Facebook
RSS

ထာဝရထိချစ်မယ့်သူငယ်ချင်း(မိတ်ဆွေဟန်ဆောင်သူသည် ကြောက်စရာအကောင်းဆုံးရန်သူတည်း)

-
Unknown



ကျွန်တော် state ကျောင်း မှာ အထက်တန်းစာမေးပွဲ အောင်ပြီးတော့ University တခုမှာ တတ်ခွင့်ရတယ်။ကံစီမံလို့ ရေစက်စုံရတဲ့အတွက် ချစ်ရတဲ့ သူငယ်ချင်း ၅ယောက်နဲ့တွေ့ခွင့်ရတယ်။မိန်းခလေး ၂ယောက်နဲ့ ယောက်ျားလေး သုံးယောက်ပေါ့။မိန်းကလေး၂ယောက်ထဲက သဲစု လို့ နာမည် တွင် တဲ့ တယောက်က

စကားအရမ်းတတ်တယ် လူတိုင်းကိုလဲ ခင်တတ်တယ်။သွက်သွက်လက်လက်နဲ့ ချစ်ဖို့လဲ အရမ်းကောင်းတယ် ။အရမ်းစလို့ နောက်လို့လဲ ကောင်းတယ်။ နောက်ထပ် မိန်းကလေးတယောက်က အိတာ ။သူကတော့ကျွန်တော် တဖက်သက်ကြိုက်နေတဲ့ သူပေါ့။ကျွန်တော်လို သူကိုကြိုက်နေတဲ့သူတွေ ကျောင်းထဲမှာ အများကြီးရှိပေ့မယ့် အခြားသူတွေက ကျွန်တော့လောက် နေရာမရခဲ့ဘူးလေ။ သူက လူတွေ အမြင်မှာအေးသလိုလို နဲ့ စွာတယ်။ခင်ဖို့လဲ ကောင်းတယ်။ယောက်ျားလေး အပေါင်းအသင်းများပေးမယ့် တချို့ကောင်လေးတွေက စကားသိပ်မပြောရဲဘူး စကားအသုံးအနှုန်းလဲ ပြောတဲ့သူကြွေအောင် ပြောတတ်တယ်။ယောက်ျားလေး ၃ယောက်ကတော၊့ “ရဲရဲ ” လူကြီးလူကောင်ဆန်ဆန်နဲ့ အမိန့်ပေးစကားအရမ်းပြောတတ်တယ် သူ့စကားကိုလဲ ကျွန်တော်တို့ အမြဲလိုလို နားထောင်တတ်တယ်။နောက်တယောက်က ထက်သူ၊သူက သဲစုရဲ့ ကောင်လေးပေါ့ (Not yet) ၊ပြီးတော့ ကျွန်တော် ဒီပြသနာမှာ ကြားထဲကပေါ့)

 ပထမနှစ် စာသင်နှစ်အစမှာဘဲ သူတို့နဲ့ စပြီး ခင်မိပါတယ်။ အတန်းထဲ ထိုင်လဲအတူ၊ကန်တင်းန် ထိုင်းလဲအတူ၊ကျောင်လစ်လဲအတူ၊လျှောက်လဲလည်းအတူ ကျွန်တော် တို့ ငါးယောက်ဘဲပေါ့ တခါတလေသူတို့နဲ့ ဆက်နွယ်ရာ သူငယ်ချင်းတွေလဲ ပါတတ်ပါတယ်။

အနေတွေနီးတော့ အချင်းချင်း မသိစိတ်ကနေတော့ သံယောဇဉ်ဆိုတာ ရှိလာခဲ့ကြတယ်။

အတန်းထဲမှာဆိုလဲ ကျွန်တော်ငါးယောက်ထဲက မိန်းကလေး ၂ယောက်က တယောက်နဲ့တယောက် ပွေ့ဖက်၊ လမ်းသွားလဲ ပွေ့ဖတ်နဲ့ နေလာကြတယ်။First semester ရဲ့

