျူတာနှင့်ပတ်သက်သော နည်းပညာများ၊ ဖုန်းနှင့်ပတ်သက်သော အကြောင်းအရာများကိုလည်း Tutorials ကဏ္ဍတွင် ၀င်ရောက်ကြည့်ရှုနိုင်မည်ဖြစ်ပြီး အပတ်စဉ်နည်းပညာဆောင်းပါးများ၊ စာစဉ်များကိုလည်း  ဆွေးနွေးရေးသား ဖတ်ရှုနိုင်ကြမည်ဖြစ်သည်။ အခြားသောလိုအပ်ချက်များအတွက် Download ကဏ္ဍကိုလည်း ထည့်သွင်းပေးထားပြီး Tutorials များအတွင်းမှ လိုအပ်သောဖိုင်များကို ရယူနိုင်မည်ဖြစ်သည့်အပြင် Phone နှင့်ပတ်သက်သော Applications များ၊ Computer Software များ၊ Plugins များကိုပါ ရယူအသုံးပြုနိုင်မည်ဖြစ်သည်။ ကြော်ငြာထည့်သွင်းလိုသူများအတွက်လည်း လက်ခံဆောင်ရွက်ပေးမည်ဖြစ်ပြီး အသေးစိတ်အချက်အလက်များအတွက် ဖုန်း-၀၉-၇၃၂၅ ၁၀၅၅ သို့လည်းကောင်း၊ Webmail အသုံးပြုချင်သူများအနေဖြင့် enquiry@phyotc.com ၊ အခြားသော mail အသုံးပြုသူများအနေဖြင့် phyo.tc@gmail.com သို့လည်းကောင်း အသီးသီးဆက်သွယ်မေးမြန်းနိုင်သည်။

Leave a Reply

Find me on facebook - 95Blogger