Facebook
RSS

သူရဲ့အရသာကလေ ဘယ်လိုပြော၇မလဲ

-
Unknown


 

သူငယ်ချင်းတို့ကို သဇင်လေးတခုမေးမယ်နော် စိတ်တော့မရှိပါနဲ့။သက်သက်လွတ်စားတဲ့
သူတွေတော့ဖြေဖို့မလိုလောက်ပါဘူး။ သက်သက်လွတ်သမားမဟုတ်ရင်သူငယ်ချင်းတို့က
အသားစားတယ်ဆိုတဲ့သဘောနော် ။
ခြေနှစ်ချောင်းအကောင်တွေထဲက သင်ဘယ်အကောင်စားသလဲ။(လူမပါကြေးနော်.အဟိ)
ကြက်သား၊ဘဲသား၊ငုံးသား၊ဆိုတာကတော့ ပြောစရာမလိုတော့ဘူး။ကြက်ဆင်၊ခိုသား၊ဘဲငန်းသား၊ခါ၊ရစ်၊ဘုတ်၊စာကလေး၊ကျီးကန်း ဒါတွေ
လည်း အခွင့်ကြုံ၇င်  စားကြတယ်ဟုတ်။
ဒေါင်းတို့၊ဟင်္သာတို့၊လဲ အလွယ်တကူရတာမျိုးဆိုရင် အုပ်မှာသေချာတယ်။ကုန်ကုန်ပြောရရင် ဂဠုန်ဟင်းရရင်တောင်  အပြတ်ဟဲလိုက်မှာ ဟုတ်တယ် ဟုတ်။
ဒါတွေအသာထားဦး  ခြေလေးချောင်အကောင်တွေထဲကရော ဘာစားလဲ။
အမဲ၊၀က်၊ဆိတ်၊ဂျီသား၊ဆတ်သား။
ပြီးတော့ရော  မျောက်ဦးနှောက်စွပ်ပြုတ်၊ဆင်နှာမောင်းကြော်၊ကုလားအုပ်လည်ကုတ်ပြုတ်၊
ရေမြင်းအခေါက်ကင်၊မိချောင်းလျှာသုတ် ချဉ်စပ်၊စားလို့ကောင်းတာမှန်သမျှအကုန်စားမှာဘဲ
မဟုတ်လား။
ခြေမပါတဲ့အကောင်တွေထဲကရောဘာစားသလဲ။ ငါးလို့ ထိပ်ဆုံးကပြောမှာသေချာတယ်။
အဲ့ထဲက ရေဘ၀ဲတောင်အခတ်မသင့်ရင်ပါသွားနိင်တယ်။(ရေဘ၀ဲကလက်ရှစ်ချောင်း ခြေထောက်ပါတယ်လို့ မကြားဖူးဘူးနော်)။ စင်းလုံးချောထဲကဆို မြွေကောမပါဘူးလား။
အလွယ်ရတာက ရေမြွေ၊မြွေစိမ်း၊မြွေဟောက်၊မြွေပွေး၊ရှင်းရှင်းပြောရရင်  အင်နာကွန်ဒါ
တောင် ဖမ်းလို့လွယ်ရင်  ဆွဲစားကြမယ် ဟုတ်တယ်ဟုတ်။
တရုတ်ပြည်၊စင်္ကာပူ၊မလေး၊ထိုင်း၊ဂျပန်၊ကိုရီးယားစတဲ့နိင်ငံတွေဆိုရစားကောင်းမှန်သမျှ
 အကုန်စားတယ်။ဈေးထဲမှာဂေါ်ဇီလာသားမရလို့။တောထဲမှာသာ  ဒိုင်နိဆောဖမ်းမရလို့။
 ဖမ်းမရလို့ ဖမ်း၇ရင် ပါးပါးလှီ်နုပ်နုပ်စင်းမယ်၊မဆလာကောင်းကောင်းရော၊ငရုတ်ဆီနိင်နိင်နဲ့
 သွားဖြဲ နားဖြဲ  အမြှီးကိုင်ပြီး  ဆွဲစားမယ် ဘယ်လောက်ကောင်းလိုက်မလဲ။
ဘလော့အစမှာလေဖြန်းနေတာ နဲ့ပြောချင်တဲ့အကြောင်းအရာကို မေ့မလိုဖြစ်သွားတယ်။
အသားဟင်းစားတဲ့အခါ သူငယ်ချင်းတို့ မကြာဆိုသလိုကြုံတွေ့ရမှာပါ သွားကြား အသားဖတ်
ညှပ်တဲ့အဖြစ်မျိုးလေ  မဖြစ်ဖူးဘူးလို့တော့ မညာနဲ့။ဒါကအပေါ်ယံ ပြသနာလေးပါ။
အသားဟင်း စားပြီးလို့ ညအိပ်ယာကို သွားမတိုက်ဘဲဝင်တဲ့အခါ သာမန်နေ့တွေထက်
ပါးစပ်အနံပိုထွက်ပါလိမ့်မယ်။ပြီးတော့  အသားဟင်း များများစားတဲ့သူတွေဟာ
အသားဟင်း လျော့စားတဲ့သူတွေထက် ဆံပင်ဖြူတာပိုမြန်တယ်တဲ့ ။

Leave a Reply

Find me on facebook - 95Blogger