Facebook
RSS

တချိန်ကကောင်မလေးတယောက်အကြောင်း

-
Unknown


    ဇာတ်လမ်းတွေကတော့ …

    သူ့အဖေက သူမွေးကထဲက ဘာအလုပ်မှ မလုပ်ခဲ့တဲ့ အရက်သမားတစ်ယောက်ဖြစ်ပါတယ် .. သူ့အမေက အရင်အိမ်ထောင်နဲ့ကွဲပြီး အခု သူ့အဖေကို ယူထားတာ .. ခိုင်ခိုင်က အကြီးဆုံးသမီးဖြစ်ပြီး သူ့အောက်မှာ ၃ ယောက်ရှိပါသေးတယ်။ ခိုင်ခိုင့်ကို ၃ တန်း အောင်ပြီးကထဲက ကျောင်းထုတ်ပြီး သူများအိမ်မှာ အိမ်ဖော်လုပ်ခိုင်းခဲ့တယ်။ သူ့အဖေက သူ့လစာအကုန်လုံးကို ကြိုယူပြီး အရက်သောက်ပစ်ပါတယ်။ ကောင်မလေးက အရမ်းသနားစရာကောင်းတယ်။ ရွာမှာ စပါးရိတ်ချိန်ဆိုလျှင်တော့ အိမ်ဖော်မလုပ်ခိုင်းပဲ သွားပြန်ခေါ်ပါတယ်။ စပါးရိတ်ခတွေကိုလဲ အကုန်လုံး ကြိုတင်ငွေယူထားပြီး အရက်သောက်ပစ်ပါတယ်။ အဲဒီလိုနဲ့ အဲဒီကောင်မလေးက အိမ်တစ်အိမ်မှာ ၉ လ လောက်နေလိုက် ရွာကို ၃ လ ပြန်လိုက် ပြီးရင် သူ့အဖေက လစာပိုကောင်းတဲ့ နောက်တစ်အိမ်ပြောင်းလိုက်နဲ့ ကောင်မလေးက အိမ်အလုပ်တွေတော်တော်ကျွမ်းကျင်နေပါတယ်။ ကောင်မလေးကို အိမ်တွေက သဘောကျတာကို သူ့အဖေကသိတော့ လစာကို ခဏခဏပိုတောင်းပြီး မပေးရင် ပြန်ခေါ်သွားမယ်ဆိုပြီး ခြိမ်းခြောက်ပါတယ်။

    သူ့အဖေတစ်ခါလာရင် ကောင်မလေးက တစ်ခါငိုရတာပဲ။  ကောင်မလေးက ပြောတယ် သူ့အဖေလာရင် ပိုက်ဆံမပေးပါနဲ့တဲ့ … အခုအတိုင်းဆို သူသေတာတောင် အိမ်ဖော်အလုပ်က ရပ်ရလိမ့်မယ်မထင်ဘူးလို့ပြောတယ် … ရွာသူတွေရဲ့ ထုံးစံအတိုင်း ကောင်မလေးမှာ ရည်းစားတစ်ယောက်ရှိတယ် … နောက်ပြီး ရွာမှာ သူ့သူငယ်ချင်းရွယ်တူတွေလဲရှိတော့ သူကရွာမှာနေချင်တယ် … စာလဲ အလွန်တတ်ချင်တယ်။ သူက စာဖတ်တတ်တော့ဝေေ၀အမေက သူဖတ်သင့်တယ့် စာအုပ်တစ်ချို့ကို သူ့ကိုပေးဖတ်ပါတယ် …

    မိန်းကလေးသဘာဝ အရမ်းလှချင်လာတယ်။ ခန္ဓာကိုယ်ဖွံ့ဖြိုးတဲ့အရွယ်ဆိုတော့လဲ အိမ်မှာနေရင်းကနေ စိုပြေလှပလာပါတယ်။ သူကောက်စိုက်တဲ့အတွေ့အကြုံတွေကိုပြောပြရင်းနဲ့ သူ့အဖေဆိုးကြောင်း ပိုသိလာရတယ်။ တစ်ခါတစ်လေ သူ့သူငယ်ချင်းတွေက လျှောက်လည်ဖို့လာခေါ်တယ်တဲ့ .. သူ့အဖေက ခြွင်းချက်တစ်ခုနဲ့ ထည့်တယ်တဲ့ … သူ့ရဲ့တစ်ရက်ကောက်ရိတ်ခက ၁၅၀၀ ဆိုပါတော့ .. သူ့အဖေက သူ့ကို ၂၀၀၀ ပေးရင် သူ့သမီးကို ခေါ်သွားခွင့်ရှိတယ်တဲ့ … အဲဒီလောက်တောင် ပိုက်ဆံမက်တဲ့အဖေဆိုပြီး သူက သူ့အဖေကို စိတ်နာပါတယ် …

