Facebook
RSS

ဆုတောင်းပေးမယ့်သူ(တစုံတယောက်ရဲ့မေတ္တာ)

-
Unknown

တစုံတယောက်ရဲ့မေတ္တာ
  သူငယ်ချင်း မြတ်နိုးတဲ့အိမ်ဂေဟာနဲ့ မိုင်ပေါင်းများစွာဝေကွားတဲ့နေရာမှာ သူငယ်ချင်း ရောက်ရှိနေတဲ့အခါ  သင့်ခြေဖ၀ါးအောက်မှာ သင်နဲ့မရင်းနှီးတဲ့မြေ၊ဦးခေါင်းအထက်မှာက..
သူစိမ်းဆန်တဲ့မိုးကောင်းကင်နဲ့တစိမ်းတရံဆံတွေနဲ့၊ မနက်ကနေညနေအထိ သူစိမ်းသူငါနဲ့
ပြောဆိုဆက်စံနေရတဲ့အခါ  သင့်အားသတိရနေတဲ့သူတယောက်ရှိနေတာကိုမမေ့ပါနဲ့။။ ။။

  သူငယ်ချင်း စိတ်မချမ်းသာရာ ရနေတဲ့အခါ၊စိတ်ရောကိုယ်ပါ နွမ်းနယ်နေတဲ့အခါ၊ဝေဒနာကို
နာကျင်စွာခံစားနေတဲ့အခါ၊ကိုယ့်ရဲ့ယုံကြည်ချက်တွေကို အများသူငှာ သံသရ၀င်ခံရတဲ့
အခိုက်အတန့်မှာ သင့်ကို တစုံတယောက်က သတိရနေတယ်ဆိုတာ အမှတ်ရနေပါ။ ။

   တစုံတယောက်ကသတိတရရှိနေမယ်။တစုံတယောက်က ဂရုစိုက်ကြင်နာမယ်
သင်အား ကြင်နာမဲ့သူနှင့် ကင်းဝေးတဲ့အခါ  အနီးကပ်မဟုတ်ခဲ့လျှင် သင့်အတွက် လေ လှိုင်းပေါ်က စကားသံလေးတွေဟာ  အရသာမရှိတဲ့ အဖြူရောင် အားဆေးတခွက်ပါ။  ။

    တယောက်တယောက်သော သူ၏ မေတာပို့ ဆိုတောင်းစကားတွေထဲမှာ သင့်ရဲ့
အမည် ကို တီးတိုးရေရွတ်နေတာ သင်ဘယ်နေရာ ရောက်ရောက်၊ဘာတွေ ဖြစ်နေနေ သင့်ကို
သတိရနေသူ တစုံတယောက်ရှိနေတာမို့ သင့်အနာဂါတ် ထွန်းတောက်လာဖို့ ကြိုးစားရမှာ
အမှတ်ရပါ။   ။
ရေမြေရပ် ခြားရောက်နေသော ရွှေမြို့တော် မိသားစု သူငယ်ချင်းများအား ရည်းစူး ဆုတောင်းလျက်. သာဓုခေါ်လိုက်ဦးနော်

နည်းသည်ဟု၍မအောင့်မေ့နှင့် ညောင်စလောက်လှူလဲ ညောင်ပင်ကြီးလောက်ရတယ်တဲ့  ဟိဟီး

In fact, shwemyotaw, whatever  his occupation may be , loves his hearth and home tenderly. It is his cradle, his nursery and his paradise on earth

Cotton Anniversary….of shwemyotaw

Leave a Reply

Find me on facebook - 95Blogger