Facebook
RSS

ကျွန်တော် ပုဇင်း ဘဝ


ဒီဘလော့ သဇင်လေး ပထမဆုံးစရေးတဲ့ဘလော့လေးပါ ဖတ်လို့ကတော့ဘယ်လိုမှမကောင်းဝူး ဟီး အစချီကတည်းက ဖတ်ချင်စိတ်မ၇ှိအောင်
ဟိုးရှေးရှေးတုန်းက
အရမ်းချစ်ကြတဲ့ကောင်လေးနဲ့ကောင်မလေးနဲ့ရှိတယ်
တစ်နေ့ကျတော့ ကောင်မလေးက ရောဂါတစ်ခုနဲ့ ဆုံးသွားရှာတယ် ကောင်လေးခမျှာဝမ်းနည်းလွန်းလို့
ကောင်မလေးဘေးမှာပဲနေပြီးအစားလည်းမစားဘူး အိပ်လည်းမအိပ်ဘူး ကောင်အလေးကိုပွေ့ပြီးငိုနေရှာတယ်
အဲလိုဝမ်းနည်းပြီးငိုနေတဲ့ကောင်လေးကို ဘုရားကသွားတွေတော့ လူတိုင်းကသေရတာကြည့်ပဲလို့ပြောပြီး
မငိုဖို့ပြောတယ်။အဲ့ဒါကိုကောင်လေးကလက်မခံဘူး ကောင်မလေးအသက်ပြန်ရှင်မယ်ဆိုရင်သူဘာပဲလုပ်ပေးရ
လုပ်ပေးရ သူအသက်နဲ့လည်းရမယ်ဆိုလဲလည်းပါ့မယ်လို့ ဘုရားကိုပြောတော့ ဘုရားက အေးဒါဆိုလည်း
ကောင်မလေးအသက်ရှင်အောင်လုပ်ပေးမယ် သင်က ပုဇင်းဘ၀နဲ့ သုံးနှစ်နေရမယ်လို့ပြောပြီး သူကိုနောင်တမရဖို့လည်းပြောတယ် ကောင်လေးကသူဘယ်တော့မှနောင်တမရပါဘူးလို့ ကတိတွေအကြိမ်ကြမ်
ပေးပြီး ဘုရားကို ကောင်မလေးအသက်ရှင်အောင်လုပ်ပေးဖို့ပြောတယ်။ အဲ့ဒါနဲ့ ဘုရားကလည်း သူကိုပုဇင်းအဖြစ်အရင်ဖန်ဆင်းပြီး ကောင်မလေးကို အသက်ရှင်အောင်လုပ်ပေးလိုက်တယ် အဲဒီအချိန်မှာကောင်လေးဖြစ်တဲပုဇင်းလေးက၀မ်းသာသွား သူပုဇင်းဖြစ်ရကျိုးနပ်တယ်လို့လည်းဘုရားကိုပြောတယ်
ကောင်မလေးကတော့ မသိဘူး ကောင်လေးပုဇင်းလေးဖြစ်သွားတာကို မသိဘူးပေါ့ ကောင်လေးဖြစ်တဲ့ပုဇင်းလေးက ကောင်မလေးနားသွားပြီးကောင်းမလေးရဲ့ပါးကို တယုတရနမ်းလိုက်တယ်
ကောင်မလေးကမသိရှာဘူး ကောင်မလေးက ကောင်လေးကိုလိုက်ရှာတော့ကောင်လေးကိုမတွေ့တော့ဘူး
ဆရာဝန်တွေကိုမေးကြည့်တော့ ကောင်မလေးနေမကောင်းတော့ ကောင်မလေးအနားမှာအမြဲရှိနေတယ်လို့ပြောတယ် ကောင်မလေးသတိရခါနည်းမှမရှိတော့တာတဲ့အဲ့ဒါနဲပကောင်မလေးလည်းကောင်လေးပြန်လာအောင်စောင့်တယ်
ကောင်မလေးက ကောင်လေးလာတဲ့အချိန်အထိစောင့်တာပေါ့ အချိန်တွေသာ တဖြေးဖြေးကုန်သွားတယ်
ကောင်လေးကပြန်မလာဘူး ကောင်လေးကဘယ်မှမသွားပါဘူးကောင်မလေးပုခုံးထက်နားမှာပဲပြန်နေတယ် ကောင်မလေးကမသိလို့ပါ ကောင်လေးကကောင်မလေးကိုခေါ်တော့လည်းကောင်မလေးကမကြားရဘူး
ဒီလိုနဲ့အချိန်တွေတဖြေးဖြေးကုန်ပြီး (၂)နှစ်ကျော်လာတယ် အဲ့ဒီအချိန်မှာ ကောင်မလေးကိုဆေးကုပေးတဲ့ဆ၇ာဝန်လေးကကောင်မလေးကိုနေမကောင်တုန်းက သူဘယ်လိုဂရုစိုက်တဲ့
အကြောင်း ပြောတယ် ကောင်မလေးနဲ့အတူတူရှိနေတယ် တဖြည်းဖြည်းနဲ့ ကောင်မလေးနဲ့ ဆရာဝန်လေးဟာ ရင်နီးလာတယ် ဒီလိုနဲပသူတို့တွေချစ်သူတွေဖြစ်သွားကြတယ် အဲ့ဒီအချိန်မှာ ပုဇင်းဖြစ်တဲ့ကောင်လေးက
ဝမ်းနည်းနေရှာတာပေါ့ ဒီလိုနဲ့ ရက်တွေကြာလာတော့ ပုဇင်းလေး ဖြစ်တဲ့ကောင်လေးက ကောင်မလေးအနားမှာ အမြဲအနေတော့ဘူး သူကောင်မလေးကို အရမ်းသတိရမှ ကောင်မလေးအနားကိုသွားတယ် ဘာလို့လဲဆိုတော့ ကောင်မလေးအနားမှာ ဆရာဝန်လေးရှိနေလို့ပဲ အဲဒီအချိန်မှ ပုဇင်းဖြစ်တဲ့ကောင်လေးကို ဘုရားကမေးတယ် နောင်တရနေပြီလားလို့ ကောင်လေးကလည်းပြန်ဖြေပါတယ်သူနောင်တမရပါဘူးလို့ အခုအချိန်မှာနောင်တရမယ်ဆိုရင် ကောင်လေးကိုလူပြန်ဖြစ်အောင်ဖန်ဆင်ပေးမယ် ကောင်မလေးကိုတော့ အရင်းအတိုင်းပြန်ဖြစ်အောင်လုပ်မယ်လို့ပြောတယ် ကောင်လေးကလက်မခံဘူး သူခံနိုင်၇ည်ရှိပါတယ်လို့ဘုရားကိုပြန်ပြောတယ် ဘုရားကဘာမှမပြောတော့ပဲပြန်သွားတယ် ဒီလိုနဲ့ အချိန်တွေ တဖြေးဖြေးကုန်လာပြီးကောင်လေး ပုဇင်း ဘ၀ကလွတ်ဖို့ရက်ပိုင်းပဲလိုတော့တယ် အဲ့ဒီအချိန်မှာ ကောင်မလေးနဲ့ဆရာဝန်လေးက လက်ထက်လိုက်ကြတယ် ။ ကောင်လေးလည်ပုဇင်ဘ၀မှာနေတဲ့ရက်လည်းစေ့ကော ဘုရားရောက်လာပြီး လူအဖြစ်ဖန်ဆင်းပေးမယ်လို့ပြောတော့ ကောင်လေးကလက်မခံဘူး သူပုဇင်းဘ၀နဲပဲနေပါရစေတော့လို့ဘုရားကိုခွင့်တောင်းတယ်..ဘာလို့လဲဆိုတော့ ပုဇင်းဘ၀မှာနေရင်ကောင်မလေးကိုသူသွားကြည့်လို့ရလို့ပါပဲ.......ဒီလိုနဲ့ပုဇင်းလေးက ကောင်မလေးကိုသတိရရင် ကောင်မလေး နဲအတူထိုင်ခဲ့တဲ့နေရာမှာသွားနေလိုက် ကောင်မလေးကိုသွားကြည့်လိုက်နဲသူဘ၀ကို အဆုံးသတ်လိုက်တယ်..............................
www.thzblogspot.co.cc
[ Read More ]

websiteအတွက် chat boxနော်

သဇင်လေးဘလော့နှင့်ဝက်ဆိုက်အတွက်အကောင်းဆုံးဖြစ်သော
Chatting Box (၁o)ခုပေါ့နော်၊သဇင်လေးတို့ဘလော့တွေမှာတော့ Cbox ဘဲသုံးနေတာများပါတယ်။
တခြားဟာတွေလည်းပြောင်းသုံးခြင်ရင်သုံးလို့ရအောင်ပါ,အောက်မှာပုံနဲ့တကွလင့်ခ်တွေထားပေး
ထားပါတယ်။

( ၁ )

( ၂ )



( ၃ )



( ၄ )




( ၅ )



( ၆ )




( ၇ )


( ၈ )



( ၉ )






( ၁ဝ )
[ Read More ]

အချစ်ကြီးရင် ဒီလိုလည်းဖြစ်တတ်တယ်

 ဟဲ ဟဲ သဇင်လေးက လိုင်းပေါင်းစုံနော် 
အချစ်ကြီးတော့အမျက်ကြီးတယ် ဆိုတဲ့ စကားဟာ တစ်စုံတစ်ဦးအပေါ် အရမ်းချစ်တဲ့ သူတွေ အတွက်မှန်ကောင်း မှန်ပါလိမ့်မယ်။ ဒါဆိုရင် အချစ် ကြီးတဲ့သူကြောင့် (၁၅၀ဝ မေတ္တာနှင့်) အချစ်ခံရတဲ့သူ မှာ ဘာအကျိုးဆက်တွေရှိလာနိုင်သလဲ မေးစရာရှိ ပါတယ်။ ဒါပေမယ့် ဒီဖြစ်ရပ်မှာတော့ အချစ်ခံရသူမိန်းကလေးဟာ ပျော် ရွှင်စရာအချိန်နဲ့ အခိုက်အတန့်ကြုံတွေ့ခဲ့ရသလို ဆေးရုံ တက် ခွဲစိတ်မှုခံခဲ့ရတဲ့အထိလည်း ကြောက်မက်ဖွယ် အန္တရာယ်အဖြစ်အပျက်တစ်ခုနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ "အချစ်ခံရတော့ အန္တရာယ်ကြီးတယ်"လို့ဆိုရတော့ မလိုလို ဖြစ်နေပါပြီ။ တရုတ်နိုင်ငံ၊ ကင်ဒေါင်ပြည် နယ် သူလေးဝမ်ဇူးဟာ သူ့ရဲ့အသက် ၂၂ နှစ်ပြည့် မွေးနေ့ကိုချစ်သူလီအပါအဝင် သူငယ်ချင်းတွေနဲ့ ပျော် ပျော်ပါးပါးဆင်နွှဲနေခဲ့တာဖြစ်ပါတယ်။လီဟာ ချစ်သူ ကို အရမ်းချစ်တာကြောင့်တစ်ကြောင်း၊ ကဗျာဆန်ပြ ချင်တာကြောင့်တစ်ကြောင်း၊ ရုတ်တရက်ရင်ခုန်သွား စေလိုတာကြောင့်တစ်ကြောင်း သူကိုယ်တိုင် အထူး ပြုလုပ်ထားတဲ့ မွေးနေ့ကိတ်ထဲမှာ ပေါင် ၅၀ဝ တန် လည်ဆွဲတစ်ခု မြှုပ်နှံထားခဲ့ပါသတဲ့။ ဖြစ်ချင်တော့ ဝမ်ဇူးက လည်ဆွဲရှိနေတဲ့ ကိတ်မုန့်အသားကို တစ်ကိုက်ကိုက်ပြီး မျိုချ လိုက်ပါတယ်။ ဒါကြောင့် လီဟာ စိုးရိမ်ထိတ်လန့်သွားမှုနဲ့ အတူ အကြောင်းစုံကိုဖွင့်ပြောပြီး ဆေးရုံချက်ချင်းပို့ပေးခဲ့ပါ တယ်။ ဆေးရုံမှာအရေးပေါ်ခွဲစိတ်မှုခံယူခဲ့ပြီးမှ လည်ဆွဲကို ဖယ်ရှားနိုင်ခဲ့တာကြောင့် ချစ်သူအပေါ်အရမ်းချစ်တဲ့သူတိုင်း လီလိုတော့ မချစ်လိုက်ကြပါနဲ့လို့ဆန္ဒပြုရင်း.....။   ခိခိ

