
မင်္ဂလာပါ လို့ဘဲ နိဒါန်းချီပါရစေ။
ရွှေမြို့တော်မှာ အက်မင် လုပ်တာ ၁နှစ်ကျော်လာပါပြီ။ဒါပေ့မယ့် ဒီလို အသိပေး ဘလော့မျိုးကို တခါမှကို မရေးဘူးခဲ့ပါဘူး။
သူငယ်ချင်းတို့လည်းသိတယ်ဟုတ် ဒီရက်ပိုင်းမှာ
မြန်မာနိင်ငံမှာ ဖြစ်နေတဲ့ ပြသနာ အကြောင်းကိုလေ။
ယခုရက်ပိုင်းမှာ ရွှေမြို့တော်သူငယ်ချင်းများထဲက တချို့ ဟာ ထိုပြသနာနဲ့
ပါတ်သတ်ပြီး သိစေချင်တဲ့စိတ်နဲ့
စေတနာနဲ့ဘလော့တွေတင်ကြပါတယ်။ရွှေမြို့တော်မှာတွင်မဟုတ်ပါဘူး အခြားSocial
site အားလုံးနီးပါးမှာလဲ ဒီ ပိုစ်တွေဘဲ ထပ်နေပါတယ်။လွန်ခဲ့တဲ့ရက်ပိုင်းက
ရွှေမြို့တော်မှာထိုပြသနာနှင့်ပါတ်သတ်သည့်ဘလော့ပိုစ်များကို
ပိုစ်တင်သူတစ်ဦးတည်းဖြစ်စေ၊ပိုစ်တခုကို ပိုစ်တင်သူ ၂ဦး ၃ဦး ဖြစ်စေတင်ခဲ့ပါတယ်။
အဲ့ပို့စ်တွေထဲကဆိုဒ်တွင်းရေးသားထားခြင်း မရှိသေးသော ပိုစ်များသာ
အတည်ပြုပေးခဲ့ပါတယ်။ကျန်ပို့စ်များကို
ဖျက်ချခဲ့ပါတယ်။ဒီလိုဖျက်လိုက်တော့ စေတနာနဲ့တင်တဲ့သူတွေက ဒေါသဖြစ်မှာတော့
အမှန်ဘဲ။ဒီလိုပိုစ်တွေ ထပ်နေရင် သဇင်လေးတင်မဟုတ်ပါဘူး အခြား အက်မင်တွေ လဲ
ဖျက်မှာပါဘဲ။အလိုသာမဖျက်ချခဲ့ဘူး
ဆိုလျှင် ဘလော့တွေထဲမှာ ဒီပိုစ်တွေဘဲ ထပ်ခါတလဲလဲနဲ့ ဖောင်းပွနေမယ် ပြီးတော့ တကယ်
ကိုယ်တိုင်ရေး တင်တဲ့သူတွေရဲ့ဘလော့တွေက ထပ်ခါထပ်ခါ တင်ထားတဲ့
ဘလော့တွေကြားထဲမှာ စာဖတ်သူနည်းသွားမယ်လေ။ဒီလိုမျိုး
ပြသနာနဲ့ပါတ်သတ်တဲ့ဘလော့တွေကို မတင်အောင် ဆိုဒ်အတွင်မန်ဘာတွေ
ဖတ်ရှုရလွယ်စေရန် ရည်ရွယ်ချက်နဲ့ ဆိုဒ်ရဲ့ side bar မှာ RSS နဲ့
လူသိများတဲ့ သတင်းဆိုဒ်တွေက ရခိုင်အေ၇းနဲ့ ပါတ်သတ်တဲ့ သတင်းတွေကို
ထည့်ပေးထားခဲ့ပါတယ်။
ဘလော့မှာသာ ထိုပြသနာနဲ့ ပါတ်သတ်တဲ့ဘလော့တွေကို ဖျက်ခဲ့ပါတယ်။ဖိုရမ်မှာတော့
မဖျက်ပါဘူး။ ဒီလိုဆိုဒ်တွေမှာသာ ရေးတင်တာ
အဲ့ဒီပြသနာဖြစ်အောင်လုပ်တဲ့သူနဲ့ ပြသနာဖြစ်နေတဲ့နေရာက သူတွေကဒီဘလော့ကို
ဖတ်မှာလား???။(အဲ့ဒီ့ လူမျိုးစုတူ အခြားသူများမှလွဲပြီး)ဖိုရမ်မှာလဲ
အများသိရုံမျှသာရေးတဲ့အတွက်အရမ်း လူမျိုးရေးကို စော်ကားပြောဆိုထားတဲ့
ကော်မန့်တွေဘဲ သဇင်လေးဖျက်ခဲ့ပါတယ်။ ဒါလဲ ဘာမှမဆိုင်တဲ့ သူတွေကို
မထိခိုက်စေချင်လို့ပါ။အခုလိုပြောတာကို နားမလည်သေးဘူးဆိုရင်ဆိုဒ်စည်းကမ်းချက်ကို ပြန်ဖတ်စေချင်ပါတယ်။
ဒီပို့ပြသနာကို မန်ဘာ တယောက်က ပြောလာတယ်
