Facebook
RSS

ကလေးတယောက်ရဲ့ ဆုတောင်း

-
Unknown


ငါးနှစ်သားလေး ဒေးဗစ်သည် သူ့အိပ်ခန်းထဲ တွင် တစ်ယောက်ထဲ အိပ်လေ့ရှိသည်။
တနေ့သော ည အိပ်ချိန်တွင် သူ့ဖခင်သည် သူနှင့်အတူ ရှိခဲ့သည်။ဒေးဗစ်သည် သူ၏ဖခင်အား
ပုံပြင်ပြောပြစေသဖြင့် ဖခင်လဲ ပြောပြလိုက်သည်။
 အချိန်အနည်းငယ် ကြာပြီးသော အခါ ဒေးဗစ် သည် အိပ် ငိုက်လာသဖြင့် ဖခင်အား
“ဖေဖေ..သား  ညအိပ်ယာဝင် ဘုရားစာဆိုရဦးမယ်”ဟုပြောလိုက်သည်။ထို့နောက် သူ့ကုတင်ဘေးတွင်  ဒူးထောက် လက်အုပ်ချီလျက် မျက်လုံးအစုံကို ကောင်းကင်ဘုံရှိရာ အထက်သို့ ပင့်ကာ ဆုတောင်းလိုက်သည်မှာ “အခု သားလေးခေါင်းချအိပ်တော့မယ်။ ဘုရားသခင် သားကို  စောင့်ရှောက်တော် မူပါ ။ပြန်မနိးခင်သေဆုံးခဲ့လျှင် သားဝိညာဉ်ကို
ခေါ်ဆောင်တော်မူပါ” ဟူဆုတောင်း သည်။ထိုသို့ ဆုတောင်းသည်မှာ သားငယ်ကလေး၏
ညစဉ်ဆုတောင်းဖြစ်သည်။သို့သော် ထိုညတွင် ဖခင် မျက်နှာကို တချက်ကြည့်ပြီး
ကောင်းကင်သို့ မော့ကာ  “အို အရှင် ဘုရား သားလေးကို ဖေဖေ့လို လူကြီးလူကောင်းတယောက် ဖြစ်အောင် လုပ်ပေးပါနော် …ကျေးဇူးတင်ပါတယ် အရှင်ဘုရား”ဟု ဖြည့်စွက်ဆုတောင်းလိုက်သည်။ခဏအကြာတွင် သားငယ် ကုတင်ပေါ်
လှဲလိုက်ပြီး ငါးမိနစ်အတွင်းအိပ်ပျော်သွားတော့ သည်။
ထို့နောက် ဖခင်ဖြစ်သူသည် သားငယ်ကလေး၏ ကုတင်ဘေးတွင် ဒူးထောက်ခါ  ဘုရားသခင်ထံ ဆုတောင်းလိုက်လေသည်။
ဖခင်မည်သည်.အရာကို ဆုတောင်းလိုက်သနည်း။
အောက်က  စာသားကိုတော့ ဘာသာမပြန်ပေးတော့ဘူးနော်  အဲ့တာ ဖခင်ရဲ့ ဆုတောင်းပါ။

The father prayed, “Lord,make ma a man my son wanted me to be”.

Leave a Reply

Find me on facebook - 95Blogger