[ Read More ]

ဆိုဒ်လင့်များfree webs

This summary is not available. Please click here to view the post.
[ Read More ]

သူတို့တွေကြောင့်မိသားစုတွေပျက်ကုန်ပီး သူတို့တွေကို ကယ်ပါဦး

မပြောမဖြစ်လို့တော့ပြောရတော့မယ်သဇင်လေးတို့အဆောင်ရှေ့ကပါ သူတို့မိသားစုလေးယောက်ရှိတယ် အဖေရယ်အမေရယ်ကလေး၂ယောက်ရယ်ပေါ့ တယောက်က၆တန်းတယောက်ကတော့၁၀တန်းပြီးသွားပြီ ညတိုင်းလိုလို ကလေးတွေကအဖေပြန်လာတဲ့အထိစောင့်ရတယ် သူတို့အဖေပြန်လာမှညနေစာ စားရတယ် စီးပွာရေးကဒီနှစ်မှအဆင်ပြေလာတာ နည်းနည်းအဆင်ပြေလာတော့ နည်းနည်းအောက်ခြေလွတ်လာတာပေါ့ ယောက်ျားကဟိုအနှိပ်ခံသွား ဒီဘီယာဆိုင်ထိုင်နဲ့ အကျင့်ပျက်လာတယ် အချိန်ကာလတခုကြာပီးတဲ့အခါ ယောက်ျားက မာစပ် ကကောင်မလေးတယောက်နဲ့ဖောက်ပြန်နေတယ် ဒါကိုအိမ်ကမိန်းမကသိသွားတယ် သိသွားကတည်းကသဇင်လေးတို့အဆောင်အောက်ကိုနေတိုင်းလာတယ် ဘာတွေလုပ်သင့်မလုပ်သင့်တိုင်းပင်တယ် သဇင်လေးတို့လဲ ဗေဒင်မေးဖို့ဘဲ အကြံပေးလိုက်တယ် ဗေဒင်ဆရာပြောတာတော့ ဆေးမိတာတဲ့ သူယောက်ျားသောက်တဲ့ ဘီယာထဲကိုအင်္ဂါသမီးရဲ့ လက်ခလယ်သွေးထည့်တိုက်လို့တဲ့ မိန်းမကအ၀တ်အစားစတာတွေဝယ်ဖို့ပိုက်ဆံတောင်ရင်းမပေးဘူး အဲ့ဒီဘီယာဆိုင်ကကောင်မလေးတွေတခုခုဝယ်ဖို့စကားစတာနဲ့ ၀ယ်ပေးတယ်တဲ့ ဗေဒင်ဆရာကလဲရုပ်ရည်ကအစပြောတယ် ကုသိုလ်တော်ဘုရားထဲကတဲ့ (သတိထားလို့ရအောင်သေချာတင်ပေးလိုက်ပါတယ်) ပွဲ၏ဲကတော့မနေ့ညကမှစတာ အပြစ်လုပ်ပြီးထွက်ပေါက်ရှာတာပေါ့ ““နင်ကဘာသဘောလဲ ငါ့ကိုထမင်းခူးပေးတာစေတနာရောပါရဲ့လား ထမင်းစားပွဲကလဲပွထနေတာဘဲကွာ (တောက်) ““၀ုန်း”” ”” ““ဘာလုပ်တာလဲကလေးတွေထမင်းမစားရသေးဘူး နင်လွန်လာပြီနော်”” ““နင်ငါ့ကိုထမင်းခူးကျွေးတာသေချားလုပ်ပါလား အေးပါ ငါသိပါတယ် နင်ဘေးအိမ်ကလူတွေပြောတာနဲ့ ဒီလိုပြောတာမလား””““ အေးပါနင်စပြောတာ ငါပြောရတော့မယ် အဲကောင်မလေးကဘယ်သူလဲ မာစပ်ကဘဲမလား အေပါနင်ရှာတော့ နင်ဘဲသုံးပါ ””““ဘာဘဲဖြစ်ဖြစ်နင်နဲ့မဆိုင်ဘူး အခုနင်လျှောက်ပြောထားလို့အခု ငါရပ်ကွက်ထဲလဲမသွားရဲ ဘူး နင်ထင်ရာလျှောက်မပြောနဲ့ကောင်မရဲ့””““ငါကဘာပြောရမှာလဲ သူတို့ဘာသာနင့်အဲ့မာစပ်က ကောင်မနဲ့တွဲသွားတာမြင်လို့ပြောတာ နင်စကားဆင်ခြင်ပြောနော် ””““အေး .. ငါသွားတယ် ဘာဖြစ်ဲ နင်တို့ကိုရီးယားကားတွေကြည့်ပြီးဘာလုပ်နေတာလည်း အဲ့ထဲမှာမတွေ့ဘူးလား မယားကြီးအိမ်မှာထားပြီး နောက်အိမ်ထောင်တွေပြုနေတာ ””““ သူတို့နိင်ငံယဉ်ကျေးမှုနဲ့ ငါ့တို့ယဉ်ကျေးမှုနဲ့တူလို့လား နင်အမျိုးထဲမှာရော ငါတို့အမျိုဲးမှာရော နင်လိုလူမျိုးမရှိဘူး”” ““တိုးတိုးပြောဘေးအိမ်ကလူတွေအိပ်ကုန်ပြီ နင်လူမှုရေးနားမလဲဘူးလား””““ဟာကွာ”” ယောကျာ်းကအိမ်ပေါ်ကနေဆင်းသွားတယ် မိန်းမကတော့ ငိုပြီးကျန်နေခဲ့တယ်““အေးပေါ့လေ ငါ့ကံဘဲ ဘယ်တတ်နိင်ပါ့မလဲ ကလေးတွေတောင် ဒီအရွယ်ရောက်မှတော့ သီးခံရမှာပေါ့(ငိုပြောနေတာနော်) အရင်တုန်းကဆို သူမူးရင်တောင် ငါ့ခေါင်းကပန်ထားတဲ့ ပန်းကိုရူတာနဲံပျောက်တယ်လို့ပြောတယ် အခုတော့သူကောင်မတွေဘဲပေါ့”” သဇင်လေး လက်နာနေလို့ ဆက်မရေးတော့ဘူး တကယ်တမ်းသနားဖို့ကောင်းတာကတော့ ကလေးတွေပါ မိဘတွေရန်ဖြစ်နေရင်ဘယ်နားနေရမှန်းမသိဘူး အဲအန်တီကြီးကတော့ ဘီယာဆိုင်ကကောင်မတွေ ဘာဖြစ်တယ်ညာဖြစ်တယ်နဲ့ သဲချင်းတို့ရော ဘယ်သူမှာအပြစ်ရှိတယ်ထင်လဲ (သူတို့လင်မယားသိရင်သဇင်လေးအဆဲ့ခံရလောက်တယ်)

[ Read More ]

သူယောင်မယ်သီးလေးတွေပါ

Nareepol Tree 3 သူယောင်မယ်သီးတွေ


Nareepol Tree 2
ဖန်ဖန်ကြံကြံ

Nareepol Tree 1
အများကြီးဘဲ
မတင်ခင်….
ဒီအကြောင်း.တင်ပြီးသားရှိလား..တစ်ချက်ရှာရသေးရဲ့..
သူယောင်မယ်သီး..Nareepool ဆိုပြီးရှာတာ..ရွာမှာမတွေ့ ဝူးဗျာ
မတွေ့  တော့ မရှိဝူးမှတ်တယ်..
မရှိတော့ တစ်ချို့  မသိဝူးမှတ်တယ်…အဲတော့ ….တင်ဒယ်..ဒါဗျဲ.. 8O

ဆိုဒ်တစ်ခုမှာတွေ့ မိရာက အနော်လဲ တစ်ကယ်လား မှတ်တာပေါ့….

[ Read More ]

ချစ်သူဘ၀နှင့်အိမ်ထောင်သည်ဘ၀ခြားနားချက် ၁၀ချက်

(၁) ချစ်သူဘဝ
အလကားနေရင်းအကြည့်ချင်းဆုံချင်နေ၏။
အိမ်ထောင်သည်ဘဝ
အကြည့်ချင်းဆုံလျှင် အလကားဖြစ်နေရ၏။
(၂) ချစ်သူဘဝ
အမြဲတမ်း ချစ်သူကို တမ်းတမ်းတတဖြစ်၏။
အိမ်ထောင်သည်ဘဝ
တမ်းတမိနေလည်း အချိန်တွေကုန်ဆုံးမှုသာဖြစ်၏။
(၃) ချစ်သူဘဝ
ကလေးဘယ်နှစ်ယောက်ယူလိုက်မယ်ဟုစိတ်ကူး၏။
အိမ်ထောင်သည်ဘဝ
စိတ်ကူးသည့်အတိုင်းကလေးမယူဖြစ်ခဲ့ရင်အကောင်းသားဟုတွေး၏။
(၄) ချစ်သူဘဝ
ကိုယ်ပိုင်ဆိုင်သမျှ အားလုံး သူ့အားပေးလို၏။
အိမ်ထောင်သည်ဘဝ
ကိုယ်ပိုင်ဆိုင်သမျှ တိတ်တိတ်လေးသိမ်းထားလို၏။
(၅) ချစ်သူဘဝ
တစ်ယောက်နှင့်တစ်ယောက်ဖုန်းပြောပါက တိုးတိုးလေးပြော၏။
အိမ်ထောင်သည်ဘဝ
ဖုန်းထဲမှအော်လိုက်ရသည်ကိုပင်အားမရ။
(၆) ချစ်သူဘဝ
ချစ်သူ့အကြောင်းကဗျာရေးဖွဲ့၏။
အိမ်ထောင်သည်ဘဝ
ကဗျာလိုလည်းခံစားလို့မရ...ကဗျာရေးသူ ငစနူ။
(၇) ချစ်သူဘဝ
သူငိုလျှင် ကိုယ်လိုက်ငို၏။
အိမ်ထောင်သည်ဘဝ
သူငိုလျှင် တီဗီအစီအစဉ်တွေ၊ဘောလုံးပွဲတွေကောင်းနေပြီ။
(၈) ချစ်သူဘဝ
လူတောထဲတွင် လက်ချင်းချိတ်၍သွားလေ့ရှိ၏။
အိမ်ထောင်သည်ဘဝ
လူတောထဲတွင် မျက်စောင်းချိတ်၍သွားလေ့ရှိ၏။
(၉) ချစ်သူဘဝ
ချစ်သူအကြောင်းသာမမောတမ်းပြောနေချင်၏။
အိမ်ထောင်သည်ဘဝ
သံသရာမှလွတ်မြောက်ရာအကြောင်း သာတွေး၏။
(၁၀) ချစ်သူဘဝ
ချစ်သူလုပ်သမျှ စိတ်ဝင်စား၏။ချစ်သူလုပ်သမျှအကောင်းချည်း သာ။ ချစ်သူစိတ်တိုင်းကျသာဖြစ်စေချင်၏။
အိမ်ထောင်သည်ဘဝ
လူပေါင်းမှားခဲ့သည့်အတွက် ရင်ထုမနာဖြစ်နေ၏။
[ Read More ]