    သူတစ်ခေါက်ပြန်သွားတဲ့အချိန်မှာ အဲဒီထက်ဆိုးတဲ့ သူ့အဖေအကြောင်းသိလိုက်ရပါတယ် .. အဲဒီကောင်မလေးရဲ့ ရည်းစားလိုလိုဘာလိုလိုကောင်လေးက ပိုက်ဆံနဲနဲရှိတယ်တဲ့ … ကောင်လေးက ကောင်မလေးကို အပြင်ခေါ်ထုတ်ချင်တာနဲ့ သူ့အဖေနဲ့ ဈေးညှိရတယ်တဲ့ … သူ့အဖေက တစ်ရက်ကို တစ်သောင်းနဲ့ အပြင်ထွက်ခွင့်ပြုလိုက်တယ်တဲ့ … ကောင်မလေးက သူ့အဖေကို စိတ်ဆိုးပြီး မသွားဖူုးလို့ပြန်ပြောလိုက်လို့ သမီးကို နရင်းအုပ်ထည့်လိုက်တာ မေ့လဲသွားတဲ့အထိပဲတဲ့ …

    သူ့အမေကလဲ ဘာမှအသုံးမကျပါဘူး … သူ့ညီမလေး ၁၀ နှစ်လောက်အရွယ်ကိုလဲ သူများအိမ်တစ်အိမ်မှာ အိမ်ဖော်လုပ်ခိုင်းထားတယ် … အငယ်ဆုံး သား နှစ်ယောက်က သေးသေးလေးတွေပဲ ရှိပါသေးတယ် … ဝေေ၀တို့အိမ်ကိုခေါ်လာပြီး ကလေးတစ်ယောက်လောက် မွေးစားပါလို့ လာပြောတယ် … မွေးစားထားပြီး ကြီးလာရင် ခိုင်းပါတဲ့ … သူမကျွေးနိုင်တော့လို့ပါတဲ့ ….

    အဲဒီတစ်ခေါက် အိမ်ကိုပြန်လာချိန်မှာ ကောင်မလေးက စိတ်တော်တော်ညစ်နေပါပြီ .. စိတ်ကလဲ ထွေနေပြီ .. သူ့အဖေကိုလဲ အရမ်းစိတ်နာနေပြီ .. ကျွန်မတို့အိမ်မှာလဲ သိပ်ပျော်ပုံမပေါ်တော့ပါဘူး … ဝေေ၀ကအမေကိုပြောပါတယ် … သူ့ကို သူ့အဖေလုံးဝ လိုက်မလာနိုင်တဲ့ နေရာတစ်ခုရှိရင် ပို့ပေးပါတဲ့ … ဝေေ၀တို့ကတော့ သူ့ကိုကလေးလိုပဲ သဘောထားတော့ ဒီအတိုင်းပဲ ဖြောင်းဖြပြောဆိုပြီး နောက်ပြောင်နေပါတယ်။ ဝေေ၀အဖေကတော့ အသက် (၁၈)နှစ်ပြည့်ရင် သင့်တော်တဲ့ အိမ်ထောင်ဖက်ရှာပေးစားမယ်လို့ ပြောထားသေးတယ်။ အဲဒီလိုနေရင်းနဲ့ သူ့အဖေက တစ်ရက်မှာ အလှူရှိတယ်ဆိုပြီး လာခေါ်သွားပါတယ် …

    အဲဒီကထဲက သူပြန်မလာတော့ပါဘူး …

    (၃) လလောက်နေတော့ အဲဒီရွာက အမျိုးသမီးတစ်ယောက်ကို ဈေးထဲမှာတွေ့တာနဲ့ အကျိုးအကြောင်း သေချာသိလိုက်ရပါတော့တယ် ..

    ကောင်မလေး သေပြီတဲ့ …

    ကြွက်သတ်ဆေး ပိုလို (၃) ပုလင်းကို တစ်ခါထဲ သောက်ထည့်လိုက်တယ်တဲ့ …

    မသေခင် သူ့ရည်းစားကောင်လေးကို သူ့ကိုခိုးပြေးဖို့ စာရေးထားတာကို တွေ့လိုက်ရတယ်တဲ့ …
    အဲဒီစာကို ကိုင်ပြီး သူ့အဖေက ကောင်လေးမိသားစုကိုငွေညှစ်လိုက်တာ (၅) သိန်းအလျှော်ရလိုက်ပြီး ပျော်ပျော်ပါးပါး အရက်တွေ ထပ်တိုးသောက်နေတယ်ဆိုတဲ့
ကောင်းကျသေးရဲ့လား
www.thzblogspot.co.cc

Leave a Reply

Find me on facebook - 95Blogger