wunnathiri.com: မနေ့က POST တခု တနေ့က လည်း တခု တင်တယ်
ဘာလို့ တင်မပေးတာလဲ
ဖျက် ပစ်တယ်
me: ခေါင်းစဉ်
ပြောလေ
wunnathiri.com: ဘာလို့ ဖျက်ပစ်တာလဲ
နင် တို့ သိမှာ ပေါ့ ဟာ့
7:07 PM ခု မှ တင်ပေးမယ် အဲလိုလား
me: ခေါင်းစဉ်ကရော
wunnathiri.com: နင်မသိဘူးလား
7:08 PM me: မဟုတ်ဘူး
wunnathiri.com: ငါက ထပ်ပြောနေရမလား
အဲတုံး က လိုအပ် လို့ အဲ တုံးက တင်တာ
ဘာမဟုတ်တာ
me: စည်းကမ်းနဲ့မကိုက်ညီလို့ပါ
wunnathiri.com: အလကား လူပျက် တွေ လူကြူတွေ ဆိုဒ်
7:09 PM me: အာ
wunnathiri.com: အရေး ကြီး အရေးကြီး သလို နားမလည်
me: အလိုတော့ မစော်ကားနဲ့လေဟာ
wunnathiri.com: အဲ ဒါ လား Social ဆိုတာ
ဒါစော်ကားနေတာ မစုတ်ဆိုတာလည်း နာမည်ဘူးလား
7:10 PM ဒင်းတို့ အခြေနေကို ပြောပြ တာ
ထိရင် လက်မလဲ ဘူး အားလုံး အဏာရှင်
လက်မခံဘူး
အာဏာရှင်လို
me: www.shwemyotaw.com ဆိုတဲ့ ဆိုဒ်က ဘလော့တွေ ဖို၇မ်တွေကို
အကုန်ကြည့်ဘူးလား
7:11 PM wunnathiri.com: ဘာလဲ
ငါ ပြောနေတာ ငါ့ post ကို တင်မပေးတာ ကိုပြောနေတာ
me: တင်ပြီးသားလေ
wunnathiri.com: လျောက်မပြောနဲ့
ငါ ပြောချင်တာ တခုတည်း
me: အစ်ကို တင်တဲ့ ပို့က
လူတိုင်းတင်တင်နေတာ
wunnathiri.com: တင်ပြောချောက်ပြောနေယတ်
me: အစ်ကို တင် တင်တာမဟုတ်ူး
wunnathiri.com: နင် လျောက်ပြောနေတာ
me: အစ်ကို့စာတင်ဖျက်တာမဟုတ်ဘူး
ဟာ
wunnathiri.com: ငါ ပြောနေတာ တခုတည်းး တွေ့တယ် မလား
ဘာတွေ နောက်တွေ့လဲ
7:12 PM နင်ကို အလကား လျောက် ပြော လျောက်လုပ်နေတာ
ပြောလိုက်ရင် တဟားဟာ ဒ နဲ့
နင်လျော်ကပြောနေတာဘဲ
7:13 PM ငါတင်တာ ဘာလဲ ပြော ပါ
အလကား
ငကြူ တွေ ဆိုဒ်
နင်လဲအရူးမဘဲ နင်တို့အက်မင်တွေလျှောက်လုပ်နေတာ
me: ညီမ ဖျက်တာ ဆိုရင် ညီမကိုဘဲပြော အခြား အက်မင်တွေကို မပြောနဲ့လေ
တကယ်လို့ ရိုဟင်ဂျာနှင့် ရခိုင်အေ၇း ပြသနာ သတင်းကို တင်ချင်ရင်
အခင်းဖြစ်တဲ့နေရာသို့ ကိုယ်တိုင် သတင်းသွားယူပြီး တင်ပါ။
အဲ့သလို တင်ပေးရင်
ရွှေမြို့တော်က အထူးပေး ဖို့ စောင့်နေပါ့မယ်။
မည်သို့ မည်ပုံ ရခိုင်၊ရိုဟင်ဂျာ ပြသနာကို အရေးအရမ်းကြီး သည့်သတင်း..စသဖြင့် ခေါင်းစဉ်တပ်ပြီး
ဘလော့ နေရာတွင်မတင်ကြပါရန် ။(မိမိကိုယ်တိုင်ရေးသားသော ထိုပြသနာအပေါ်အမြင်သာ တင်ပါရန်)
ခင်မင်ရိုသေလေးစားစွာဖြင့်
Admin group ကိုယ်စား
သဇင်လေး