အိုင်တီသမက်ရွေးပွဲ


တစ်ခါက IT လုပ်ငန်းရှင် “ကိုမောင်တင့်” ဆိုတဲ့ ပုဂ္ဂိုလ်ကြီး တစ်ဦးမှာ သူအလွန် ချစ်မြတ်နိုး တန်ဖိုးထားတဲ့ သမီးလေး တစ်ယောက် ရှိတယ်။ ကိုမောင်တင့်ဟာ သူသိပ် တန်ဖိုးထားတဲ့ “မလိမ္မော်သီး” ဆိုတဲ့ သမီးလေးကို ပညာတွေ စုံလင်အောင် ပြုစု ပျိုးထောင်ပေးပြီး နောက် အရွယ် ရောက်လာတဲ့ သမီးလေး အတွက် အိမ်ထောင်ဖက် ရွေးချယ်ပေးဖို့ စဉ်းစားပါတယ်။ တစ်နေ့တော့ ကိုမောင်တင့်ဟာ လူပျို ပုရိသတွေအတွက် သတင်းတစ်ခု ထုတ်ပြန် လိုက်ပါတယ်။ သူ့သမီး မလိမ္မော်လေး အတွက် အိမ်ထောင်ဖက် ရွေးချယ်ပွဲကို သူ့ IT ခြံကြီး ထဲမှာ ကျင်းပမယ်။
ပြိုင်ပွဲတစ်ခုအသွင် ကျင်းပမှာဖြစ်ပြီး ပြိုင်ပွဲမှာ ပထမရတဲ့သူကို သူ့သမီးနဲ့ပေးစားမှာဖြစ်ပါတယ်။ မလိမ္မော် လေးကို တိတ်တခိုးပိုးပန်းစိတ်ဝင်စားကြတဲ့ လူပျိုကာလ သားတွေ စိတ်ဝင်စားကြတဲ့ ပြိုင်ပွဲတစ်ခုပေါ့။ ဝင်ရောက် ယှဉ်ပြိုင်ရမဲ့ လူငယ်များအတွက် ဝင်ခွင့်အရည် အချင်းကတော့ အင်တာနက်သုံးစွဲတတ်ရင် ဝင်ယှဉ်ပြိုင်ခွင့်ရှိပါတယ်။ ပြိုင်ပွဲကျင်းပတဲ့နေ့ မှာ ကိုမောင်တင့်ဟာ တက်ရောက်လာတဲ့ ဧည့် သည်များ၊ လူပျိုကာလသားများကို အကျွေး အမွေးနဲ့ ဧည့်ခံပါတယ်။ အစားအသောက်များ စားနေချိန်မှာပဲ ပြိုင်ပွဲကို ကျင်းပပါတယ်။ ကို မောင်တင့်စီစဉ်ထားတဲ့ ပြိုင်ပွဲကတော့ ဒီလိုပါ။ ကိုမောင်တင့်ရဲ့ IT ခြံကြီးထဲမှာ IT ရေကန် ကြီးတစ်ကန် ရှိပါတယ်။ အဲဒီရေကန်ထဲမှာ “ဟတ်ကာ” မိကျောင်းတွေ၊ “ကွန်ပျူတာ ဗိုင်းရပ်စ်” ငါးမန်းတွေ အများကြီး လွှတ်ထား ပါတယ်။
ပြိုင်ပွဲဝင်မယ့် IT လူငယ်တွေဟာ အဲဒီ့ IT ရေကန်ကြီးရဲ့ ဒီဖက်ထိပ်ကနေ ဟို ဘက်ထိပ်ရောက်အောင် ရေကူးပြီးသွား ရမှာဖြစ် ပါတယ်။ မိကျောင်းတွေ၊ ငါးမန်းတွေရဲ့ရန်ကို ရှောင်ကွင်းကူးခတ်ရမှာဖြစ်ပြီး အခန့်မသင့် ရင် မိကျောင်းတွေ၊ ငါးမန်းရဲ့ အစာ ဖြစ် သွားနိုင်တဲ့ ပြိုင်ပွဲဖြစ်ပါတယ်။ အဲဒီလို ကူးခတ်ယှဉ်ပြိုင် ရင်း ပထမဆုံးပန်းဝင်မယ့် လူငယ်ကို မလိမ္မော်လေးနဲ့ ပေးစား လက်ထပ်မှာဖြစ်တဲ့အပြင် သူ့ကုမ္ပဏီမှာလည်း ရာထူးကြီးကြီး ပေးမှာဖြစ်လို့ IT လူငယ်တွေ အကြိတ်အနယ် ရှိနိုင်တဲ့ ပြိုင်ပွဲဖြစ် ပါတယ်။ ပြိုင်ပွဲကျင်းပနေစဉ်မှာတော့ သမီးလေး မလိမ္မော်သီးဟာ ပရိသတ်ရဲ့ အလယ်မှာ ဝံ့ကြွားစွာ ထိုင်အားပေးနေမှာပါ။ ပြိုင်ပွဲကို စိတ်ဝင်စားတဲ့ ပရိသတ်တွေ၊ မလိမ္မော်လေးကို စိတ်ဝင်စားတဲ့ လူပျို ကာလသားတွေနဲ့ ကိုမောင်တင့်ရဲ့ IT ခြံကြီးဟာ စည်ကားအသက် ဝင်နေပါတယ်။ အဲဒီလိုနဲ့ ပြိုင်ပွဲစတင်တဲ့ အချိန်ကျနေပါပြီ။ ကိုမောင် တင့်နဲ့ မလိမ္မော်တို့အပြင် ပရိသတ်များကလည်း ပြိုင်ပွဲအခြေအနေ ကို စိတ်ဝင်တစား စောင့်ကြည့်နေကြပါတယ်။ ဒါပေမယ့် ဘယ်လူငယ် မှ ပြိုင်ပွဲမဝင်ကြသေးပါဘူး။
ရေကန်ထဲမှာတော့ ဟက်ကာမိကျောင်း တွေ၊ ကွန်ပျူတာဗိုင်းရပ်စ်ငါးမန်းတွေက အဆင်သင့်စောင့်နေကြတယ်။ ခုန်ဆင်းလာတာနဲ့ ကိုက်မဲ့ ဝါးမဲ့ ပုံသဏ္ဌန်တွေနဲ့ပေါ့။ IT လူငယ် တွေကလည်း ကန်ထိပ်မှာရပ်ရင်း အချင်းချင်းတီးတိုးတီးတိုး ချီတုံချ တုံ၊ ပရိသတ်တွေကလည်း တိုးတက်မှင်သက်လို့ ဒီလိုနဲ့ ပြိုင်ပွဲချိန် နာရီဝက်ကျော်လာပါပြီ။ ပြိုင်ပွဲကျင်းပချိန်က ၂ နာရီ သတ်မှတ်ထား တယ်။ ကိုမောင်တင့်ကလည်း ပြိုင်ပွဲအခြေအနေ ကိုကြည့်ပြီး မျက်နှာမကောင်းတော့။ အခုအချိန် ထိ ဘယ်သူမှ ပြိုင်ပွဲမဝင်ကြသေးဘူး။ IT လူ ငယ်တွေဟာ မလိမ္မော်လေးရဲ့ ဘဝကိုရဖို့ မလိမ္မော်လေးကို ပိုင်ဆိုင်ခွင့်ရဖို့ လိုချင်တပ်မက် ကြပေမယ့် ပြိုင်ပွဲရဲ့ စွန့်စားမှုက အရမ်းကြီးမား နေတော့ IT လူငယ်တွေအနေနဲ့ စွန့်စားဖို့ တွန့် ဆုတ်နေကြတယ်။ အခန့်မသင့်ရင် သူတို့ရဲ့ ခန္ဓာကိုယ်တွေဟာ မိကျောင်းတွေ ငါးမန်း တွေရဲ့အစာ ဖြစ်သွားနိုင်တာကိုး။ အချစ်တစ်ဖက် အသက်ကိုရင်းရမှာ ကတစ်ဖက် ဖြစ်နေတော့ ပါဝင်ယှဉ်ပြိုင်ဖို့ တွန့်ဆုတ်နေကြတာဖြစ်မှာ ပေါ့။ ဒါပေမယ့် ပြိုင်ပွဲစီစဉ်ပေးတဲ့ ကိုမောင်တင့်ကတော့ ပြိုင်ပွဲအခြေ အနေကို စောင့်ကြည့်နေတယ်။ အဲဒီအချိန်လေးအတွင်းမှာ လူငယ်တစ်ယောက်ဟာ ဝုန်းကနဲ ရေ ကန်ထဲ ခုန်ဆင်းသွားပါတယ်။ ဟတ်ကာမိကျောင်းတွေ ဗိုင်းစ်ရပ်ငါး မန်းတွေကလည်း လူငယ်ကို ကိုက်ခဲစားသောက်ဖို့ သူ့နားကို ဝိုင်းရံ လာကြတာ တွေ့ရတယ်။
ကန်ထဲမှာ လူငယ်ဟာမိကျောင်းတွေ ငါးမန်းတွေရဲ့ရန်ကို ကွင်းရှောင်ကူးခတ်နေရတယ်။ တဖြည်း ဖြည်းနဲ့တော့ ကန်လယ်ကိုကျော်လာပြီ။ ပရိသတ်တွေကတော့ ပြိုင်ဘက်မရှိတဲ့ လူငယ်တစ်ယောက်တည်း ပြိုင်နေရတဲ့ ပြိုင်ပွဲကို ရင်တမမနဲ့ စောင့်ကြည့်နေကြတယ်။ လူငယ် ဟာ အစွမ်းကုန်ကူးခတ်နေတယ်။ ငါးမန်းမိကျောင်းတွေ ကို ကာကွယ်နိုင်ဖို့အတွက်လည်း မာယာများစွာသုံးပြီး ကူးခတ်နေရတယ်။ လူငယ်ဟာ တဖြည်းဖြည်းနဲ့ ပန်းဝင် ဖို့ နီးကပ်လာတယ်။ ရွှေပွဲလာပရိသတ်တွေရဲ့ လူ ငယ်ကို အားပေးသံတွေ၊ လက်ခုပ်သံတွေနဲ့ ကို မောင်တင့်ရဲ့ ခြံကြီးဟာ ဆူညံနေတယ်။ ဒီလိုနဲ့ လူငယ်ရဲ့ ဇွဲနပဲကြီးမှု၊ ပါးနပ်စွာရေကူးတတ်မှု တွေကြောင့် တစ်ဖက်ကန်ထိပ်ကိုရောက်ကာ ပန်းဝင်သွားခဲ့ပါတယ်။ လက်ခုပ်သံတွေ တဖြောင်း ဖြောင်းနဲ့ပေါ့။ လူငယ်ဟာ ကန်ဘောင်ပေါ် ရောက် ရောက်ချင်းမှာပဲ ကိုမောင်တင့်ရဲ့ ဝန်ထမ်းတွေက မျက်နှာသုတ်ပုဝါ သုတ်ပေးတဲ့သူနဲ့၊ အားပေးစကား ပြောတဲ့သူနဲ့ အင်တာဗျူးမေးဖို့ စောင့်စားနေသူတွေက လည်း လူငယ်အမောပြေအောင် စောင့်နေကြတယ်။ လူ ငယ်အမောပြေ လောက်ပြီ ဆိုတော့မှ IT ဂျာနယ်လစ်တစ် ယောက်က မေးခွန်းကို အလုအယက်မေး ပါတယ်။ “အစ်ကို့ရဲ့ မလိမ္မော်လေးအပေါ် ချစ်ခြင်းတရားကတော့ တကယ့်ကို အံ့ မခန်းပါပဲ။
ဒီလောက် မိကျောင်းတွေ၊ ငါးမန်းတွေရဲ့ အန္တရာယ်တွေကို မမူ နိုင်ပဲ သက်စွန့်စံဖျား ပြိုင်ပွဲဝင်ခဲ့တာ အစ်ကို့ရဲ့ မလိမ္မော်လေးအပေါ် ဘယ် လောက်တန်ဖိုးထား မြတ်နိုးတယ်ဆိုတာ ပေါ်လွင်လွန်းလှပါတယ်။ အခြား IT လူငယ်တွေ မပါဝင် နိုင်ဘူးဆိုပေမယ့် မိကျောင်းတွေ ငါးမန်းတွေဟာ အစ်ကို့ ပြိုင်ဘက်တွေပါပဲ။ ဒါတွေကို ကျော်လွှားနိုင်ဖို့အတွက် ဘယ်လိုပြင်ဆင်လေ့ကျင့်ခဲ့ပါသလဲ”---။ အင်တာဗျူး သမားလေးကတော့ မေးခွန်းနဲ့ စတင် ဖောက်ခွဲလိုက်ပါပြီ။ ပရိ သတ်ကလည်း လူငယ်ရဲ့အဖြေစကား၊ တုံ့ပြန်သံကို စောင့်စားနေကြ တယ်။ ဒီအချိန်မှာ လူငယ်ဟာ စကားကို ဖြည်းဖြည်းချင်းပြောပါတယ်။ IT လူငယ်ရဲ့ အဖြေက ဒီလိုပါ။ “ခဏလေး နေပါဦးဗျာ - - - ခင်ဗျားမေးခွန်းကို မဖြေအား သေးပါဘူး။ နောက်မှဖြေပါ့မယ်။ အခုလောလောဆယ် ကျွန်တော့်ကို ရေကန်ထဲတွန်းချတဲ့ သကောင့်သားကိုရှာပြီး အရင်စာရင်းရှင်းရဦးမယ်။ ခွေးမသား ကြောင့် မိကျောင်းစာဖြစ်တော့မလို့ ကံကောင်းလို့ မသေ တာ - - - - ” တဲ့ - - - - - - ။
[ Read More ]