ဒုတိယ လလောက်မှာ ထက်သူနဲ့ သဲစု က ရည်းစားတွေ ဖြစ်သွားကြတယ်။ကျွန်တော်ကတော့

အိတာ ဆိုတဲ့ သူငယ်ချင်းကို ကြိုက်နေပါတယ် ။ဒါ့ပေ့မယ့် သူက အဆင့်တတ်လို့မရအောင် ကျွန်တော့်ကို “မျိုးသော် နင်ဟာ ငါ့ရဲ့ အချစ်ဆုံးသူငယ်ချင်းပါ” ဆိုတဲ့ စကားနဲ့ ထိပ်ကနေပိတ်လိုက်တယ်။ကျွန်တော်လဲ သူကျေနပ်ရင်ပြီးရော ဆိုတဲ့ စိတ်နဲ့နေခဲ့တယ်။

ဒီလိုနဲ့ First Semesterပြီး ခါနီးမှာကျွန်တော်တို့ သူငယ်ချင်းတွေ ကြားကို သိုးရေခြုံတဲ့ ၀ံပုလေမွတကောင် ရောက်လာခဲ့တယ်။အစကတော့ ဒီလို ဗျ။ရဲရဲ ရဲ့ သူငယ်ချင်း စုံတွဲ တတွဲ(မျိုးသီဟ+သံသာ)က

ကျွန်တော် တို့နဲ့ လာရောတယ်။ကျွန်တော် တို့က လဲ သူငယ်ချင်းရဲ့ အသိဆိုတော့ သူငယ်ချင်းအချင်းချင်း ခင်သလို ဘဲ နေခဲ့ပါတယ်။ကျွန်တော်တို့ နဲ့ ခင်ပြီး ၂ပါတ်လောက်အကြာမှာ အဲ့ဒိအတွဲ က လမ်းခွဲ သွားခဲ့တယ်။ပြတ်သာ သွားတာ ၀မ်းနည်းတဲ့ပုံမပေါ်တဲ့ သူတို့အတွဲ က ---ကောင်လေးက ကျွန်တော် ကြိုက်နေတဲ့ သူငယ်ချင်းကောင်မလေးကို ကြိုက်လို့ လူငယ်သဘာဝ ရည်းစားစကားလိုက်ပြောမယ်ဆိုပြီး သူငယ်ချင်းတွေ ကြားထဲ သတင်းတွေ ထွက်လာတယ်။ကောင်မလေးက ကျ ကျွန်တော်ဘက်ကို ဦးတည်ပြီး ချဥ်းကပ်လာတယ်။

First Semester စာမေးပွဲ ဖြေခါနီး စာမရှိတဲ့ ခေါင်း  ဆေးတဲ့ အနေနဲ့ ထန်းတော သွားပြီး

ထန်ရည်မော့ခဲ့ကြတယ်။ကျွန်တော်ကြိုက်နေတဲ့သူငယ်ချင်း အိတာ တော့ မပါ ပါဘူး။ ကျွန်တော်ကတော့ မသောက်ပါဘူး အမေ့ မွေးနေ ဖြစ်နေလို့၊ကျန်တဲံ့

သူငယ်ချင်းတွေကတော့ အနည်းငယ်သောက်ခဲ့တယ်။အဆိုး ဆုံးက သံသာပေါ့ မထိန်းနိင်မသိမ်းနိင် အောင်သောက်ပြီး  ကျွန်တော်ကို့ လာရစ်တယ်။ဘယ်လောက်ထိလဲ ဆိုရင် ကျွန်တော်ကို လွန်လွန်ကြူးကြူး ဖြစ်အောင် ထိ ပြုမူလာတယ်။ကျန်တဲ့ သူငယ်ချင်းတွေက ကျွန်တော်ကိုပြောတယ် မင်းကြိုက်နေတဲ့ သူလဲ ဒီနေ့မလိုက်ခဲ့ပါဘူးကွာ၊မိန်းခလေး ဘက်က ဒီလောက်ထိဖြစ်နေတော့ သူနဲ့ တွဲလိုက်ပါကွာတဲ့။အဲ့တာနဲ့  သူရဲ့ မိန်းခလေး သိက်ခါ ကို ထောက်ပြီး ရက် ၃၀တိတိ တွဲခဲ့ပါတယ်။ရက် ၃၀ထဲမှာ ကျောင်းပိတ်ရက်ကြည့်ဘဲ ဆိုတော့ ခဏလေးနဲ့တင်ပြီးသွားတယ်။

