Facebook
RSS

Diamond Plaza ရဲ့ တညတာ ခြောက်ခြားစရာ

-
Unknown


မနေ့ညက  သဇင်လေးနဲ့သဇင့်မောင်လေး တို့  Diamond ကိုသွားတယ်။အပြင်ဘက် ဆိုင်ကယ် steen မှာလဲ ဆိုင်ကယ်တွေတော်တော်ရှင်းသွားပါပြီ။ည၉နာရီခွဲပြီဆိုတော့
ဆိုင်တော်တော်များများလဲ ပိတ်ကုန်ပါပြီ။ဓါတ်လှေကားတွေလဲ ပိတ်ကုန်ပါပြီ။မောင်လေးက သဇင့်ကို ရွှဲ့ ချင်တာနဲ့  မပြန်ဘဲ  Ocean မြေအောက်ထပ်ကနေ  အပေါ်မြေညီထပ်ကို တတ်ခဲ့
တယ်။ပိတ်တဲ့ဆိုင်တွေလဲပိတ်ကုန်ပြီ သန့်ရှင်းရေး လုပ်တဲ့သူ ၂ယောက်၃ယောက်လောက်ဘဲ
ရှိတော့တယ်။ဆိုင်တွေပိတ်တော့ ဘာမှဝယ်ဖို့အစီအစဉ်မရှိတော့ပေမယ့် တက်ကောင်းကောင်းနဲ့
ဒုတိယ ထပ် ရောက်သွားတယ်။ဒုတိယထပ်ရောက်သွားတော့  အောက်ထပ်ကနေ လူစုလူဝေး
စကားပြောသံလိုလို  လေသံလိုလို ရော ပြီးကြားရတယ်။သဇင်လေးထင်တာက သန့်ရှင်ရေးလုပ်တဲ့သူတွေ  နောက်ထပ် ၀င်လာတယ်ပေါ့။ဒုတိယထပ်ကဆိုင်အားလုံးနီးပါးပိတ်
ကုန်ပြီး  တချို့နေရာတွေမှာလဲ  မီးတွေ ပိတ်ထားပါတယ်။တတိယထပ်ကိုမော့ကြည့်တော့ မီးလင်းသေးတာတွေတာနဲ့   အပေါ်မှာ super one ရှိတယ်တဲ့  ဖွင့်ဦးမယ်ပြီးတတ်သွားကြတယ်။
အပေါ်က ဦးလေး ကြီးတယောက်က လှမ်းပြောတယ် ဘာမရှိဘူးတဲ့ ဆိုင်တွေ ပိတ်ပြီးတဲ့
နင်တို့က ဘာတွေ့ချင်လို့လဲ တဲ့။ အဲ့တာနဲ့ မတတ်တော့ဘဲ အောက် ကို ပြန် ဆင်းခဲ့တယ်။
ဘာမှသတိမထားမိဘဲ အပြင် သား ပြန်ရောက်သွားတယ်။အပြင်ရောက်မှ စဉ်းစားမိတယ်
အဆင်းမှာ ခုဏက ကြားခဲ့တဲ့ အသံတွေက အသံတွေသာရှိတာ ဘာမှမတွေ့ရဘူးဆိုတာလေ။

မန်းလေး ၇၈ လမ်းပေါ်မှာ Diamond Plaza ၇ှိတာ မန်းလေး ရောက်ဖူးသူတိုင်းသိကြမယ်ထင်
ပါတယ်။  Diamond Plaza ကြီးက လွန်ခဲ့တဲ့ ၄ နှစ် ၂၈.၂.၂၀၀၈ က မီးလောင်ခဲ့တဲ့ ရတနာပုံဈေး ( Sky World Shopping Mall) နေရာမှာ ပြန်လည်တည်ဆောက်ထားတာပါ။
မီးလောင်လို့ပျက်စီးဆုံးရှုံးမှုတန်ဖိုးကိုဖော်ပြခဲ့ပေ့မယ် သေဆုံးသူဦးရေကိုတော့ တယောက်တမျိုး  ပြောပြီး  တိကျအောင် မဖော်ပြခဲ့ပါဘူး။မီးလောင်ပြီးအဆောက်အုံကို
ဖြိုစဉ်အချိန်ကလဲ  အလုပ်လုပ်တဲ့ ပန်းရံ အချို့  အဆောက်အအုံနေရာတချို့ ပြိုကျပြီး
သေတာတွေလဲ ရှိတယ်လို့ သိရပါတယ်။

Leave a Reply

Find me on facebook - 95Blogger