တချိန်ကကောင်မလေးတယောက်အကြောင်း


    ဇာတ်လမ်းတွေကတော့ …

    သူ့အဖေက သူမွေးကထဲက ဘာအလုပ်မှ မလုပ်ခဲ့တဲ့ အရက်သမားတစ်ယောက်ဖြစ်ပါတယ် .. သူ့အမေက အရင်အိမ်ထောင်နဲ့ကွဲပြီး အခု သူ့အဖေကို ယူထားတာ .. ခိုင်ခိုင်က အကြီးဆုံးသမီးဖြစ်ပြီး သူ့အောက်မှာ ၃ ယောက်ရှိပါသေးတယ်။ ခိုင်ခိုင့်ကို ၃ တန်း အောင်ပြီးကထဲက ကျောင်းထုတ်ပြီး သူများအိမ်မှာ အိမ်ဖော်လုပ်ခိုင်းခဲ့တယ်။ သူ့အဖေက သူ့လစာအကုန်လုံးကို ကြိုယူပြီး အရက်သောက်ပစ်ပါတယ်။ ကောင်မလေးက အရမ်းသနားစရာကောင်းတယ်။ ရွာမှာ စပါးရိတ်ချိန်ဆိုလျှင်တော့ အိမ်ဖော်မလုပ်ခိုင်းပဲ သွားပြန်ခေါ်ပါတယ်။ စပါးရိတ်ခတွေကိုလဲ အကုန်လုံး ကြိုတင်ငွေယူထားပြီး အရက်သောက်ပစ်ပါတယ်။ အဲဒီလိုနဲ့ အဲဒီကောင်မလေးက အိမ်တစ်အိမ်မှာ ၉ လ လောက်နေလိုက် ရွာကို ၃ လ ပြန်လိုက် ပြီးရင် သူ့အဖေက လစာပိုကောင်းတဲ့ နောက်တစ်အိမ်ပြောင်းလိုက်နဲ့ ကောင်မလေးက အိမ်အလုပ်တွေတော်တော်ကျွမ်းကျင်နေပါတယ်။ ကောင်မလေးကို အိမ်တွေက သဘောကျတာကို သူ့အဖေကသိတော့ လစာကို ခဏခဏပိုတောင်းပြီး မပေးရင် ပြန်ခေါ်သွားမယ်ဆိုပြီး ခြိမ်းခြောက်ပါတယ်။

    သူ့အဖေတစ်ခါလာရင် ကောင်မလေးက တစ်ခါငိုရတာပဲ။  ကောင်မလေးက ပြောတယ် သူ့အဖေလာရင် ပိုက်ဆံမပေးပါနဲ့တဲ့ … အခုအတိုင်းဆို သူသေတာတောင် အိမ်ဖော်အလုပ်က ရပ်ရလိမ့်မယ်မထင်ဘူးလို့ပြောတယ် … ရွာသူတွေရဲ့ ထုံးစံအတိုင်း ကောင်မလေးမှာ ရည်းစားတစ်ယောက်ရှိတယ် … နောက်ပြီး ရွာမှာ သူ့သူငယ်ချင်းရွယ်တူတွေလဲရှိတော့ သူကရွာမှာနေချင်တယ် … စာလဲ အလွန်တတ်ချင်တယ်။ သူက စာဖတ်တတ်တော့ဝေေ၀အမေက သူဖတ်သင့်တယ့် စာအုပ်တစ်ချို့ကို သူ့ကိုပေးဖတ်ပါတယ် …

    မိန်းကလေးသဘာဝ အရမ်းလှချင်လာတယ်။ ခန္ဓာကိုယ်ဖွံ့ဖြိုးတဲ့အရွယ်ဆိုတော့လဲ အိမ်မှာနေရင်းကနေ စိုပြေလှပလာပါတယ်။ သူကောက်စိုက်တဲ့အတွေ့အကြုံတွေကိုပြောပြရင်းနဲ့ သူ့အဖေဆိုးကြောင်း ပိုသိလာရတယ်။ တစ်ခါတစ်လေ သူ့သူငယ်ချင်းတွေက လျှောက်လည်ဖို့လာခေါ်တယ်တဲ့ .. သူ့အဖေက ခြွင်းချက်တစ်ခုနဲ့ ထည့်တယ်တဲ့ … သူ့ရဲ့တစ်ရက်ကောက်ရိတ်ခက ၁၅၀၀ ဆိုပါတော့ .. သူ့အဖေက သူ့ကို ၂၀၀၀ ပေးရင် သူ့သမီးကို ခေါ်သွားခွင့်ရှိတယ်တဲ့ … အဲဒီလောက်တောင် ပိုက်ဆံမက်တဲ့အဖေဆိုပြီး သူက သူ့အဖေကို စိတ်နာပါတယ် …

    သူတစ်ခေါက်ပြန်သွားတဲ့အချိန်မှာ အဲဒီထက်ဆိုးတဲ့ သူ့အဖေအကြောင်းသိလိုက်ရပါတယ် .. အဲဒီကောင်မလေးရဲ့ ရည်းစားလိုလိုဘာလိုလိုကောင်လေးက ပိုက်ဆံနဲနဲရှိတယ်တဲ့ … ကောင်လေးက ကောင်မလေးကို အပြင်ခေါ်ထုတ်ချင်တာနဲ့ သူ့အဖေနဲ့ ဈေးညှိရတယ်တဲ့ … သူ့အဖေက တစ်ရက်ကို တစ်သောင်းနဲ့ အပြင်ထွက်ခွင့်ပြုလိုက်တယ်တဲ့ … ကောင်မလေးက သူ့အဖေကို စိတ်ဆိုးပြီး မသွားဖူုးလို့ပြန်ပြောလိုက်လို့ သမီးကို နရင်းအုပ်ထည့်လိုက်တာ မေ့လဲသွားတဲ့အထိပဲတဲ့ …

    သူ့အမေကလဲ ဘာမှအသုံးမကျပါဘူး … သူ့ညီမလေး ၁၀ နှစ်လောက်အရွယ်ကိုလဲ သူများအိမ်တစ်အိမ်မှာ အိမ်ဖော်လုပ်ခိုင်းထားတယ် … အငယ်ဆုံး သား နှစ်ယောက်က သေးသေးလေးတွေပဲ ရှိပါသေးတယ် … ဝေေ၀တို့အိမ်ကိုခေါ်လာပြီး ကလေးတစ်ယောက်လောက် မွေးစားပါလို့ လာပြောတယ် … မွေးစားထားပြီး ကြီးလာရင် ခိုင်းပါတဲ့ … သူမကျွေးနိုင်တော့လို့ပါတဲ့ ….