ကျွန်တော် ကြိုက်နေတဲ့ သူငယ်ချင်းကတော့ ဒီအဖြစ်အပျက်ကို မသိခဲ့ပါဘူး။မသိအောင် သူငယ်ချင်းတွေ ၀ိုင်းပြီး ဖုံးပေးခဲ့ပါတယ်။

ဒီလိုနဲ့ Second Semester ကို ရောက်လာပါတယ်။အများအမြင်မှာ အခုကျောင်းတတ်နေတဲ့သူ အချင်းချင်းကြည့်ရင်တော့  သမီးရည်းစားလို့ထင်ရအောင် ကျွန်တော်တို့ သူငယ်ချင်းတွေ အနေတွေ နီးပြီး ပွင့်ပွင့်လင်းလင်းဘဲ နေခဲ့ကြတယ်။ထက်သူနဲ့ သဲစု တို့ အတွဲကလဲ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့ တွဲလာခဲ့ကြပါတယ် ။အများအမြင်မှာ အရမ်းကို အတွဲညီပါတယ်။ကျွန်တော်နဲ့ သံသာနဲ့ကတော့ ရက်၃၀ နဲ့တင်ပြီးသွားခဲ့ပါတယ်။ မပြီးဆုံးနိင်သေးတဲ့ သံသာကတော့ စပြီး ဇာတ်လမ်းမွေတော့တာဘဲ။

Second Semester ရဲ့ ပထမ လထဲမှာ သံသာက ထက်သူ နဲ့ သဲစုတို့ အတွဲကြားကို စ၀င်ခဲ့တယ်။ ထက်သူ ကိုလည်ဲး သဲစုကို စိတ်ကုန်အောင် စကားလုံးလှလှလေးတွေနဲ့ ချုပ်လာတယ်။သဲစုကို လည်း သံသာက ထက်သူနဲ့ သဲစု ရန်ဖြစ်တဲ့အချိန်  သဲစုအကြောင်း ထက်သူပြောခဲ့တဲ့ စကားတွေ ကိုလည်းသဲစုကို ပြန်ပြောတယ်။ထက်သူ အရင်က တွဲခဲ့ဖူးတဲ့ ရည်းစားတွေ အကြောင်းလဲ မဟုတ်တာကို ဟုတ်သလို လုပ်ပြီး ပြန်ဖွတယ်။လူတိုင်းကို ခင်တတ်တဲ့ သဲစုကလဲ အယုံလွယ်ခဲ့တာကြောင့် ထက်သူ ကို စိတ်ကုန်ချင်နေပြီ။ဒိလိုတွေ ဖြစ်နေပေ့မယ့် သူငယ်ချင်းစုံတွဲ ကြားသွေးထိုးနေတဲ့ သံသာကို ကျွန်တော်တို့ သူငယ်ချင်းတွေ သတိမထားမိခဲ့ဘူး။သူပြောမိတာသာ ယုံပြီး အရင်လို ဘဲ ပေါင်းသင်းဆက်ဆံခဲ့တယ်။

ကျွန်တော်တို့ သူငယ်ချင်း၅ယောက်လည်ဲး အတန်းထဲမှာ အုပ်စုဖွဲ့နေတဲ့ သူငယ်ချင်းတွေ အချင်းချင်း မနာလိုချင်အောင် အနေတွေ နီးသထက် နီးခဲ့ကြတယ်။

