Facebook
RSS

ကျောင်းသားများအတွက် လူမှုကွန်ရက်တစ်ခုကို Microsoft ဖန်တီး

-
Unknown

www.so.cl
 Credit to -myanmarinternetjournal
Facebook နှင့် Google Plus ကဲ့သို့သော လူမှုကွန်ရက်ဝက်ဘ်ဆိုက်များနှင့် ကွဲပြားခြားနားသော So.cl အမည်ရှိ လူမှုရေးကွန်ရက် ၀က်ဘ်ဆိုက်သစ်တစ်ခုကို ကျောင်းသားများအတွက် Microsoft မှ ရည်ရွယ်ဖန်တီးပေးလိုက်ကြောင်း သိရသည်။ အသံထွက် “ဆိုရှယ်” (social) ဟုခေါ်ဆိုသည့် ၎င်း So.cl လူမှုကွန်ရက်ဆိုက်သည် ယင်းကွန်ရက်အသုံးပြုသူအချင်းချင်း ဆက်သွယ်ဝေမျှခြင်းများ ပြုလုပ်နိုင်မည့်အပြင် Facebook ကဲ့သို့သော အခြားကွန်ရက်များပေါ်တွင်လည်း ဝေမျှခြင်းများ ပြုလုပ်နိုင်မည်ဖြစ်သည်။
၎င်းကွန်ရက်၏ အဓိကရည်ရွယ်ချက်မှာ ကျောင်းသားများအတွက် ရှာဖွေထားသည့် အချက်အလက်များကို လွယ်ကူလျှင်မြန်စွာ ဝေမျှနိုင်စေရန်ဖြစ်သည်။ So.cl သည် လူမှုကွန်ရက်နှင့် အချက်အလက်ရှာဖွေရေးဝက်ဘ်ဆိုက်တို့ကို ပေါင်းစပ်ဖွဲ့စည်းထားခြင်းဖြစ်ပြီး ကျောင်းသားများအတွက် ပုံ များ၊ သင်ခန်းစာများနှင့် သတင်းများ စသည်တို့ကို ၀က်ဘ်ပေါ်တွင် စုဆောင်းရယူနိုင်စေမည်ဖြစ်သည်။ ၎င်းလူမှုကွန်ရက်ဝက်ဘ်ဆိုက်ကို Facebook, Twitter နှင့် Bing တို့ကိုအသေးစိတ်လေ့လာပြီး ဖန် တီးခဲ့ခြင်းဖြစ်ကာ ယင်းတို့မှ လေ့လာရရှိသည့် အချက်များပေါ်မူတည်ပြီး တည်ဆောက်ထားကြောင်း Microsoft FUSE Labs မှ အထွေထွေအုပ်ချုပ်ရေးမှူး Lili Cheng ကပြောကြားခဲ့သည်။ So.cl သည် ဆန်းသစ်တီထွင်မှုရှိသောလူမှုကွန်ရက်ဆိုက်တစ်ခုဖြစ်ပြီး အသုံးပြုသူများအနေဖြင့် အဆိုပါ platform ကို အလွယ်တကူ ၀င်ရောက်အသုံးပြုနိုင်မည်ဖြစ်ကာ ရှာဖွေမှုများကိုလည်း ကောင်းမွန်စွာပြုလုပ်နိုင်ကြောင်း သိရသည်။

Leave a Reply

Find me on facebook - 95Blogger