    အဲဒီတစ်ခေါက် အိမ်ကိုပြန်လာချိန်မှာ ကောင်မလေးက စိတ်တော်တော်ညစ်နေပါပြီ .. စိတ်ကလဲ ထွေနေပြီ .. သူ့အဖေကိုလဲ အရမ်းစိတ်နာနေပြီ .. ကျွန်မတို့အိမ်မှာလဲ သိပ်ပျော်ပုံမပေါ်တော့ပါဘူး … ဝေေ၀ကအမေကိုပြောပါတယ် … သူ့ကို သူ့အဖေလုံးဝ လိုက်မလာနိုင်တဲ့ နေရာတစ်ခုရှိရင် ပို့ပေးပါတဲ့ … ဝေေ၀တို့ကတော့ သူ့ကိုကလေးလိုပဲ သဘောထားတော့ ဒီအတိုင်းပဲ ဖြောင်းဖြပြောဆိုပြီး နောက်ပြောင်နေပါတယ်။ ဝေေ၀အဖေကတော့ အသက် (၁၈)နှစ်ပြည့်ရင် သင့်တော်တဲ့ အိမ်ထောင်ဖက်ရှာပေးစားမယ်လို့ ပြောထားသေးတယ်။ အဲဒီလိုနေရင်းနဲ့ သူ့အဖေက တစ်ရက်မှာ အလှူရှိတယ်ဆိုပြီး လာခေါ်သွားပါတယ် …

    အဲဒီကထဲက သူပြန်မလာတော့ပါဘူး …

    (၃) လလောက်နေတော့ အဲဒီရွာက အမျိုးသမီးတစ်ယောက်ကို ဈေးထဲမှာတွေ့တာနဲ့ အကျိုးအကြောင်း သေချာသိလိုက်ရပါတော့တယ် ..

    ကောင်မလေး သေပြီတဲ့ …

    ကြွက်သတ်ဆေး ပိုလို (၃) ပုလင်းကို တစ်ခါထဲ သောက်ထည့်လိုက်တယ်တဲ့ …

    မသေခင် သူ့ရည်းစားကောင်လေးကို သူ့ကိုခိုးပြေးဖို့ စာရေးထားတာကို တွေ့လိုက်ရတယ်တဲ့ …
    အဲဒီစာကို ကိုင်ပြီး သူ့အဖေက ကောင်လေးမိသားစုကိုငွေညှစ်လိုက်တာ (၅) သိန်းအလျှော်ရလိုက်ပြီး ပျော်ပျော်ပါးပါး အရက်တွေ ထပ်တိုးသောက်နေတယ်ဆိုတဲ့
ကောင်းကျသေးရဲ့လား
www.thzblogspot.co.cc
[ Read More ]

သစ်ပင်လူသား



အသက် ဆယ့်ငါးနှစ်အရွယ်တုန်းက Dede Koswara ဟာ ငါးဖမ်းသမားတစ်ဦးဖြစ်ဖို့ လေ့လာသင်ယူခဲ့တယ် ။ သူဟာ အဆောက်အဦးတွေ ဘယ်လိုတည်ဆောက်သလဲဆိုတာကိုလည်း လေ့လာယူသင်ယူခဲ့တယ် ။ အင်ဒိုနီး ရှားနိုင်ငံ မှာ ပျော်ရွှင်စရာလူငယ်လေးတစ်ယောက်အဖြစ်နဲ့ပေါ့ ။ အဲဒီနောက်ပိုင်း . . သူဟာ သူ့ဒူးခေါင်း ကိုဖြတ်ပစ်ခဲ့ရတယ် ။ အဲဒီကနေစလို့ ကံကြမ္မာဆိုးကြီးတစ်ခုဟာ ဘ၀တစ်ခုလုံး ကို ဗြောင်းပြန် ဆန်အောင် မွှေနှောက် ပစ်ခဲ့တယ် ။ သူ့ဒူးခေါင်းဟာ အချိန်အကြာကြီးတိုင်အောင် အနာကျက်ဖို့ခဲယဉ်းနေသလို ပွန်းပဲ့ရာလေးတစ်ခုကနေစပြီး
ကြွက်နို့လေး တစ်ခုဖြစ်ပေါ်လာခဲ့တယ် ။ အဲဒီနောက်ပိုင်းမှာ ကြွက်နို့တွေဟာ ပတ်ပတ်လည် များပြားလာ ခဲ့ရတယ် ။ အဲဒီလိုနဲ့သူဟာ ငါးဖမ်းသမားတစ်ယောက် ဆောက်လုပ်ရေးသမားတစ်ဦးအနေနဲ့ အိမ်ထောင်တွေ ဘာတွေကျပြီး ကလေးတွေ သားသမီးတွေ ထွန်းကားခဲ့တယ် ။ ဒါပေမယ့် ပြဿနာဟာ တဖြည်းဖြည်း ဆိုးသထက်ဆိုးရွားလာခဲ့ရတယ် ။ နှစ်တွေကြာလာတဲ့အခါ ကြွက်နို့တွေဟာ မြင်မကောင်းလောက်အောင်ပွား များလာခဲ့တယ် ။ ပြည်တွင်းဆရာဝန်တွေနဲ့ ကုသပေမယ့်လည်း Dede ဟာ ကြွက်နို့ တွေ အလွန်အမင်းများပြားလာတဲ့အတွက် နာမည်သစ်တစ်ခုတွင်ခဲ့ပါတယ် ။ “ သစ်ပင်လူသား ” တဲ့ ။
Dede ဟာ ဒီလိုအနေအထားနဲ့ နှစ်ပေါင်း ၂၀ ကြာနေထိုင်ခဲ့တယ် ။ ဒါဟာတကယ်တော့ HPV လို့ခေါ်တဲ့ Human Papilloma Virus ကူးစက်ခံရခြင်းဖြစ်ပြီး ပိုဆိုးသွားစေတဲ့အချက်ကတော့ ဒီဒီရဲ့ ကိုယ်ခံအား စနစ်ကြောင့်ပဲဖြစ်ပါတယ် ။ အမေရိကန်ဆရာဝန်တွေ လာရောက်စဉ်က ဒီဒီကို AIDS ကူးစက်ခံရတယ်လို့ ယူဆခဲ့ကြပါသေးတယ် ။ ကဲ ဒါဆို ဒီဒီရဲ့ ကိုယ်ခံအားစနစ်ဘာကြောင့် ရုတ်တရက်ကြီး ထိုးကျသွားခဲ့ရပါသလဲ ။ စမ်းသပ်မှုတွေမှာတော့ ဒီဒီမှာ AIDS မရှိသလို သူ့ရဲ့ ကိုယ်ခံအားစနစ်ဟာ စိတ်ဝင်စားဖွယ်ရာ ဒဏ္ဍာရီတစ်ပုဒ်သဖွယ်ဖြစ်လို့နေခဲ့တယ် ။ သူ့ရဲ့ ဒီကြွက်နို့တွေဟာနာကျင်မှုမရှိခဲ့ဘူး ။ ဒါပေမယ့်တဖြည်းဖြည်း ကြီးထွား လာလိုက်တာ သစ်ခေါက်တွေနဲ့ ဆင်တူလာပြီး သူ့ခြေထောက်တွေကို ကြည့်ကြပါဦး ဘယ်လောက် သနားစ ရာကောင်းသလဲလို့ ။ သူ့လက်ဟာ အစာစားလို့မရနိုင်လောက်အောင် ဆိုးရွာပြင်းထန်လာခဲ့တယ် ။ သူဟာ သူ့ကလေးတွေကို ထိတွေ့ကိုင်တွယ်လို့မရတော့ဘူး ။ တကယ်တော့ သူ့မိသားစုမှာ ကြွက်နို့ တစ်လုံး တလေ မှမရှိပါပဲ သူတစ်ယောက်တည်းပဲဖြစ်နေရခြင်းဖြစ်ပါတယ် ။ ဒါပေမယ့် ကြီးထွားပျံ့နှံ့မှုနှုန်းက အ ရမ်းမြန်တော့ သူဟာ ဘာခံစားမှုမှမခံစားရတော့ပါဘူး ။
ဒါနဲ့ပဲ အမေရိကန်မှ အရေပြားအထူးကုဆရာဝန် Anthony Gaspari ဟာ အင်ဒိုနီးရှားအစိုးရနဲ့ ပူးပေါင်းပြီး ဒီဒီကို ကုသဖို့ ဆုံးဖြတ်ခဲ့တယ် ။ ၂၀၀၈ ခုနှစ် ဇန်န၀ါရီလမှာ ဒီဒီရဲ့ ကြွက်နို့ ၄ ပေါင်မှ ၁၂ ပေါင်အတွင်းကို ခွဲစိတ်မှုပေါင်း ၈ ခုလုပ်ပြီး ဖယ်ရှားပေးခဲ့တယ် ။ ခွဲစိတ်မှု ၄ ခုလုပ်ပြီးတဲ့အခါမှာ သူဟာ ဘောပင်ကို ကိုင်နိုင်လာခဲ့တယ် ခက်ရင်းကိုလည်းကိုင်နိုင်ပြီး အနည်းဆုံးတော့ သူ့ခြေထောက်ပုံသဏ္ဍာန်လေးကို ပုံမြင်လာခဲံတယ် ။ မမျှော်လင့်ပဲ ဆရာဝန်တွေက ဒီဒီရဲ့ အနာဂါတ်မှာ ဘာဆက်ဖြစ်မလဲဆိုတာကိုတော့ အာမခံချက်မပေးနိုင်ခဲ့ကြဘူး ။ Gaspari မျှော်လင့်တာကတော့ ဒီဒီဟာ အမေရိက ဗီဇာ ရရှိပြီး အမေရိကားမှာ လာရောက်ကုသဖို့ပါပဲ ။ အကယ်၍သာ သူဟာ ခုခံအားစနစ်ကို ပြန်လည် တည်ဆောက်နိုင်မယ်ဆိုရင် HPV ကို တိုက်ထုတ်နိုင်မယ်ဆိုရင် သူ့ကြွက်နို့ တွေဟာ ဆက်လက်ကြီးထွားလာတော့မှာမဟုတ်ပါဘူး ။ ယခုအချိန်အထိတော့ ခွဲစိတ်ကု သပြီး တာတောင် ကြွက်နို့တွေက ကျန်သေးတုန်းပါပဲ ။ဆက်လက်ကြီးထွားနေတုန်းပါပဲ ။
ဒီဒီမျှော်လင့်တာကတော့ သူ့ကို တစ်နေ့နေ့ကုသပေးမယ့် ဆရာဝန်နဲ့ သူ့ကိုနား လည်ပြီး
လက်ထပ်ပေး မယ့်အမျိုးသမီးတစ်ဦးကိုပါတဲ့ ။ ဘာကြောင့်လဲဆိုတော့ ကလေးတွေအမေ သူ့ပထမမိန်းမဟာ ဒီဒီရဲ့ ကြွက်နို့တွေ ကြီးထွားလာတာနဲ့ သူ့ကို စွန့်ခွာသွားတဲ့အတွက်ဖြစ်ပါတယ် ။
[ Read More ]

ဖုန်းအလန်းလေးတွေနော်

ခြေသလုံးနဲ့ပါး ဘာကြောင့်နီးခြင်တယ်













လက်ကိုင်ဖုန်းခေတ်ကိုတော်လှန်လိုက်တဲ့ လက်ဝတ်ဖုန်း
















ဟဲ..ယို...မာမီစိန် ရုံးကပြန်ရင် မီးကိုဝင်ခေါ်ရှော့ပင်းတွားမယ်..ဒါဘဲနော်။








အာဒမ်နဲ့ဧ၀ကို ဘုရားသ္ခင်က ဧဒင်ပန်းသီး
မစားခိုင်းတာ ဖုန်းဖိုးကုန်မှာစိုးလို့ကိုး



သူကတော့ခပ်တည်တည်ဘဲ



သွားရင်းလာရင် တော့ခ်မယ်လေ

အော် ဖုန်းနံပါတ် လက်ဝါးမှာရေးစရာလိုသေးလား












ကိုကိုဝက်ဝံရေ အိမ်သော့ခတ်ခဲ့မယ်ပြန်ရောက်ရင် ဖုန်းဆက်လိုက်..သိလား..














