လူတစ်ဦးတွင်သမီးငယ်ကလေးတစ်ယောက်ရှိသည်။တစ်ဦးတည်းသောနှင့်အလွန်ချစ်၇သောသမီးကလေးဖြစ်သည်။သူအသက်ရှင်နေသည်မှာ
သူမအတွက်။သူမသည်သူ၏ဘ၀ဖြစ်၏။သူမဖျားနာပြီးအကောင်ဆုံးသမားတော်များစွာ၏ကုသမှုများစွာခံယူသော်လည်း
အချည်းအနည်းဖြစ်ခဲံ့ရသော်အခါဖခင်သည်သမီးပြန်လည်ကျန်မာစေလိုသောဇောဖြင့်စိတ်သောကရောက်ခဲ့ရသည်။
အစွမ်း ကုန် ကြိုးစားသော်လည်း သမီးလေးခမျာ ဆုံးပါးသွားခဲ့ရရှာလေသည်။
ဖခင်သည်လုံးဝရတတ်မအေးနိင်ရှာပေ။အများသူငါနှင့် ရှောင်ခွင်၍နေလေသည်
သူငယ်ချင်းများနှင့် အတွေ့မခံတော့သည့် အပြင် ပင်ကို အနေအထားသို့ပြန်ရောက်စေမည့် လှုပ်ရှားမှုများကိုလည်း အဟန့်အတားပြုလုပ်ထားတော့သည်။
တညသော် သူသည် အိမ်မက်တခု ကို မြင်မက်လေ သည်။ သူသည် ကောင်းကင်ဘံသို့ရောက်ရှိနေသည်။ချစ်စဖွယ် နတ်မိမယ်ပေါက်စကလေးများ၏
စည်တန်း လှည့် လည်ချင်းကိုကြည့်ရှုလျက်ရှိသည်။
သူတို့သည် ခမ်းနာ ထည်ဝါသော အဖြူရောင်ပုလ္လင်တခုရှေ့တွင် အဆုံးမရှိသော
တန်းရှည်ကြီး တခုအနေဖြင့် ဖြည်းညှင်းစွာ ရွှေ့
လျားလျက်ရှိသည်.။ဖြူစင်သောအ၀တ်အစားများဝတ်သည့်နတ်သမီးငယ်တိုင်း
ဖယောင်းတိုင်စီကိုင်ဆောင်လျက်၇ှိသည်။ နတ်သမီးငယ်လေး တဦး၏ဖယောင်းတိုင်သည်
မှာ မီးထွန်းညှိထားချင်းမရှိသည် ကို သတိပြုမိသည်။ မည်းမှောင်သော
ဖယောင်းတိုင် ကိုင်ဆောင်ထားသူမှာ သူအလွန်ချစ်သော သမီးငယ်လေးဖြစ်နေသည်
။စီတန်းလျည့်လည်ခြင်း ခေတ္တရပ်ဆိုင်းသွားစဉ်
သူ့သမီးငယ်လေးဆီသို့အပြေးကလေးသွားကာပွေ့ဖတ်လိုက်လေသည်။ ထို့နောက် ပွေ့ဖတ်ကာ
“သမီးလေး၇ဲ့ ဖယောင်းတိုင် တတိုင်တည်းငြိမ်းနေတာ ဘာကြောင့်လဲကွယ်” ဟုတ်
မေးလိုက်သည်။
“ဖေဖေ..သူတို့ ပြန်ပြန် ထွန်းပေးပါတယ် ဒါပေ့မယ့် ဖေဖေငိုတဲံမျက်ရည်တွေကြောင့် ပြန်ပြန်ငြိမ်းသွားတာပါ”
ထိုစဉ် ဖခင်သည် အိမ် မက်မှနိုးထလာသည်။ သူရရှိဲ့သော သင်ခန်းစာမှာ
အလွန်ရှင်းလှပါသည်။ ထိုအချိန်မှစ၍ အိမ်တွင်းပုံးအောင်နေသူမဟုတ်တော့ဘဲ
သူငယ်ချင်းဟောင်းများနှင့် လွတ်လွတ်လပ်လပ်၇ယ်ရယ်မောမော်
နေထိုင်းသွားတော့သည်။သူ၏အကျိုးမရှိလှသော ကျမျက်ရည်များကြောင့် သူ့သမီးလေး၏
ဖယောင်းတိုငအား ဘယ်တော့အခါမှမငြိမ်းစေတော့ပါ။ ။
သူများတွေဘာသာပြန်တာအားကျ လို့ Tears In Heaven ဘလော့အား ခပေါက်တိဂပေါက်ချာ ဘာသာပြန်ထားသည်
www.thazinlay.wall.fm
Categories:
Blog