သံသာရဲ့ စကားတွေကြောင့် ထက်သူကို အထင်လွဲနေတဲ့ သဲစုက နေတိုင်း မျက်ရည်နဲ့ မျက်ခွက်ပါဘဲ။သူငယ်ချင်းတယောက်ဒီလို ဖြစ်နေတာကို မနေတတ်တဲ့ ရဲရဲ နဲ့ အိတာက သဲစုကို နှစ်သိမ့်တယ်၊စိတ်ပြောင်းအောင် ကန်တင်းန်းထိုင်းတိုင်း ဟာသလေးတွေ ပြောပြီး ရီလာအောင် လုပ်ပေးခဲ့တယ်။

သူငယ်ချင်းစုံတွဲကြား ၀င်မွေရတာကို သံသာ အားမရသေးဘူး ထင်ပါတယ်။ပြီးခဲ့တဲ့ ၁ပါတ်ကျော်ကျော်လောက်က သံသာက

 အိတာကို ရဲရဲ နဲ့ သဲစုရဲ့ မကောင်းကြောင်းတွေ သွားပြောတယ်။ပြီးတော့ အိတာကို ရဲရဲနဲ့ သဲစု က နင့်ရဲ့ ကွယ်ရာမှာ နင့်ရဲ့ မကောင်းကြောင်းအတင်းကို တုတ်နေကြတာဆိုပြီးသွားပြောတယ်။

သူငယ်ချင်း အချင်းချင်းမလို့ အသိပေးတယ်ဆိုတဲ့ စကားက သုံးထားသေးတယ်။

ဒီလိုဆိုတော့ အိတာကလဲ ယုံသွားတာပေါ့။

ပြီးတော့ သဲစုနဲ့ရဲရဲ ကိုလည်း သံသာက သွားပြောတယ်။အိတာက နင်တို့ကွယ်ရာမှာမကောင်းကြောင်းတွေပြောနေတာ။နင်တို့ သူ့ကို သတိထားနေဆိုပြီး သွားပြောတယ်။

ပြီးတော့ သဲစုနဲ့ ပြတ်မလို ဖြစ်နေတဲ့ သဲစုရဲ့ ကောင်လေး ထက်သူကိုလဲ သံသာက သွားပြောတယ်။ နင် နွားကြီးမဖြစ်စေနဲ့တဲ့။ပြီးတော့ ထက်သူကို သံသာက ပြောတဲ့ နွားကြီး မဖြစ်စေနဲ့ လို့ ပြောတဲ့ စကားကိုလဲ အိတာက ဘဲပြောသလိုလို ဖြစ်အောင် ရဲရဲနဲ့ သဲစုကို လာပြောတယ်။ ဒီလိုဖြစ်နေတဲ့အချိန်မှာ ကျွန်တော်က ခရီး လွန်နေတဲ့အတွက် အကြောင်းစုံကို

မသိလိုက်ရဘူး။ကျွန်တော်စပြီး အတန်းတတ်တော့ အရမ်းချစ်ပါတယ် ဆိုပြီး အရင်က အတန်းထဲမှာ ပွေ့ ဖတ်နေတဲ့ သဲစုနဲ့ အိတာက အခု တောင်ဘက်အစွန် နဲ့မြောက်ဘက်အစွန်မှာထိုင်နေကြတယ်။ရဲရဲကလည်း အိတာကို မကြေနပ်ကြောင်း ပြောသံတွေ ကြားနေရတယ်။ပီးတော့ သဲစုနဲ့ ရဲရဲကလည်း ကျွန်တော်ကို အိတာက သူတို့၂ယောက်ကို ရစရာမရှိအောင်ပြောတဲ့ အကြောင်းတွေ၊အိတာရဲ့မကောင်းကြောင်းအပြစ်ပြောနေကြတယ်။ကျွန်တော်တဖက်သက်ချစ်နေတဲ့ သူငယ်ချင်းမကောင်းကြောင်းကို ကျွန်တော့် လာပြောတယ်၊ကိုယ်ချစ်နေတဲ့ မိန်းကလေးကိုသူများက အပြစ်ပြောတာ ဘယ်သူကနားထောင်ချင်ပါ့မလဲ ။ဒါပေ့မယ် ပြောတဲ့သူကလဲ ကိုယ်ချစ်တဲ့ သူငယ်ချင်းတွေ ဖြစ်နေတဲ့ အတွက် နားထောင်ပေးလိုက်ပါတယ်။အဲ့ဒိနေ့ ကျွန်တော် အိမ်ရောက်တော့ အိတာက ဖုန်းဆက်ပြီးကျွန်တော်ကို ပြောတယ် ရဲရဲနဲ့ သဲစုက သူကို မကောင်းကြောင်းအတင်းတုတ်တယ်ဆိုပြီး။ကျွန်တော် ဒေါသဖြစ်တယ်။ဘာလို့လဲ ဆိုတော့ ကိုယ်ချစ်တဲ့ သူကို အဲဒိလို မကောင်းကြောင်းပြောလို့လေ။တဘက်ကလဲ သူငယ်ချင်းဆိုတော့