အလဲ့ကွယ့် သူက....












နောက်နေလိုဘဲ














နားနဲ့မနာ ဖ၀ါးနဲ့နာ







ဆာတယ်ကွာ









ဘာမှတ်လဲ ဟင်း...တေတွားမယ်








အမယာဒေ၀ီက မဟော်သဓါကို လက်ဝါးပြတယ်ဆိုတာ ကိုကိုဟော် ဖုန်းဆက်ဖို့မေ့နဲ့နော်လို့ပြောမှန်း ခုမှ ရိပ်မိတယ်






















[ Read More ]

ကိုယ်ပိုင် *group* လေးလုပ်ပြီး chat ကြမယ်နော် ...........

ကျွန်တော်သိတာက တစ်နည်းထဲပါ... chat room ဆိုတာက ဘာကိုပြောတာလဲဆိုတာကို
ကျွန်တော်အရင်ရှင်းပြပါ့မယ်..သိ
ပြီးသားသူတွေ ကတော့
မပါဘူးပေါ့နော်...ကျွန်တော်တို့ ပုံမှန်တိုင်းဆိုရင် တစ်ယောက်ချင်းဘဲချက်လို
့ရတယ်။ ခုတော့မပာုတ်တော့ဘူး ပြောင်းသွားပြီ...အစည်းအဝေးထိုင်သလို မျိုး
အကုန်လုံးပြောလို့ ရအောင်လို့ လုပ်ထားတာလေးတွေပေါ့...ဘယ်လိုလုပ်ရမလဲဆိုတော့
http://partychapp.appspot.com/

ကိုသွားပါ မိမိအကောင့်ကိုဝင်ပါ.. password မပါပါဘူး။
ကျွန်တော်အာမခံပေးတယ်။တစ်ချို့ တွေကအရမ်းကြောက်တတ်လို့ ပါ။ ၀င်ပြီးရင်
အောက်မှာ
လုပ်မှာလားမလုပ်ဖူးလားမေးမယ်.လုပ်ရင်လုပ်မယ်ပာုတ်ဘူးလား....အားလုံးပြီးပြီဗျာ
ဒါဆိုကိုလုပ်ထားတဲ့  chat room လိပ်စာလေးကို ကိုပေးချင်တဲ့သူကိုပေး
အပ်ခိုင်းထားပေါ့။
ကိုလုပ်ထားတဲ့အကောင့်ကို အပ်ထားတဲ့သူတိုင်းပာာ...အဲ့ချက်အခန်းထဲမှာ
ရှိနေမှာပါ..
ကဲသူငယ်ချင်းတွေ group လေးတွေဖန်တီးပြီး အပြန်အလှန်
စကားတွေ ဖလှယ် ကြမယ်နော်
[ Read More ]

facebook တွက် ကုတ်လေးတွေ လုပ်ရအောင်

facebook တွက် ကုတ်လေးတွေ လုပ်ရအောင် from thazinlay's blog

╋┏┓┏┓╋╋╋╋╋╋╋╋╋╋╋╋┏┓
┏┛┗┫┃╋╋╋╋╋╋╋╋╋╋╋╋┃┃
┗┓┏┫┗━┳━━┳━━━┳┳━┓┃┃┏━━┳┓╋┏┓
╋┃┃┃┏┓┃┏┓┣━━┃┣┫┏┓┫┃┃┏┓┃┃╋┃┃
╋┃┗┫┃┃┃┏┓┃┃━━┫┃┃┃┃┗┫┏┓┃┗━┛┃
╋┗━┻┛┗┻┛┗┻━━━┻┻┛┗┻━┻┛┗┻━┓┏┛
╋╋╋╋╋╋╋╋╋╋╋╋╋╋╋╋╋╋╋╋╋╋┏━┛┃
╋╋╋╋╋╋╋╋╋╋╋╋╋╋╋╋╋╋╋╋╋╋┗━━┛


ဒီလိုမျိုး ကုတ်လေးတွေ ပြောင်းပြီးတော့ facebook တို့ gtalk တို့မှာ သုံးလို့ရပါတယ်.
comments လေးတွေ ပေးတာဖြစ်ဖြစ်ပေါ့ ပုံစံလေးတွေကို သဘောကျလို့ ပြန်ရှယ်ပေး
လိုက်ပါတယ်.


# ဆိုတာလေးကို ရိုက်ရင် ညာဘက်ကလိုလေးတွေ ပေါ်ပါလေ့မယ် သူ့ကိုကျတော့ နာမည်လေးတွေ
ရှေ့နောက်မှာထည့်ပြီးသုံးလို့ရတာပေါ့.သူ့တွက်ကိုတော့ ဒီအောက်က လင့်မှာ လုပ်ယူပါ
http://fsymbols.com/generators/tarty/


ဒါလေးကတော့ ပုံလေးကိုကြည့်တာနဲ့ သိပါတယ်.စာလုံး အသေးတွေကို အကြီးဖြစ်အောင် ရေးပေးနိုင်တာပါ
idea လေးက မဆိုးပါဘူး တနေရာရာမှာ သုံးလို့ အဆင်ပြေမှာပါ ≧^◡^≦
သူ့တွက် ဒီလင့်မှာ ပြောင်းပါ
http://fsymbols.com/generators/smallcaps/

နောက်ဆုံးတခုကတော့ ပြောင်းပြန် လှန်ရေးတာပါ ကိုရေးတာ အားလုံးကို ဇောက်ထိုး ဖြစ်နေပါလေ့မယ် တခါတလေ
အဲ့လို လေးရေးပြီးတော့ မက်ဆေ့ပို့ကြည့်ပေါ့ လိုက်ဖတ်တဲ့ လူ ခေါင်းတွေ စောင်းနေလေ့မယ်  ッ シ
http://fsymbols.com/generators/aboqe-flip/
အဲ့ထဲမှာ နောက်ထပ် အများကြီးရှိပါသေးတယ် မသိသူကျော်သွားပေါ့ဗျာ
☹ ☺ ☻ ت ヅ ツ ッ シ Ü ϡ ….. (¯`v´¯)♥
…….•.¸.•´
….¸.•´
… (
☻/
/▌♥♥
/ \ ♥♥
thazinlay~~~

.♥/(,”)\.(“.)♥★
..★/♥\♥/█\♥★
.♥_| |__| |_ ♥
(¯`v´¯) I Love My Girls
`*.¸.*´ ?
¸.•´¸.•*¨) ¸.•*¨)?
(¸.•´ (¸.•´ .•´ ¸¸.•¨¯`•.
(¯`v´¯)
.`·.¸.·´ ?
¸.·´¸.·´¨) ¸.·*¨)
(¸.·´ (¸.·´ .·´ ¸
Happy new year!
Merry★* 。 • ˚ ˚ ˛ ˚ ˛ •
•。★Christmas★ 。* 。
° 。 ° ˛˚˛ * _Π_____*。*˚
˚ ˛ •˛•˚ */______/~\。˚ ˚ ˛
˚ ˛ •˛• ˚ | 田田 |門| ˚And a happy new year:’)
ဒီလိုလေးတွေကို လိုချင်ရင်တော့ ဒီလင့်မှာပါဗျာ အားလုံးပဲ ကျေနပ်လေ့မယ်လို့ မျှော်
လင့်ပါတယ်.
http://fsymbols.com/text-art/
http://photo2text.com/
[ Read More ]

သဇင်လေးနှင့် သဇင်ကြီး အင်တာဗျူး

သဇင်လေးအကြောင်းပါ



မင်္ဂလာပါရှင်.....................။
ချစ်သူမြို့တော်ရဲ့ အင်တာဗျူး အစီအစဉ် ကဏ္ဍလေးမှာ ယခု တစ်ပတ် အင်တာဗျူး အလှည့်ကျသူကတော့ ချစ်သူမြို့တော်မှာ လူချင်လူခင်ပေါတဲ့ ချစ်သူမြို့တော်ရဲ့ ချစ်စရာ့ အက်မင်လေး သဇင်လေးဖြစ်ပါတယ်ရှင်.......။ မေးထားသမျှ ဖြေကြားထားတဲ့ သဇင်လေးရဲ့ ထင်တာဗျူးလေးကို ဆက်လက်ဖတ်ရှူ့ကြပါစို့လားရှင်....။



♣ ♣ ♣ မေသဇင် မေး၍ ♣ ♣ ♣
♣ ♣ ♣ သဇင်လေး ဖြေသည် ♣ ♣ ♣







ခြင်လေးရေး အချိန်ရရင် အင်တာဗျူးလေး စလိုက်ရအောင်နော်....။ အခိ ချစ်စနိုးနဲ့ သဇင်လေးလို့ခေါ်တာ ခြင်းလေးတောင် ဖြစ်သွားတယ် .....။
သဇင်ကြီးရဲ့ ထင်တာဗျူး လာမယ်ဆိုထဲကနေ သဇင်လေး စိတ်ညစ်နေပြီး... ။

ဟေး..ဘာမှ မလုပ်ရေသေးဘူးနော်......။ သဇင်လေးရဲ့ နာမည်အရင်းကိုလဲ သိခွင့်ရရင်သိချင်ပါတယ်ရှင့်....။
နာမည်အရင်းက သဇင်ဝေနှင်းထက်ပါရှင့် ....။
အရမ်းလှတဲ့ နာမည်လေးပဲ...။ နာမည်ပေးထားတဲ့ သူ စိတ်ကူးကောင်းလိုက်တာ..။ မွေးချင်းတွေရော ဘယ်လောက်ရှိပါသလဲရှင်...။
၃ယောက်ရှိပါတယ် အကိုကြီးကတော့မရှိတော့ပါဝူး...။

ဩော် စိတ်မကောင်းစရာ..။ သဇင်လေးရဲ့ လက်ရှိနေရပ်လိပ်စာလေး သိပြစေရှင်........။
မန္တလေးလိပ်စာက..
ရွှေအိမ်စည်အဆောင် မိန်းနားလေးကပါ
ပြီးတော့ အိမ်အမှတ်(၃ဂ/၁၃)အကွက်၁၆ နန်းရှေ့ ပါ
စစ်ကိုင်းလိပ်စာက...
မိုးဇာရပ်ကွက် အိမ်အမှတ် ဒ/၁၄၈ပါ
ဟီး... အခုပုဂံမှာဆိုတော့ ပုဂံလိပ်စာပါပြောမယ်
ဂန့်ဂါရွာ ညောင်ဦးခရိုင်ပါ ဟီး.....ဘယ်နေရာမှတော့အမြဲမနေ၀ူးကျောချရာပျော်ပါတယ် (ပျော်ရာမှာမနေဘဲ တော်ရာမှာနေတာလေ ခိခိ.)

