တနေ့သော မနက်ခင်းတခုတွင် ဧရာ၏ နှဖူး ကျော်ထူး၏ နှာခေါင်း
ဝက်မ၏ ခန္ဓာကိုယ်နှင့် ကိုငြိမ်းသည် သူလိုက်ကြောင်ရာ အပျိုကြီးကျောင်းဆရာမ
မနှင်းဆွှေကို ရည်းစားစာ လိုက်ပေးရင်း အနောက်ကနေလိုက်သွားသည်။
မနှင်းဆွေသည် မောင်ငြိမ်းအနောက်က လိုက်လာသည် မှာ ရည်းစား စာ
ပေးချင်သောကြောင့်ဟု မသိသေး။အပျိုကြီး ဖြစ်တာလဲမပြောနဲ့ မူတာမှ လွန်နေတာဘဲ။
အနောက်မှ လိုက်နေသော မောင်ငြိမ်းအား မချိပြုံးလေ တချက်ပေးကား “ရှေ့နားက
အအေးဆိုင်မှာ ခဏ၀င်ရအောင်” လို့ ရေလာမြောင်းပေးစကားဆိုသည်။
ဟုတ်လို့လဲမပြောနဲ့ မငြင်းဆန်ဘဲ မနှင်းဆွေ သွားရာအတိုင်းလိုက်သွားသည်။
ဆိုင်ထဲက ခြောင်ကျရာနေရာသို့ ရွေးပြီး ထိုင်လိုက်ကြသည်။သောက်စရာများမှာပြီးနောက်……………
“မနှင်းဆွေ အခု ဘယ်သွားမလို့လဲ ကျောင်းသွားမလို့လား ။”
“ဟုတ်တယ်၇ှင့်
ကိုကြီးေ၇ာ ဘယ်သွားမလို့လဲ ကိုကြီးရေးတဲ့ စာတွေ
ကဗျာတွေကကောင်းတယ်လို့ကြားတယ်နော် ကိုကြီး ရေးတဲ့စာကို ကျွန်မ
ဖတ်ဖူးပါတယ်။”
မနှင်းဆွေ၏ ချီးမွမ်းစကားကြောင့် မောင်ငြိမ်းသည် သူ၏ပြောင်နေသော နဖူးကြီးအား
ပွတ်ခါ “ကျွန်တော်အခု မနေ့က အင်္ကျီ ၀ယ်လာတာလေ စိတ်တိုင်းမကျလို့ သွားလဲ မလို့ပါ”
“ဘယ်က၀ယ်တာလဲ” မောင်ငြိမ်းလဲ မနှင်းဆွေ အမေးကို
ကျောင်းဆရာမ အပျိုကြီး မောင်ငြိမ်း ကဗျာစကားကြောင့် “ခစ်” နဲ့ တချက်ပြုံးသွားသည်။
ပြုံး လို့ အပျိုကြီး ပါးစပ် မပိတ်မီ မောင်ငြိမ်းသည် အပျိုကြီးလက်ထဲသို့စာတစောင်ထည့်ပေးလိုက်သည်။ဟန်မဆောင်နိင်တဲ့ အပျိုကြီးကလည်း
ချက်ချင်းပင်ဖတ်လိုက်သည်။ မျက်နာကြီး လမ်းကြိတ်စက်အကြိတ်ခံထားရတဲ့ပုံနဲ့
“အစ်ကို စာကြီးကလဲ ပွကြီး အပေါင်လက်မှတ်တဲ့” ဟိုက်သွားပြီး ငါ့အမေ ထမိန်ပေါင်းထားတဲ့လက်မှတ်ကြီး “စောရီးနော်အဟဲ ရော့ ဒါယူမှားသွားလို့”
ကိုငြိမ်းပေးသော စာကို ယူကာ ဖောက်ဖတ်လိုက်သည်။ဒိတခါတော့ မနှင်းဆွေ၏
မျက်နှာမှာ ပြုံးစိစိ နှင့်။ ရေးထားသော စာမှာ…..
သမင်လေး ရေ
ချစ်လွန်းလို့ ဆင်ကြံကြံမိတာပါ။တောဝက်လို ဗွေမယူပါနဲ့နော်။
သမင်လေး ကို အစ်ကိုကြီး ချစ်လွန်းလို့ ကျားချောင်းချောင်း နေတာကြာပါပြီ။
ဒါပေ့မယ့် အခွင့်မသာလို့ လင်းမြွေးလို မသိမသာခွေနေရတာပါ။
သမင်လေး လာရာလမ်းကို မျှော်ရလွန်းလို့ လည်ပင်းတောင် သစ်ကုလားအုပ်လောက် ရှည်ထွက်နေပါပြီ။ အခုလို နှင်းမသိအောင် စာထည့်ထားတဲ့အတွက် မြေခွေးလို
ကောက်ကျစ်တယ်လို့ မထင်စေချင်ဘူး။နှင်း နဲ့ ရင်ဆိုင်တွေ့တဲ့အခါတိုင်း ကိုယ့်ရဲ့
အသည်းနှလုံးဟာ ယုန်တကောင်လို ထိတ်လွယ် လန့်လွယ်လို့ ဒီလိုလုပ်လိုက်မိတာပါ။
နှင်း….
နွားကျတယ်လို့ ဆိုချင်ဆိုပါတော့ ။နှင်းရဲ့ ခြေရင်းမှာ ကြောင်တကောင်လို
ပွတ်သီး ပွတ်သပ် ခယပါရစေ။ဒါကလည်း ခြင်္သေ့လို အသည်းနှလုံးနဲ့
နှင်းကို ရဲရဲကြီးချစ်မိလို့ပါ။
ဒီလိုပြောလိုက်လို. နှင်းရဲ့စိတ်တွေထဲမှာ ကိုယ်.ကို ရေဆင်လိုလို ကြွက်စုတ်
လိုလို မထင်စေချင်ဘူး။ဒီစာရေးလို့ ကိုယ့်ကို စိတ်မဆိုးနဲ့နော်။ဆိတ်ဆိုးရင် မြက်မကျွေးဘူးနော်။
နှင်း စာပြန်ပါနော်။
နှင်းရဲ့ ပြန်စာမှမရရင် သစ်ကိုင်းလွတ်တဲ့မျောက်လို အစ်ကိုကြီး
နေမထိ ထိုင်မသာ ဖြစ်နေတော့မှာဘဲ။
နှင်းရဲ့ အချစ်ကို မျှော်လင့်ရင်း
စိုင်ကော်လို့ ခြုံပေါ်ရောက်နေတဲ့…
ရွှေဘို ဒရယ်ရွာသား ကိုယ်………
www.shweminthamie.blogspot.com