သည်းခံရပြန်တယ်။ဘယ်လောက်ထိဖြစ်သွားခဲ့လဲ ဆိုရင် မြင်တာနဲ့ ဆွဲ လုပ်ချင်လောက်တဲ့အထိကို ဖြစ်လာကြတယ်။မယုံနိင်တာက အတန်းထဲမှာတောင်မရှောင်ဘဲ ပွေ့ဖက်နေကြတဲ့ သူငယ်ချင်း တွေက တခဏ အတွင်းမှာ ဘာလို့ဒီလိုဖြစ်သွားတယ် ဆိုတာဘဲ။ဒီအချိန်ထိ သံသာ ၀င်မွေ တယ်ဆိုတာ မသိသေးဘူးလေ။

ရဲရဲနဲ့ သဲစုကလဲ ကျွန်တော်ကို သူတို့ဘက်ကပါပြီးပြောပေးစေချင်တာ။ပီးတော့ အိတာကလည်းတယောက်တည်း၊သူက ကျွန်တော် တဖက်သက် ချစ်နေတဲ့ သူငယ်ချင်း။

ဘယ်သူဘက်လိုက်ပြီး ဘယ်လိုပြော၇မလဲ အခြေအနေဖြစ်နေတယ်။

ကျွန်တော် ဒီအကြောင်းကို အတန်းထဲက နဲနဲ ပေါခြာခြာ နိင်တဲ့ EC ကို ပြောပြလိုက်တယ်။EC ကပြောတယ် ၃ယောက်တည့်ပြီး ရှင်းခိုင်းလိုက်တဲ့။ အဲ့တာနဲ့ မနေ့မနက်က ကျွန်တော် သူတို့ သုံးယောက်ျား တွေ့ပြီး ရှင်းခိုင်းလိုက်တော့မှ တရားခံပေါ်တော့တယ်။ အဓိကတရားခံက သံသာ ဖြစ်နေတယ်။  သူငယ်ချင်းတွေ အရင်လိုပြေလည်သွားသေးတာတော့ မဟုတ်ပေမယ့်

ထက်သူနဲ့ သဲစု အတွဲက တော့ အခြေအနေက သံသာ ရှုပ်သွားလို့ ပြက်စဲသွားပြီး သံသာနဲ့ ထက်သူ နဲ့ တွဲနေပါပြီ အခု ။ သံသာ အစားရှက်မိပါတယ် သာယာနေတဲ့

သူငယ်ချင်း စုံတွဲကို လုပ်ရက်တယ် ။ ဒီအဖြစ်ကို ဖတ်မိတဲ့ သူငယ်ချင်းတို့လဲ သတိထားစေချင်လို့ပါ။

မိတ်ဆွေဟန်ဆောင်သူသည် ကြောက်စရာ အကောင်းဆုံးရန်သူဖြစ်ကြောင်း။…….
http://forever528friends.weebly.com/

Leave a Reply

Find me on facebook - 95Blogger