အချို့မန်ဘာတွေ က သဇင်လေးနဲ့ မေ့ကို ညီအစ်မ (သို့) တစ်ယောက်ထဲ ထင်နေကြတယ်..အဲ့ဒီအပေါ် သဇင်လေးရဲ့ ခံစားချက်လေး သိပြစေရှင်...။

အရင်တုန်က မမမေနဲ့ မရင်းနှီခင်တုန်ကပေါ့ သဇင်လေးက မမမေရေးတဲ့ဘလော့တွေ ကိုသဘောကျတယ် မမမေနေရာမှာသဇင်လေးဖြစ်ချင်တယ် .......။
သူများတွေက ကိုယ့်ဘလော့မှာ ကော်မန့်တွေပေးရင် ငါဘယ်လိုများနေမလဲ
ဆိုတဲ့ စိတ်နဲ့ပေါ့ တကယ်တမ်းသာ သဇင်လေးက သဇင်ကြီးရဲ့ ညီမအရင်းဖြစ်ခဲ့မယ်ဆိုရင် စိတ်ဆိုးတဲ့အခါငါဘယ်လောက်ထိ
မမမေနှိပ်စက်တာခံရမလဲလို့တွေးမိတယ် ဟီး... တယောက်ထဲဖြစ်ရင်ပိုကောင်းမယ် ဟီး..။


သူပြောမှပဲ နာ နှိပ်စက်တတ်တာ လူသိကုန်တော့မှာပဲ...။ အဲ့လို ဖော်ကောင်း မလုပ်ကြေးနော်..။
သဇင်လေးက ကျောင်းတက်နေတယ်လို့ ကြားတယ်... ဘာမေဂျာကို ဆည်းပူးနေပါသလဲရှင့်.....။

B tech 2nd EP ပါ ........။

အိမ်နဲ့ ခွဲနေရတဲ့ ကျောင်းသူတစ်ယောက်အနေနဲ့ ခံစားချက် ၊ ရင်ထဲက လစ်ဟာမှုခံစားချက်လေးတွေ သိပြစေရှင်.......။

်သဇင်လေးက အိမ်နဲ့စိတ်ဆိုးပီးအဆောင်မှာနေတာလေ ။ first yearစာမေးပွဲဖြေတုန်းက သူငယ်ချင်းတွေရဲ့မိဘတွေကသူတို့ သမီးတွေကိုဘာမှမလုပ်ဘဲ စာဘဲကျက်နိင်အောင်အခြားအာရုံမများအောင်ဆိုတဲ့ စိတ်နဲ့ အဆောင်လာပီး ဟင်းတွေအကြော်အလှော်တွေလာပို့တယ် သူတို့လိုတာတွေလုပ်ပေးတယ်ပေါ့ ကိုယ့်မှာတော့ အိမ်ကတယောက်မှလဲပေါ်မလာနဲ့
စာမေးပွဲပီးတော့ဖုန်းဆက်တယ် ကျရင်အဝေးသင်ယူပီးအလုပ်လုပ်တဲ့ ။ ကိုယ့်အမှားနဲ့ကိုယ်ဆိုတော့လဲ “ဟင်း”ဘဲချရတာပေါ့ ။ ရင်ထဲအလုံးတွေအကုန်ဖြေရင် ဖတ်တဲ့သဲချင်းတွေတရေးအိပ်ရမှာဆိုးလို့
တခုကောင်းတာကတော့ လုပ်ချင်တာလုပ်လို့ရတာပေါ့ အိမ်မှာဆိုရင်ကွန်ပျူတာေ၇ှ့ ၁နာရီ၂နာရီထက်ပိုမထိုင်ရ၀ူး..အခုအဆောင်မှာတော့
ကိုရီးယားကားလာတဲ့အချိန်ကလွဲလို့ ကျန်တဲ့အချိန်ကွန်ပျူတာရှေ့မှာဘဲပေါ့ သွားချင်တာလဲသွားလို့ရတာပေါ့..။

မိဘက သဇင်လေးကို ဂရုမစိုက်တာ မဟုတ်ပါဘူး..။ လောကကြီးကို သတ္တိရှိရှိ ရင်ဆိုင်သွားတတ်အောင်ပါ..။ မေတို့ ကျောင်းတက်တုန်းကလဲ အိမ်က ဒီလိုပဲ..။ လောကကို ကိုယ်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်အောင်ကြိုးစားရမယ် ဆိုပြီး တစ်ခါမှ လာမကြည့်ခဲ့ဘူး..။ မေ့ဖေဖေကဆို မိမိကိုယ်ကိုယ် မိမိသာ ပဲ့ပြင် ထိန်းသိမ်းရမယ်..ကိုယ့်တန်ဖိုး ကိုယ် သိနေရမယ်လို့ ပြောထားပြီး ဒီတိုင်းထားတာ....။
နည်းပညာတွေနဲ့ ပတ်သက်လို့ သဇင်လေး တတ်ထားသမျှ မန်ဘာတွေကို မျှဝေပေးဖို့ရော ရှိပါသလား...။

ဟီး ဟီး ကလိထားတာလေးတွေ လက်ကမြင်းထားတာလေးတွေတော့ မျှဝေချင်ပါတယ် အခုတော့အချိန်သိပ်မရလို့ ချက်တင်မှာသူငယ်ချင်းတွေမေးတာတွေဘဲလုပ်ပေးနေပါတယ်....။

သူပြောမှပဲ သိချင်တာ ရှိရင် သူ့အကောက်ကို အက်ပြီး မေးရမလိုလို....။ ဆယ်တန်းတွေကို ဂိုက်လိုက်လုပ်တယ်လို့လဲ သိထားတယ်နော်..ဟုတ်ပါသလား........။

ဟီး ဟုတ် မုန့်ဖိုးရအောင် လှူချင်တာလှူလို့၇အောင်လို့လေ.......။


ဂိုက်လုပ်တဲ့ အတွေ့အကြုံလေးကို သိပြစေရှင်........။

ကျားကိုးကောင်းရှိတဲ့လှောင်အိမ်ထဲနေရတာမှ အသက်ထွက်ရင် ““အား..”” လို့အသံမြည်ဦးမယ်....။


ပြောလိုက်မှဖြစ်....။ သဇင်လေးငယ်ငယ်တုန်းက စိတ်ကူးယဉ်ခဲ့တဲ့ စိတ်ကူးယဉ် အိပ်မက်လေးကို သိပြစေရှင်...။

ဆရာမအရမ်းဖြစ်ချင်တယ် စာသင်ပေးချင်တယ်... မူကြိုကလေးလေးတွေ မူလတန်းလေးတွေကကိုစာသင်ပေးချင်တယ်.....။


လက်တွေ့ဘဝမှာရော ငယ်ငယ်က စိတ်ကူးကို အကောင်အထည် ဖော်ခဲ့နိုင်ပါသလား.....။

ဖြစ်နေပီလို့ဘဲဆိုရမှာပေါ့ ဟီးးးးးးးးး ။


လက်ရှိချိန်မှာ သဇင်လေးရဲ့ အဖြစ်ချင်းဆုံး ဆန္ဒလေး သိပြစေရှင်...။

အခုသဇင်ကြီးမေးတာဖြေနေတဲ့အချိန်လေ အဆောင်ကိုအမြန်ပြန်ချင်တယ် ခိခိ.....။

ခေါက်ထည့်လိုက်လို့ နာတော့မယ်....။ ချစ်သူမြို့တော်မှာ အခင်ရဆုံး သူငယ်ချင်းတွေ ရှိရင် တိုးတိုးလေး ပြောပြပေးပါလားရှင့်....။

ရှိတယ် ကိုရင်ကျော်၊ မိဝေ ၊ကိုငြိမ်း ၊ ကိုဖြိုး ၊မှော်သခင် ၊အညာသားလေး ၊ apollo
လွမ်းပိုင်ရှင်.. ၊သဇင်ကြီး၊ မမရှင်း ၊မမနှောင်း ၊ မမမှုံ ၊မမရွှေမြို့သူ၊ ချစ်မော် ၊ annn..အများကြီးပါဘဲ ဟီး.....။



သဇင်လေး လေးစားရတဲ့ ဘလော့ဂါတွေလဲ သိပြစေရှင်............။

မမမေသဇင် ၊ကိုကျော် ၊မမnay chi ၊ မ..မ ၊ ကိုနေမင်းခ ၊ အန်တီနိင်းစနေ ၊ မမရှင်းရဲ့ကဗျာတွေးလဲကြိုက်တယ်...။

ချစ်သူမြို့တော်လေးထဲကို ရောက်ရှိလာပုံလေးသိပြစေရှင်............။

သဇင်လေးအစ်ကိုက ဖိတ်လိုက်လို့ပါ............။


ချစ်သူမြို့တော်ရဲ့က အက်မင်တစ်ယောက်အနေနဲ့ ဖြတ်သန်းလာရတဲ့ အတွေ့အကြုံလေးကိုလဲ မျှဝေပေးပါအုံးရှင့်........။

ဟီး ပြောရရင်တော့ရယ်စရာတွေ ရော အဆူခံရတာတွေရော ပီးတော့ လိုက်စရတာတွေရော ကလိလို့ပျက်သွားတာတွေရော အားလုံးခြုံကြည့်ရင် တော်တော်လေးကိုပျော်တယ်...........။




အချစ်အကြောင်းကို သဇင်လေးက ဘယ်လိုနားလည်ထားပါသလဲ...။


သဇင်လေးကိုအချစ်ကပြောတယ် ငရဲမီးလောက်ကတော့သနားတယ်တဲ့ သူစိတ်ဆိုးရင် အနုမြူဗုံးလား နေခဲ့ဦးတဲ့....။



လန်းတယ်ဟေ့..စာသားလေးက...။ ချစ်သူမြို့တော်လေးကို မြင်တဲ့ သဇင်လေးရဲ့ အမြင်လေး သိပြစေရှင်.......။

ကိုယ်သုံးရင်သုံးတတ်သလို ကိုယ့်အတွက်အကျိုးယုတ်မသွားတဲ့ ဆိုဒ်လေးလို့မြင်ပါတယ်ရှင့်



မြို့တော်လေးမှာ လိုအပ်ချက်တွေရှိပါသလား... ထပ်တိုးချဲ့ချင်တဲ့ ဆန္ဒတစ်ချို့ ရှိပါသလား..။

ရှိပါတယ်အများကြီး အခုနောက်ပိုင်းအချိန်မရတော့လို့ပါ......။ တိုးချင်တော့လဲတယောက်ထဲ့ဆန္ဒနဲ့ မပီးဝူးလေ လွှတ်တော်ကိုတင်ရသေးတယ် ဟီး...........။




ဒါက မြို့တော်ရဲ့ စည်းကမ်းလေကွယ်....။ ခုတလော ပျောက်ချက်သားကောင်းနေတဲ့ ချစ်စရာ အက်မင်လေးကို မန်ဘာတွေ လွမ်းနေကြပြီး..ပျောက်ရတဲ့ အကြောင်းရင်ကို မန်ဘာတွေသိအောင် ရင်ဖွင့်ချင်ပါသလားရှင်..........။

သဇင်လေး အခု ပုဂံရောက်နေလို့ပါ ပုဂံက ကျူရှင်တခုမှာ ၁၀တန်းတွေကိုကိုက်ပြနေလို့ပါ သဇင်လေးလဲ သဇင်လေး အင်တာနက်ထိုင်တိုင်လုပ်နေကြအရာတွေကိုသတိရပါတယ်..........။



ဟုတ်ကဲ့ ခုလို အကြံပေး ဖြေကြာပေးသွားတဲ့ ခြင်လေးကို
ချစ်သူမြို့တော် မိသားစုမှ ကျေးဇူးတင်ပါတယ်ရှင် ..........။

ရပါတယ်ရှင့်......။ ခုလို ရင်ထဲက စကားလုံးတွေ ဖွင့်ချခွင့်ရလို့ သဇင်လေးကလဲ မြို့တော် မိသားစုကို ကျေးဇူးတင်ပါတယ်ရှင်.....။




ချစ်သူမြို့ တော်ရဲ့  ဒီတစ်ပတ်အင်တာဗျူး အစီအစဉ် ဒီမှာတွင် ရပ်နားပါရစေရှင်.............။

နောက်တစ်ပတ် အင်တာဗျူးအစီအစဉ်တွင် မည်သူဖြစ်မည်ဆိုတာကို မန်ဘာများ သီးခံ စောင့်မျှော်ပေးကြပါလို့  မေတ္တာ ရပ်ခံပါတယ်ရှင်.............။

မန်ဘာများအနေနှင့် မိမိတို့  ချစ်ခင်လေးစားရသော ဘလော့ဂါများကို နာမည်လေးပေးထားခဲ့ရင် မေ အလျင်းသင့်သလို ဖြည့်ဆည်းပေးပါ့မယ်ရှင်..။

ဘလော့ဂါများအနေနှင့်လဲ မန်ဘာများရဲ့  တောင်းဆိုမှုကို အလေးးထားဖြေကြားပေးရန် မေတ္တာရပ်ခံပါတယ်ရှင်.....။
[ Read More ]

ကောင်းကင်ပေါ်က မျက်ရည်စက်များ

လူတစ်ဦးတွင်သမီးငယ်ကလေးတစ်ယောက်ရှိသည်။တစ်ဦးတည်းသောနှင့်အလွန်ချစ်၇သောသမီးကလေးဖြစ်သည်။သူအသက်ရှင်နေသည်မှာ
သူမအတွက်။သူမသည်သူ၏ဘ၀ဖြစ်၏။သူမဖျားနာပြီးအကောင်ဆုံးသမားတော်များစွာ၏ကုသမှုများစွာခံယူသော်လည်း
အချည်းအနည်းဖြစ်ခဲံ့ရသော်အခါဖခင်သည်သမီးပြန်လည်ကျန်မာစေလိုသောဇောဖြင့်စိတ်သောကရောက်ခဲ့ရသည်။

အစွမ်း ကုန် ကြိုးစားသော်လည်း သမီးလေးခမျာ ဆုံးပါးသွားခဲ့ရရှာလေသည်။ ဖခင်သည်လုံးဝရတတ်မအေးနိင်ရှာပေ။အများသူငါနှင့် ရှောင်ခွင်၍နေလေသည်
သူငယ်ချင်းများနှင့် အတွေ့မခံတော့သည့် အပြင် ပင်ကို အနေအထားသို့ပြန်ရောက်စေမည့် လှုပ်ရှားမှုများကိုလည်း အဟန့်အတားပြုလုပ်ထားတော့သည်။
တညသော် သူသည် အိမ်မက်တခု ကို မြင်မက်လေ သည်။ သူသည် ကောင်းကင်ဘံသို့ရောက်ရှိနေသည်။ချစ်စဖွယ် နတ်မိမယ်ပေါက်စကလေးများ၏
စည်တန်း လှည့် လည်ချင်းကိုကြည့်ရှုလျက်ရှိသည်။
သူတို့သည် ခမ်းနာ ထည်ဝါသော အဖြူရောင်ပုလ္လင်တခုရှေ့တွင် အဆုံးမရှိသော တန်းရှည်ကြီး တခုအနေဖြင့် ဖြည်းညှင်းစွာ ရွှေ့ လျားလျက်ရှိသည်.။ဖြူစင်သောအ၀တ်အစားများဝတ်သည့်နတ်သမီးငယ်တိုင်း ဖယောင်းတိုင်စီကိုင်ဆောင်လျက်၇ှိသည်။ နတ်သမီးငယ်လေး တဦး၏ဖယောင်းတိုင်သည် မှာ မီးထွန်းညှိထားချင်းမရှိသည် ကို သတိပြုမိသည်။ မည်းမှောင်သော ဖယောင်းတိုင် ကိုင်ဆောင်ထားသူမှာ သူအလွန်ချစ်သော သမီးငယ်လေးဖြစ်နေသည် ။စီတန်းလျည့်လည်ခြင်း ခေတ္တရပ်ဆိုင်းသွားစဉ် သူ့သမီးငယ်လေးဆီသို့အပြေးကလေးသွားကာပွေ့ဖတ်လိုက်လေသည်။ ထို့နောက် ပွေ့ဖတ်ကာ “သမီးလေး၇ဲ့ ဖယောင်းတိုင် တတိုင်တည်းငြိမ်းနေတာ ဘာကြောင့်လဲကွယ်” ဟုတ် မေးလိုက်သည်။
“ဖေဖေ..သူတို့ ပြန်ပြန် ထွန်းပေးပါတယ် ဒါပေ့မယ့် ဖေဖေငိုတဲံမျက်ရည်တွေကြောင့် ပြန်ပြန်ငြိမ်းသွားတာပါ”
ထိုစဉ် ဖခင်သည် အိမ် မက်မှနိုးထလာသည်။ သူရရှိဲ့သော သင်ခန်းစာမှာ အလွန်ရှင်းလှပါသည်။ ထိုအချိန်မှစ၍ အိမ်တွင်းပုံးအောင်နေသူမဟုတ်တော့ဘဲ သူငယ်ချင်းဟောင်းများနှင့် လွတ်လွတ်လပ်လပ်၇ယ်ရယ်မောမော် နေထိုင်းသွားတော့သည်။သူ၏အကျိုးမရှိလှသော ကျမျက်ရည်များကြောင့် သူ့သမီးလေး၏ ဖယောင်းတိုငအား ဘယ်တော့အခါမှမငြိမ်းစေတော့ပါ။ ။
သူများတွေဘာသာပြန်တာအားကျ လို့ Tears In Heaven ဘလော့အား ခပေါက်တိဂပေါက်ချာ ဘာသာပြန်ထားသည်
www.thazinlay.wall.fm
[ Read More ]

Facebook ကို G-Mail ထဲက ၀င်သုံးကြမယ်

တော်များများတော့ သိကြပြီးသားဖြစ်ပါလိမ့်မယ်။

အရမ်းအဆင်ပြေတယ်ဆိုတာလည်းသိကြမှာပါ။

မသိသေးတဲ့သူငယ်ချင်းများ အဆင်ပြေစေဖို့ ရည်ညွှန်းပါတယ်ခင်ဗျာ။

(ပြောစရာရှိပြောတာမဟုတ်ဘူး အရစ်ကရှည်နေပြန်ပြီ...:P)

Face book သုံးလေ့ရှိတဲ့ သူငယ်ချင်းများအတွက်ပါ။
_____________________________________________________________

ကျနော်တို့ရဲ့ Face book စာမျက်နှာကို G-mail ထဲမှာ ပေါင်းထည့်ထားပြီး သုံးဖို့လေးပါ။

အဲဒီလိုပေါင်းထည့်လိုက်ပြီဆိုတာနဲ့ ကျနော်တို့တွေ Face book ရှိရာကို မသွားရတော့ပဲ

ကိုယ့်ရဲ့ G-mail ထဲကနေ ကိုယ့် Face book ထဲကို အိမ်မကွာ၊ကြမ်းမကွာ

ရောက်သွားတော့မှာလေ။


ဒီလိုလေး စလုပ်ကြည့်မယ်ဗျာ ...

(၁)မိမိရဲ့ G-mail ကိုဖွင့်ပြီး Setting ကိုနှိပ်ပါ။ ပွင့်လာပြီဆိုရင် Lab ကိုနှိပ်ပါ။



....




(၂) Lab ပွင့်လာပြီးတဲ့နောက်မှာ Add any gadget by URL ဆိုတာလေးကို

Enable ပေးထားပါ။



(၃) နောက်တစ်ဆင့် ...Gadget ကိုနှိပ်ပါ။




(၄) Add ဆိုတဲ့ Box လေးကျလာပြီဆိုရင် အောက်မှာပေးထားတဲ့ Link ကိုကူးထည့်ပြီး

Add နှိပ်ပါ။


http://hosting.gmodules.com/...0329537/facebook.xml




အဲဒါတွေပြီးသွားရင်တော့ ကျနော်တို့ရဲ့ G-mail ကို Reload ပြန်ပေးလိုက်ပါ (သို့)

Keyboard ပေါ်က F5 ကီးကိုနှိပ်ပေးလိုက်ပါ။ အဲဒီအခါမှာ ကျနော်တို့ရဲ့

G-mail Inbox ထဲက

ဘယ်ဘက်အောက်နားလေးမှာ face book Logo လေးတွေ့နေရပါပြီ။



အဲဒီလိုဂိုလေးကိုနှိပ်လိုက်ရင်

Box လေးတစ်ခုကျလာပါလိမ့်မယ်။ Allow ကိုနှိပ်ပေးလိုက်ပါ။





 ဒါဆိုရင်တော့ Face book ထဲကို

Log-in ၀င်လို့ရပါပြီ ။



ကဲ...အခု ကျနော်တို့ရဲ့ G-mail Inbox ထဲကနေ Face book ကိုသုံးလို့ရသွားပါပြီ။




______________________________________________________________________


ဘာရယ်တော့မဟုတ်ဘူးပေါ့ဗျာ ..ဟိုသွားဒီသွား ..ဟိုမွှေ ဒီမွှေ နဲ့ သိလာတာလေးတွေကို

သူငယ်ချင်းတွေကို ပြန်ပြောပြတာပေါ့။ အားလုံးအဆင်ပြေကြပါစေ....
[ Read More ]

Find me on facebook - 95Blogger